Novel:Legend of the Dragon King
Author:Tang Jia San Shao
နဂါးဘုရင်ရဲ့ဒဏ္ဍာရီ
အခန်း(၅၉) အလုပ်လက်ခံခြင်းမူရှီ၏ ရန်လိုနေသော အကြည့်များကို မြင်တွေရသည့်အခါ ထန်ဝူလင်းသည် သူမ၏တောင်းဆိုချက်ကို ငြင်းပယ်ရန် မနှောင့်နှေးခဲ့ပေ။(ငါမပြိုင်ချင်ဘူး။)
သူက မူချန်ကို ပြန်လှည့်ကြည့်လိုက်ပြီး (ဦးလေး ဥက္ကဋ္ဌ၊ အစည်းအရုံးကနေ အလုပ်တွေကိုလက်ခံဖို့ ငါဘယ်ကိုသွားရမလဲ?)
မူရှီက ထန်ဝူလင်းကို ပြန်ပြောဖို့ပြင်နေချိန်မှာပဲ သူမအဖေ၏ သတိပေးသောအကြည့်တွေကြောင့် သူမပါးစပ်မှ ဘာစကားမှထွက်မလာခဲ့ပေ။
မူချန်က သူ့သမီးကို စူးစိုက်ကြည့်လိုက်ပြီးနောက် ထန်ဝူလင်းဘက်သို့ လှည့်လိုက်ပြီး ပြုံးပြလိုက်သည်။(အကိုကန်က မင်းကိုခေါ်သွားပေးလိမ့်မယ်။ မင်းက စမ်းသပ်မှုကို အောင်အောင်မြင်မြင် ဖြေဆိုနိုင်ခဲ့တာကြောင့် အခုချိန်ကစပြီး ငါတို့ပန်းပဲပညာအစည်းအရုံးရဲ့ မိသားစုဝင်တစ်ယောက်ဖြစ်သွားပြီ။ အကယ်၍ အနာဂတ်မှာ အခက်အခဲတစ်စုံတစ်ရာတွေ့ရင် အစည်းအရုံးကို အကူအညီတောင်းလို့ရတယ်။ ငါတို့ပန်းပဲပညာအစည်းအရုံးက အသန်မာဆုံး အဖွဲ့အစည်းမဟုတ်ပေမဲ့ စည်းလုံးမှုအရှိဆုံးဆိုတာတော့ အသေချာပဲ။)
(စည်းလုံးမှု) ဆိုတဲ့စကားလုံးကို သူပြောတဲ့အခါမှာ သူ့သမီးကို စူးစိုက်ပြီး ကြည့်လိုက်သည်။မူရှီက မကျေနပ်သော အမူအရာဖြင့် သူမ၏ခေါင်းကိုငုံ့လိုက်ပြီး နှုတ်ခမ်းစူလိုက်သည်။
(ကောင်းပြီ။ ဒါဆို ငါ့နောက်လိုက်ခဲ့။) ကန်ယွဲ့က ပြုံလိုက်ပြီး ဝင်ပြောလိုက်သည်။
ကန်ယွဲ့နှင့်အတူထွက်ခွာသွားသော ထန်ဝူလင်းကို ကြည့်နေရင်း မူရှီက သူမရင်ထဲမှာ ဖြစ်ပေါ်နေတဲ့ မေးခွန်းတစ်ခုကို သူမအဖေကို မမေးဘဲမနိုင်ခဲ့ပါဘူး။(အဖေ၊ သမီးကို ဘာလို့ သူနဲ့မယှဉ်ပြိုင်ခိုင်းရတာလဲ?)
မူချန်၏ မျက်နှာက မည်းမှောင်သွားပြီး ပြန်ပြောလိုက်သည်။(ဘာလို့ ဒီလောက်တောင် ရဲတင်းလွန်းရတာလဲ။ ဒီနေရာကို ဘာလို့ ထင်နေလို့လဲ? ဒီနေရာက ပန်းပဲပညာရှင်အစည်းအရုံးပဲ! ပန်းပဲပညာရှင်အစည်းအရုံးရဲ့ အဖွဲ့ဝင်တစ်ယောက်အနေနဲ့၊ အထူးသဖြင့် ငါ့သမီးအနေနဲ့ မင်းရဲ့စကားလုံးတိုင်းက အဖွဲ့အစည်းကို ကိုယ်စားပြုတယ်။ ဒီကလေးက အခုမှ ငါတို့အဖွဲ့အစည်းကို ဝင်လာတာ မဟုတ်ဘူးလား? မင်းက သူ့ကိုဘာလို့ ကြောက်လန့်အောင် လုပ်နေရတာလဲ? မင်းတို့တစ်ယောက်နဲ့တစ်ယောက် ရင်နှီးကျွမ်းဝင်လာတဲ့အခါမှ သူနဲ့ယှဉ်ပြိုင်သင့်တယ်။ အဲ့အချိန်ကျရင် မင်းကသူနဲ့ယှဉ်ပြိုင်ချင်သေးတယ်ဆိုရင် ငါမတားဘူး။ ဒါပေမယ့် ဒီလိုပြိုင်ပွဲမျိုးကို သီးသန့်ကျင်းပသင့်တယ်။ သူကမင်းရဲ့ဂျူနီယာတစ်ယောက် မဟုတ်ဘူးလား? မင်းကသူ့ကို အသေချာ လေ့လာအကဲခတ်သင့်တယ်။)
YOU ARE READING
Legend of the Dragon King (နဂါးဘုရင်ရဲ့ဒဏ္ဍာရီ)
خيال (فانتازيا)I am only a translator of Tang Jia San Shao's Novel (Legend of the Dragon King)