Novel:Legend of the Dragon King
Author:Tang Jia San Shao
နဂါးဘုရင်ရဲ့ဒဏ္ဍာရီ
အခန်း(၁၇) စိတ်ဝိညာဉ်စွမ်းအားစမ်းသပ်မှုစိတ်ဝိညဉ်ဆရာသခင်က သူ့ကိုတစ်ချက်ကြည့်လိုက်ပြီး (ငွေဒင်္ဂါးသံုးေသာင်းဆိုတာ ကျပန်းနတ်ဝိညဉ်တစ်ခုအတွက် ဈေးနှုန်းပဲ။ မင်းက အဖြူရောင်နတ်ဝိညဉ်ကိုရနိုင်သလို အဝါရောင်နတ်ဝိညဉ်ကိုလည်း ရနိုင်တယ်။ ဒါပေမဲ့ မင်းရရှိမဲ့နတ်ဝိညဉ်က ကျပန်းပဲ။ ရလာတဲ့နတ်ဝိညဉ်ကလည်း မင်းရဲ့သိုင်းဝိညဉ်နဲ့ မသင့်တော်ဖို့က ရာခိုင်နှုန်းပိုများတယ်။ ငွေကိုချွေတာပြီး ကံကိုအလောင်းအစားလုပ်ချင်တဲ့ လူတစ်ချို့က ဒီအမျိုးအစားကို ရွေးချယ်ကြတယ်။ ငါကတော့ မင်းကို အဖြူရောင်နတ်ဝိညဉ်ဝယ်ဖို့ အကြံပေးချင်တယ်။ ဒါကမင်းအတွက် ပိုပြီးအထောက်အကူ ဖြစ်လာလိမ့်မယ်။)
စိတ်ဝိညဉ်ဆရာသခင်က သူတို့သားအဖနှစ်ယောက်၏ အသံအနေအထားအရ သူတို့က နှစ်တစ်ရာ အဝါရောင်နတ်ဝိညဉ်ကို ဝယ်ယူနိုင်တဲ့ လူတွေမဟုတ်ကြောင်း ကောင်းကောင်းနားလည်သည်။
ထန်ဝူလင်းက သူ့အဖေကို တစ်ချက်ကြည့်လိုက်သည်။မူလက သူ၏စိတ်လှုပ်ရှားမှုများမှာ လုံးဝပျောက်ကွယ်သွားပြီ ဖြစ်သည်။
ထန်ဇီရန်က သူ့သားကို ငုံ့ကြည့်လိုက်သည်။တစ်ချိန်တည်းမှာပဲ သူ၏နှလုံးသားထဲတွင် ခံစားချက်အမျိုးမျိုး ရောယှက်နေပေမဲ့ အခုချိန်မှာ သူ့သားကို ဘယ်လိုအကြံပေးရမလဲ သူမသိခဲ့ပါဘူး။
(သား ကျပန်းနတ်ဝိညဉ်ပဲ အဖေတို့ ရွေးကြတာပေါ့။ သားရဲ့သိုင်းဝိညဉ်က လိုက်လျောညီထွေမှုအရမ်းမြင့်မားတာကြောင့် နတ်ဝိညဉ်အများစုနှင့် ပေါင်းစပ်နိုင်မှာပါ။)
ထန်ဝူလင်း၏ သိုင်းဝိညဉ်သည် ငွေပြာရောင်မြက်လို အမှိုက်သိုင်းဝိညဉ်သာ မဟုတ်ခဲ့ရင် အန္တရာယ်များတဲ့ ဒီလမ်းကိုသူရွေးခဲ့မှာ မဟုတ်ပါဘူး။
ငွေပြာရောင်မြက်သိုင်းဝိညဉ်သည် အမှန်တကယ် တိုးတတ်ရန် နေရာအများကြီးမရှိပေ။ဒါကြောင့် ဝိညဉ်ခွန်အား အဆင့်တစ်ဆယ်အထိ ကျင့်ကြံနိုင်ခဲ့တာကိုက အံ့အောဖို့ကောင်းနေပြီ။
YOU ARE READING
Legend of the Dragon King (နဂါးဘုရင်ရဲ့ဒဏ္ဍာရီ)
FantasyI am only a translator of Tang Jia San Shao's Novel (Legend of the Dragon King)