Novel:Legend of the Dragon King
Author:Tang Jia San Shao
နဂါးဘုရင်ရဲ့ဒဏ္ဍာရီ
အခန်း(၅၂) စဉ်ဆက်မပြတ်နိုင်ပွဲလီချူးရွှေသည် ကိုးနှစ်အရွယ်သာ ရှိသေးသည် မိန်းကလေးတစ်ယောက် ဖြစ်တာကြောင့် တိုက်ပွဲအတွေ့အကြုံမှာ သိပ်မရှိသေးပေ။ထန်ဝူလင်း မျှော်လင့်ထားသလိုပဲ လီချူးရွှေသည် သူ၏အားနည်းချက်များကို ရှာဖွေဖို့ လျှင်လျှင်မြန်မြန်လှုပ်ရှားရာမှ သူမ၏အဆင့်(၁၁)ဝိညဉ်ခွန်အားများမှာ တဖြည်းဖြည်းကုန်ဆုံးလာခဲ့သည်။
သူမက ထပ်ပြီးမစောင့်နိုင်တော့ပေ။ဝိညဉ်ပညာရပ်ကို ဆက်ပြီးအသုံးပြုဖို့ သူမ၏ဝိညဉ်ခွန်အားမှာ သိပ်ပြီးမကျန်တော့ပေ။
လီချူးရွှေက သူမ၏သွားတွေကို အံကြိတ်လိုက်ပြီး အရှိန်ကိုမြှင့်တင်လိုက်ရာ ရုတ်တရက် ပျောက်ကွယ်သွားပြီး ထန်ဝူလင်း၏အနောက်တွင် ပြန်ပေါ်လာခဲ့သည်။တစ်ချိန်တည်းမှပဲ အဖြူရောင်ဝိညဉ်ကွင်းတစ်ခုက သူမ၏ခန္ဓာကိုယ်ပေါ်တွင် တောက်ပလာခဲ့သည်။သူမ၏ရှည်လျားသော လက်သည်းတွေကို ဝှေ့ယမ်းလိုက်ရာ အဖြူရောင်ဓားသွား အလင်းတန်းနှစ်ခုက သူမ၏ရှေ့သို့ ပြေးထွက်သွားသည်။
ထန်ဝူလင်းက သူမလောက် မလျှင်မြန်ခဲ့ပေ။သို့သော်လည်း သူ၏လှုပ်ရှားမှုက လမ်းကြောင်းပြောင်းရုံသာဖြစ်ပြီး အလွန်ရိုးရင်းသည်။သူ၏ငွေပြာရောင်မြက်ပင်များကို လျှင်လျှင်မြန်မြန် စုစည်းလိုက်ပြီး ပိုပြီးရှုပ်ထွေးသွားေအာင်ပြုလုပ်လိုက်သည်။
အဖြူရောင်အလင်းတန်းနှစ်ခုက ထန်ဝူလင်း၏ငွေပြာရောင်မြက်ကို လျှင်မြန်စွာ ပိုင်းဖြတ်သွားခဲ့သည်။သို့သော်လည်း ငွေပြာရောင်မြက်က မျှော်လင့်ထားသလိုမျိုး ပြတ်တောက်မသွားခဲ့ပေ။ထို့နောက်အဖြူရောင် အလင်းတန်းနှစ်ခုမှာ ညင်သာစွာ ပျောက်ကွယ်သွားသလို လီချူးရွှေမှာ ထန်ဝူလင်း၏ ငွေပြာရောင်ပင့်ကူအိမ်ထဲသို ကျရောက်သွားခဲ့သည်။
ရှည်လျားသော အပြာရောင်မြက်ဓားတွေနဲ့ သေးသွယ်တဲ့ စပျစ်နွယ်လေးများက သူမ၏ခန္ဓာကိုယ် သေးသေးလေးကို ချုပ်နှောင်ထားလိုက်သည်။ထန်ဝူလင်းက သူ၏ညာဘက်လက်သီးကို ဆန့်ထုတ်လိုက်ပြီး သူ့ရှေ့မှာချုပ်နှောင်ခံထားရသော လီချူးရွှေဆီသို့ ပို့လွှတ်လိုက်သည်။သို့သော် ထန်ဝူလင်းသည် သူ၏လက်သီးကို သူမ၏မျက်နှာနှင့်မထိခင် အနည်းငယ်အလိုမှာ ရပ်တန့်လိုက်သည်။
YOU ARE READING
Legend of the Dragon King (နဂါးဘုရင်ရဲ့ဒဏ္ဍာရီ)
FantasyI am only a translator of Tang Jia San Shao's Novel (Legend of the Dragon King)