Novel:Legend of the Dragon King
Author:Tang Jia San Shao
နဂါးဘုရင်ရဲ့ဒဏ္ဍာရီ
အခန်း(၅၁) ပြိုင်ပွဲဖုန်း!
ဇောင်ဇန်ရှီသည် အနောက်သို့ ဆက်လက်ယိမ်းယိုင်သွားပြီး နောက်ဆုတ်သွားသည်။သူ၏ခန္ဓာကိုယ်ကို တည်ငြိမ်အောင်ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပဲ မြေကြီးပေါ်ထိုင်ချလျှက် ပြုတ်ကျသွားသည်။
သို့သော်လည်း ထန်ဝူလင်းသည် သူ၏ခန္ဓာကိုယ်အပေါ်ပိုင်းမှာ အနည်းငယ်တုန်ခါနေသော်လည်း အရင်ကလို မြေကြီးပေါ်မှာ မားမားမတ်မတ်ရပ်ထားနိုင်သည်။
(ဒါကဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?) ဇောင်ဇန်ရှီက အံ့အောမှင်သက်သွားခဲ့သည်။ထိုနေ့တိုက်ပွဲမှာ သူသတိမထားမိလို့ ရှုံးနိမ့်သွားတယ်ဆိုရင် ဒီနေ့တိုက်ပွဲမှာရော ဘာကြောင့်ရှုံးနိမ့်သွားရတာလဲ? သူ၏သိုင်းဝိညဉ်အပြင် ဝိညဉ်ပညာရပ်(ခွန်အားတိုးမြှင့်ခြင်း)ကိုပါ အသုံးပြုထားတာတောင် ထန်ဝူလင်း၏ခွန်အားကို သူမကျော်လွှားနိုင်ခဲ့ပေ။ထိုခွန်အားက ပြိုင်ဘက်ကင်းပြီး သူ့ကိုမြေကြီးပေါ်မှာ ဖင်ထိုင်လျှက် ပြုတ်ကျသွားစေခဲ့သည်။
(ရပ်!) ဝူဇန်ခုံးက အေးစက်သောအသံဖြင့် အမိန့်ပေးလိုက်ပြီး ဇောင်ဇန်ရှီကို ညွှန်ပြလိုက်သည်။(မင်း၊ ထွက်)
ခွန်အားအမျိုးအစား ဝိညဉ်သခင်တစ်ယောက်ဖြစ်ပြီး သူ၏ပြိုင်ဘက်ကိုခွန်အားချင်းယှဉ်ပြိုင်ရာမှာ ရှုံးနိမ့်မှတော့ ဒီပြိုင်ပွဲက ဆက်ပြိုင်စရာမလိုတော့ပေ။
(မင်းရဲ့သိုင်းဝိညဉ်ကို ဘာကြောင့်အသုံးမပြုတာလဲ?) ဝူဇန်ခုံးက ဇောင်ဇန်ရှီကို စိုက်ကြည့်လိုက်ပြီး မေးလိုက်သည်။
ထန်ဝူလင်းက ပြန်ဖြေလိုက်သည်။(သူက ကျွန်တော်နဲ့ ခွန်အားချင်း ယှဉ်ပြိုင်မယ်လို့ပြောတယ်။)
ဝူဇန်ခုံးရဲ့ အမူအရာက ပိုပြီးအေးစက်လာပြီး (မင်းကို သူက မြက်စားလို့ပြောရင်ရော မင်းစားမှာလား? ဘယ်လိုတိုက်ပွဲမျိုးမဆို အဓိကအရေးကြီးဆုံးက အနိုင်ရဖို့ပဲ။ ခြင်္သေ့တောင် ယုန်ငယ်တစ်ေကာင်ကိုဖမ်းဖို့ သူ၏ခွန်အားအကုန်လံုးကို အသုံးပြုရတယ်။ မင်းရဲ့ရန်သူကို အနိုင်ပေးဖို့ အခွင့်အရေးသေးသေးလေးတောင် မပေးမိစေနဲ့။ မင်းအောင်တယ်။ နောက်ပွဲအတွက် အနားယူနေ။)
YOU ARE READING
Legend of the Dragon King (နဂါးဘုရင်ရဲ့ဒဏ္ဍာရီ)
FantasíaI am only a translator of Tang Jia San Shao's Novel (Legend of the Dragon King)