Novel:Legend of the Dragon King
Author:Tang Jia San Shao
နဂါးဘုရင်ရဲ့ဒဏ္ဍာရီ
အခန်း(၂၃) ပုံစံေပြာင်းသိုင်းဝိညာဉ်ငွေပြာရောင်မြက်ပင်လေးသည် အပြာရောင်မှိတ်တုတ်မှိတ်တုတ်ဖြင့် လင်းလက်လာပြီး သူ၏ရွက်ကြောထဲတွင် ခပ်မှိန်မှိန်ရွှေရောင်အလင်းတစ်ခုကို ထုတ်လွှတ်နေသည်။မန်ထင်က အားဖြင့်ဆက်ပြီးဆွဲယူနေသော်လည်း မြက်ပင်လေးက ပြတ်ထွက်မသွားပေ။
သို့သော်လည်း ထန်ဝူလင်းသည် သူ၏ဝိညဉ်ခွန်အားများ ရုတ်တရက် အလျှင်အမြန် ကျဆင်းသွားသည်ကို ခံစားလိုက်ရသည်။
(အား!) သူ အော်ဟစ်လိုက်သည်။
မန်ထင်က အံ့အောသွားသော အမူအရာဖြင့် သူ့ကိုကြည့်လိုက်သည်။(မင်း တစ်ခုခုကို ခံစားမိလား?)
ထန်ဝူလင်းက အမှန်တိုင်း ပြောလိုက်သည်။(သားရဲ့ ဝိညဉ်ခွန်အားတွေ ကုန်သွားပြီထင်တယ်။)
မန်ထင်က စိတ်ရှုပ်ထွေးသော အမူအရာဖြင့် သူ့တပည့်ကိုကြည့်လိုက်သည်။သူက ငွေပြာရောင်မြက်ကို ဆက်ပြီးမဆွဲယူတော့ပါဘူး။အဲ့ဒီအစား သူ၏သိုင်းဝိညဉ်နှင့် နတ်ဝိညဉ်များကို ပြန်သိမ်းယူလိုက်ပြီး လက်ထဲက မြက်ပင်လေးကို လွှတ်ချလိုက်သည်။
ထန်ဇီရန်က စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။(အကိုကြီးမန် သားအခြေအနေက ဘယ်လိုလဲ?)
မန်ထင်ကပြုံးလိုက်ပြီး (ကောင်းကင်ဘုံက ဒီကလေးကို ပစ်မထားဘူးပဲ။ သူ့ရဲ့သိုင်းဝိညဉ်က ပုံစံပြောင်းသိုင်းဝိညဉ်ဆိုတာ သေချာတယ်။ ဒါ့အပြင် ကောင်းတဲ့ပုံစံပြောင်းသိုင်းဝိညဉ် အမျိုးအစားပဲ။)
ပုံစံပြောင်းလား? ထန်ဝူလင်း ဒီဝေါဟာရကို ကြားလိုက်ရတဲ့အခါမှာ ပုံစံပြောင်းသိုင်းဝိညဉ်နှင့် ပတ်သက်ပြီး ဘာမှမလေ့လာဖူးတာကြောင့် တွေေဝသွားသည်။
မန်ထင်က ပြန်ဖြေလိုက်သည်။(ထူးခြားတဲ့အခြေအနေမျိုးအောက်မှာ သိုင်းဝိညဉ်က အပြောင်းအလဲတွေ ဖြစ်ပေါ်လာနိုင်တယ်။ ဉပမာ- အလွန်လိုက်ဖက်ညီသော နတ်ဝိညဉ် သို့မဟုတ် ဝိညဉ်ကွင်းနဲ့ပေါင်းစပ်ခြင်း၊ လုံးဝမလိုက်ဖက်သော နတ်ဝိညဉ် သို့မဟုတ် ဝိညဉ်ကွင်းနဲ့ ပေါင်းစပ်ခြင်း၊ ပြီးတော့ ပြင်ပအခြေအနေတစ်ရပ်ကြောင့် နှိုးထလာခြင်း စသည့်အကြောင်းရင်းတွေက ပုံစံပြောင်းသိုင်းဝိညဉ် ဖြစ်ပေါ်လာဖို့ လိုအပ်တဲ့ အခြေအနေတွေကို ဖန်တီးပေးနိုင်တယ်။ ဒါမှမဟုတ် တစ်စုံတစ်ယောက်သည် မွေးလာကတည်းက ပုံစံပြောင်းသိုင်းဝိညဉ်နှင့်အတူ တစ်ခါတည်းပါလာခြင်း သို့မဟုတ် သိုင်းဝိညဉ်နိုးထနေစဉ်မှာပဲ ပြောင်းလဲသွားတာမျိုးလည်း ဖြစ်နိုင်တယ်။)
YOU ARE READING
Legend of the Dragon King (နဂါးဘုရင်ရဲ့ဒဏ္ဍာရီ)
FantasíaI am only a translator of Tang Jia San Shao's Novel (Legend of the Dragon King)