Novel:Legend of the Dragon King
Author:Tang Jia San Shao
နဂါးဘုရင်ရဲ့ဒဏ္ဍာရီ
အခန်း(၃၂) ငွေဖြူရောင်သိုလှောင်ကွင်းများမန်ထင်ကပြောလိုက်သည်။(ဒီသိုလှောင်ကွင်းတွေကို ငါမနေ့ကလုပ်ထားတာ။ ဒီသိုလှောင်ကွင်းနှစ်ခုလုံးမှာ အကျယ်အဝန်း တစ်ကုဗမီတာရဲ့ ရှစ်ပုံတစ်ပုံရှိတယ်။ ဒါတွေက မင်းအသုံးပြုဖို့ သင့်တော်တယ်။)
ထန်ဝူလင်းက အထိတ်တလန့်ဖြစ်သွားပြီး မန်ထင်ကို ကြည့်လိုက်သည်။သူကအခြေခံသင်တန်းကျောင်းမှာ သုံးနှစ်ပညာသင်ကြားထားတာကြောင့် မန်ထင်ပြောတဲ့အရာတွေကို သူကောင်းကောင်း နားလည်သည်။(ဆရာ၊ ဒါတွေက သိုလှောင်ေရးဝိညဉ်ပစ္စည်းတွေလား? ဆရာ၊ သားဒါကိုယူလို့မဖြစ်ဘူး။ ဒါတွေက အရမ်းတန်ဖိုးကြီးလွန်းတယ်။)
မန်ထင်က ပြောလိုက်သည်။(ဒါတွေက သိုလှောင်ရေးဝိညဉ်ပစ္စည်းတွေထဲမှာ အဆင့်အနိမ့်ဆုံးပဲ။ ဒီသိုလှောင်ကွင်းတွေထဲမှာ ဝိညဉ်ခွန်အားသိုလှောင်နိုင်စွမ်းေတာင် မရှိဘူး။ ဒါကြောင့် ဝိညဉ်သခင်ေတွသာ သူတို့ရဲ့ကိုယ်ပိုင်ဝိညဉ်ခွန်အားကို သိုလှောင်ကွင်းထဲထည့်မှသာ အသုံးပြုနိုင်တယ်။ ဒါတွေက တန်ဖိုးသိပ်မရှိပါဘူး။ မင်းကငါ့ဆီမှာ လစာနည်းနည်းနဲ့ အလုပ်အကြာကြီးလုပ်ခဲ့တာပဲ။ ဒါကိုမင်းအတွက် ဘောက်စူးပေးတယ်လို့သာ မှတ်ထားလိုက်။)
ထန်ဝူလင်းက စကားအထစ်အထစ်ဖြင့် ပြန်ပြောလိုက်သည်။(ဒါပေမဲ့ ဆရာ့ဆီကနေ ငွေဖြူရောင် သတ္တုတူတစ်စုံကို သားရထားပြီးပြီလေ။) ဒါတွေက တကယ့်ဝိညဉ်သိုလှောင်ရေး ပစ္စည်းတွေဖြစ်သည်။သူဘယ်တုန်းကမှ ဝိညဉ်သိုလှောင်ရေးပစ္စည်းတစ်ခုကို ပိုင်ဆိုင်ဖို့ မတွေးခဲ့ဖူးပါဘူး။အခုတော့ သူ့ရှေ့မှာ ဝိညဉ်သိုလှောင်ရေးပစ္စည်းနှစ်ခုတောင် ရှိနေသည်။သူ့ဆရာက သူ့ကို ငွေဖြူရောင် သတ္တုတူတစ်စုံကို လက်ဆောင်အဖြစ် ပေးပြီးပြီ။သူက ဘယ်လိုလုပ်ပြီး နောက်ထပ်ယူနိုင်တော့မှာလဲ? သူ့ဆရာဆီကနေ သူအများကြီး ရရှိထားပြီးပါပြီ။
မန်ထင်က စကားအများကြီး ပြောမနေတော့ဘဲ ထန်ဝူလင်း၏လက်ကို ဆွဲထုတ်လိုက်ပြီး အလွယ်တကူ ဝတ်ပေးလိုက်သည်။သိုလှောင်ကွင်းတွေက ထန်ဝူလင်း၏ လက်ကောက်ဝတ် အရွယ်အစားနဲ့ လုံးဝကိုက်ညီအောင် ချိန်ညှိထားပြီးသားဖြစ်သည်။
မန်ထင်က နောက်ထပ်လက်တစ်ဖက်ကိုပါ တစ်ခါတည်း ဝတ်ပေးလိုက်သည်။
YOU ARE READING
Legend of the Dragon King (နဂါးဘုရင်ရဲ့ဒဏ္ဍာရီ)
FantasyI am only a translator of Tang Jia San Shao's Novel (Legend of the Dragon King)