နဂါးဘုရင်၏ဒဏ္ဍာရီ အခန်း (၁၁)

100 13 0
                                    

Novel:Legend of the Dragon King
Author:Tang Jia San Shao
နဂါးဘုရင်ရဲ့ဒဏ္ဍာရီ
အခန်း(၁၁) အံ့မခန်းပြန်လည်ထူထောင်ခြင်း

(ရှင်ဘာမှ မမေးနဲ့! ရှင်ဘာတွေပဲ ပြောပြော ကျွန်မလင်းလင်းကို မန်ထင်ဆီမှာ ဆက်ပြီး အလုပ်မလုပ်ခိုင်းတော့ဘူး!) လန်ယွဲ့ အပြင်က ကလေးနှစ်ယောက် မကြားမိအောင် ထိန်းချုပ်ရင်း ရှိုက်ကြီးတငင်ဖြင့် ပြောလိုက်သည်။

လန်ယွဲ့၏သဘောထားကို ကြားပြီးနောက် ထန်ဇီရန် ဘာစကားမှ ပြန်မပြောနိုင်ခဲ့ပါဘူး။သူက အခန်းထဲမှာ တိတ်ဆိတ်စွာ မတ်တတ်ရပ်နေခဲ့ပေမဲ့ သူ၏နှလုံးသားထဲမှာတော့ နာကျင်မူ‌ေတွဖြင့် ပြည့်နေခဲ့သည်။

(လေဒဏ် မိုးဒဏ်ကိုမခံဘဲ ဘယ်လိုလုပ် သက်တံကို ရှာတွေ့နိုင်ပါ့မလဲ? ဘယ်သူမှဆန္ဒအတိုင်းလုပ်ရုံနဲ့ မအောင်မြင်နိုင်ပါဘူး။ ဒီမှာယွဲ့ လင်းလင်းက ကိုယ့်သားပါ။ သူအခုလိုမျိုး အလုပ်ကြမ်းတွေလုပ်နေရတာ အဖေဖြစ်သူ အကို့နှလုံးသားမှာလည်း နာကျင်မူတွေ အပြည့်နဲ့ပါ! ဒါပေမဲ့ သူအခုလိုချိန်မှာ ဒါတွေကိုမကြုံတွေ့ဘူးဆိုရင် သူကြီးလာတဲ့အခါ ဒီ့ထက်ပိုတဲ့ အခက်ခဲတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်။)

(ဟိုနေ့က အကိုမန်ထင်ဆီ သွားလည်တဲ့အခါ သူက သားကို လက်ခံဖို့ဆန္ဒမရှိတာ အကိုသဘောပေါက်ခဲ့တယ်။ သူ့မှာပန်းပဲဆရာဆိုတဲ့ မာနရှိတယ်။ သူကလင်းလင်းကို ပန်းပဲပညာ မသင်ပေးချင်ခဲ့ဘူး။ ဒါပေမဲ့ မင်းသိလား? ဒီနေ့ လင်းလင်းက သူ့ဆီက အသိအမှတ်ပြုတာကို ရယူနိုင်ခဲ့တယ်။ ဒါက ငါတို့သားက ဘယ်လောက်ထူးချွန်လဲဆိုတာ မင်းနားလည်ပြီလား? ငါတို့ရဲ့ ဒီသားလေးက အရမ်းကိုအံ့အောဖို့ကောင်းတယ်။)

(ငါအလုပ်ကပြီးလို့ အိမ်ပြန်လမ်းမှာ မန်ထင်က ငါ့ကိုပြောခဲ့တယ်။ သူက ငါ့တို့‌သား‌ေလးက ပံုမှန်မဟုတ်ဘဲ နတ်ဘုရားတွေလို အရည်အချင်းမျိုးရှိတဲ့ ပါရမီရှင်တစ်ယောက်ဆိုတာ ငါ့ကိုပြောပြခဲ့တယ်။ လင်းလင်းမှာ ပုံမှန် ယောက်ျားတစ်ယောက်နဲ့ ယှဉ်ပြိုင်နိုင်သည့် လုံလောက်တဲ့ခွန်အားရှိတယ်။ သူက လင်းလင်းရဲ့ စိတ်ဓာတ်ခိုင်မာမူကို ပိုပြီးချီးကျူးခဲ့တယ်။ ငွေပြာရောင်မြက်သိုင်းဝိညဉ်ကြောင့် သားလေးမှာ အစွမ်းထက်ဝိညဉ်သခင်တစ်ယောက် ဖြစ်လာဖို့ အခွင့်အရေးသိပ်မရှိဘူး။ ဒါပေမဲ့ သားလေးသာ ထူးချွန်တဲ့ ပန်းပဲပညာရှင်တစ်ယောက် ဖြစ်လာခဲ့ရင် သူ့ရဲ့ကျန်ရှိတဲ့ ဘဝတစ်လျှောက်လုံး နေဖို့၊ထိုင်ဖို့၊ဝတ်ဖို့၊စားဖို့ ပူစရာမလိုတော့ဘူးပေါ့။ သားလေးက မပျော့ညံ့ပါဘူးကွာ။ ငါတို့လည်း ထူးချွန်တဲ့သားတစ်ယောက်ရဲ့ မိဘတွေ ဖြစ်မှတော့ ပျော့ညံ့လို့ဘယ်ရမလဲ။ ငါတို့ကသူ့ကို နောက်ကနေ ပံ့ပိုးပေးရမယ်၊ တွန်းအားပေးရမယ်။ မန်ထင်လို ကြယ်ခြောက်ပွင့်ပန်းပဲပညာရှင်က သူ့တပည့်ကို ဆရာစားမချန် သင်ပေးလိမ့်မယ်လို ငါယုံကြည်တယ်။ သူငါ့တို့သားလေးကို ထိခိုက်နစ်နာအောင်တော့ လုပ်မှာမဟုတ်ပါဘူး။)

Legend of the Dragon King (နဂါးဘုရင်ရဲ့ဒဏ္ဍာရီ)Where stories live. Discover now