Novel:Legend of the Dragon King
Author:Tang Jia San Shao
နဂါးဘုရင်ရဲ့ဒဏ္ဍာရီ
အခန်း(၂၁) ဝိညဉ်ခွန်အားအဆင့်ဆယ့်တစ်မြက်မြွေလေး၏ ခန္ဓာကိုယ်ပေါ်တွင်လည်းတူညီသော ပြောင်းလဲမှုများ ဖြစ်ပေါ်ေနသည်။မြက်မြွေလေး၏ မြေသားေရာင်ကနေ တဖြည်းဖြည်းချင်း အဝါရောင်အဖြစ် ပြောင်းလဲသွားသည်။သူ၏အကြေးခွံပေါ်တွင် ထူးခြားသော အလင်းရောင်များ အနည်းငယ် ထင်ရှားပေါ်လွင်နေသည်။ရွှေရောင်အစင်းကြောင်းများသည် သူ၏အမြှီးမှစတင်ပြီး သူ၏ခန္ဓာကိုယ်ပေါ်အထိ ကျယ်ပြန့်လာကာ သူ၏ဉီးခေါင်းပေါ်ရှိ အမှတ်တစ်ခုပေါ်တွင် စုစည်းသွားသည်။မြက်မြွေလေး၏ အလျားသည် ယခင်ကရှစ်စင်တီမီတာမှ အခုတစ်စင်တီမီတာ ပိုရှည်လာသည်။အကြေးခွံ သေးေသးလေးတွေကလည်း ရွှေရောင်အဖြစ် ပြောင်းလဲထွက်ပေါ်လာသည်။
မြက်မြွေေလး၏မှုန်မှုန်ဝါးဝါး အကြည့်များက ပျောက်ကွယ်သွားပြီး ကြည်လင်မှုများ အစားထိုးဝင်ရောက်လာသည်။
ပူတယ်။ အား။ အရမ်းပူတယ်!
ထန်ဝူလင်း သူ့ခန္ဓာကိုယ်ထဲမှာ ဘာတွေဖြစ်နေလဲဆိုတာ သူနားမလည်ခဲ့ပါဘူး။ယခုအချိန်တွင် သူ့ခန္ဓာကိုယ်က မီးပြင်းဖိုထဲမှာ လောင်မြိုက်ခံနေရသလိုမျိုး ပြင်းထန်သည့်အပူဒဏ်မှ မခံမရပ်နိုင်သော နာကျင်မှုကိုသာ သူခံစားနေရသည်။
အချိန်အနည်းငယ်အကြာမှာ သူ့ကိုယ်ထဲက အပူဒဏ်သည် တဖြည်းဖြည်းချင်း လျော့ပါးသွားခဲ့သည်။သို့သော်လည်း ထုံကျင်မှုသည် သူ့ခြေလက်နှစ်ဖက်နှင့် ရာပေါင်းများစွာသော အရိုးများဆီသို့ စိမ့်ဝင့်ပျံ့နှံ့လာသည်။မရေမတွက်နိုင်သော အင်းစက်ပိုးမွှားများက သူ့ခန္ဓာကိုယ်ထဲ တွားသွားနေသလိုမျိုး သူခံစားနေရသည်။ထန်ဝူလင်းသည် အရမ်းနာကျင်လွန်းတာကြောင့် အော်ဟစ်ချင်ပါသော်လည်း အသံတစ်သံမှ ထွက်မလာခဲ့ပေ။ဒီနာကျင်မှုက သူအရင်ကခံစားခဲ့ရတဲ့ အပူဒဏ်ထက် အဆပေါင်းတစ်ရာ ပိုပြီးနာကျင်ေစသည်။
သူ့ကိုနှပ်စက်နေသော နာကျင်မှုသည် သေလောက်အောင် ပြင်းထန်နေသော်လည်း သူ၏စိတ်သည် ပုံမှန်မဟုတ်ဘဲ ကြည်လင်နေသည်။သူ့တစ်ကိုယ်လုံးရှိ ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုချင်းစီတိုင်း၏ နာကျင်မှုကို သူရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။
အခုချိန်တွင် စိတ်ဝိညဉ်ဆရာသခင်သာ ထန်ဝူလင်း၏ စိတ်ဝိညဉ်စွမ်းအားကို ပြန်လည်စမ်းသပ်ခဲ့မယ်ဆိုရင် သူ၏စိတ်ဝိညဉ်စွမ်းအားသည် နှိပ်စက်ညှဉ်းပန်းမှုအောက်မှာ ဆက်လက်မြင့်တတ်နေသည်ကို အံ့ဩဖွယ်ကောင်းစွာ တွေ့မြင်ရလိမ့်မည်။
YOU ARE READING
Legend of the Dragon King (နဂါးဘုရင်ရဲ့ဒဏ္ဍာရီ)
FantasiaI am only a translator of Tang Jia San Shao's Novel (Legend of the Dragon King)