Novel:Legend of the Dragon King
Author:Tang Jia San Shao
နဂါးဘုရင်ရဲ့ဒဏ္ဍာရီ
အခန်း(၄၈) ရွှေရောင်အကြေးခွံများအလင်းရောင်နဂါးဓားမြှောင်သည် ထန်ဝူလင်း၏ ပခုံးထဲသို့ထိုးဝင်သွားသည်။ရှဲရှဲသည် သူ၏ခွန်းအားအကုန်လံုးကို အသုံးပြုခဲ့ရင် ထန်ဝူလင်း၏လက်မောင်းတစ်ဖက်လုံး ပြတ်ထွက်သွားနိုင်တာကြောင့် သူ၏ခွန်အားကို ထိန်းသိမ်းထားခဲ့သည်။သူတို့နှစ်ယောက်ကြားမှာ ကြီးမားသည့်ရန်ငြိုးရန်စများလည်းမရှိပေ။ဒါကြောင့် သူ့ကိုသင်ခန်းစာေလး အနည်းငယ်ပေးရုံနဲ့လုံလောက်သည်။
သို့သော်လည်း ထိတ်လန့်စရာအကောင်းဆုံးအရာမှာ ထန်ဝူလင်း၏ပခုံးသည် အလွန်မာကျောနေပြီး သူ၏အလင်းရောင်နဂါးဓားမြှောင်က တစ်လက်မခန့်သာ နစ်ဝင်သွားခဲ့သည်။သူ၏ခွန်အားကို ထိန်းသိမ်းထားသော်လည်း ရလဒ်ကထိန့်လန့်စရာ ကောင်းနေတုန်းပါပဲ။
နာကျင်မှုနဲ့အတူ သွေးများစီးကျလာသည်။၎င်းက ထန်ဝူလင်းသည် သူ၏ငွေပြာရောင်မြက်ပင်ထိန်းချုပ်နိုင်စွမ်းကို ဆုံးရှုံးသွားစေခဲ့သည်။ငွေပြာရောင်မြက်ပင်များက မြေပြင်ပေါ်တွင် တောင့်တောင့်ကြီး ရပ်နေသည်။
အလင်းရောင်နဂါးဓားမြှောင်က သူ၏ပခုံးထဲသို့ စိုက်ဝင်လာသောအခါ ထန်ဝူလင်းသည် အနည်းငယ် နောက်သို့ယိမ်းယိုင်သွားပြီးနောက် ပြန်ပြီးမတ်တပ်ရပ်နိုင်ခဲ့သည်။သူက ရှဲရှဲကို ထိုးဖို့ပြင်လိုက်ပေမဲ့ ရှဲရှဲက ရုတ်တရက် ပျောက်ကွယ်သွားပြီး သူ၏အနောက်တွင်ပြန်ပေါ်လာသည်။သူက ဓားမြှောင်ကိုဆွဲလှည့်လိုက်တာကြောင့် နာကျင်မှုက သူ့တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။အထူးသဖြင့် အလင်းရောင်နဂါးဓားမြှောင်ဖြင့် ထိုးစိုက်ထားသောနေရာမှ စွမ်းရည်တစ်မျိုးက ထွက်ပေါ်လာပြီး သူ၏ဝိညဉ်ခွန်အားကို ဖိနှိပ်ထားသည်။
(အရှုံးကိုဝန်ခံလိုက်!) အရင်နေ့က ထန်ဝူလင်း၏လက်သီးချက်ကြောင့် ရှုံးနိမ့်သွားခဲ့ပေမဲ့ အခုတော့ သူ၏လေသံထဲတွင် ဂုဏ်ယူမှုများဖြင့် ပြည့်နေသည်။
ထန်ဝူလင်းက အံကိုကြိတ်လိုက်သည်။သူ၏ခိုင်မာသောနှလုံးသားက အရှုံးကိုလက်ခံဖို့ ခွင့်မပြုသေးပါဘူး။
YOU ARE READING
Legend of the Dragon King (နဂါးဘုရင်ရဲ့ဒဏ္ဍာရီ)
FantasyI am only a translator of Tang Jia San Shao's Novel (Legend of the Dragon King)