Novel:Legend of the Dragon King
Author:Tang Jia San Shao
နဂါးဘုရင်ရဲ့ဒဏ္ဍာရီ
အခန်း(၅၇) မူရှီ၏စိတ်ဓာတ်ကျမှုထန်ဝူလင်းက ညင်သာသော သက်ပြင်းတစ်ချက်ကို ချလိုက်ပြီး ပြန်ပြောလိုက်သည်။(မင်းရဲ့ပါးေပါ်က အနာက ပြန်သက်သာသွားပြီလား?)
ရှဲရှဲ၏မျက်နှာပေါ်တွင် မာနကြီးသော အရိပ်အယောင်များထွက်ပေါ်လာပြီး သူ၏လက်သီးကို တင်းကျပ်စွာ ဆုပ်ကိုင်ပြလိုက်ကာ သူ၏တုံ့ပြန်မှုကို ဖော်ပြလိုက်သည်။
ထန်ဝူလင်းက သူ့ပခုံးကိုပုတ်လိုက်ပြီး ပြောလိုက်သည်။(ငါဒီည လုပ်စရာကိစ္စလေးတွေ ရှိသေးတယ်။ မနက်ဖြန်ညဆိုရင်ရော ဘယ်လိုလဲ? ငါမင်းနဲ့နောက်တစ်ကြိမ် တိုက်ခိုက်ချင်သေးတယ်။)
ရှဲရှဲနဲ့ တိုက်ပွဲအနည်းငယ် တိုက်ခိုက်ပြီးသည့်နောက် ထန်ဝူလင်းက တိုက်ပွဲတွေနဲ့ရင်ဆိုင်ရဖို့ စိတ်မရှည်တော့ပါဘူး။ထိုတိုက်ပွဲအနည်းငယ်အတွင်းမှာ သူ့ရဲ့တိုက်ခိုက်ရေးစွမ်းရည်က အများကြီးတိုးတတ်လာခဲ့သည်။ရှဲရှဲဆီကဖိအားတွေက သူ့အပေါ်သက်ရောက်မှု မရှိတော့ပါဘူး။
မနက်ခင်းအတန်းချိန်မှာ ပုံမှန်ထက် စောစောပြီးသွားတာကြောင့် ထန်ဝူလင်းက အဆောင်ကို အရင်မပြန်ခဲ့ပါဘူး။အဲ့ဒီအစား သူက အဆင့်မြင့်အကယ်ဒမီဘက်သို့ သွားခဲ့သည်။
အတန်းပြီးဆံုးပြီဟူေသာ အချက်ပေးခေါင်းလောင်းသံ ထွက်ပေါ်လာသောအခါ ထန်ဝူလင်းသည် လီွယုချင်းနှင့်ကျောင်းသူအချို့ အတန်းထဲမှ အတူတကွ လမ်းလျှောက်ထွက်လာတာကို သူတွေ့လိုက်ရသည်။
(စီနီယာအမယုချင်း) ထန်ဝူလင်းက သူမဘက်သို့ လက်ဝှေ့ယမ်းပြလိုက်သည်။
လီွယုချင်းက သူ့ကိုအလွယ်တကူ ရှာတွေ့သွားပြီး သူမ၏အတန်းဖော်အချို့နဲ့အတူ သူ့ဆီသို့ အမြန်လျှောက်လာခဲ့သည်။
(ဝိုး၊ ယုချင်း၊ မင်းက ဒီလောက်ချစ်စရာကောင်းတဲ့ ကောင်လေးနဲ့ သိနေလိမ့်မယ်လို့ ငါမထင်ထားဘူး။ မင်းရဲ့မောင်လေးက အရမ်းချောတာပဲ။ သူသာကြီးလာလို့ကတော့ ဘယ်လောက်တောင် ဆွဲဆောင်မှုရှိလိုက်မလဲ?) အဆင့်မြင့်အကယ်ဒမီမှ အနီရောင်ဖီးနစ်မျက်လုံးများနဲ့ ကျောင်းသူတစ်ယောက်က သံသယဖြစ်ဖွယ်အပြုံးတစ်ခုကို ထုတ်ဖော်ရင်း လီွယုချင်းကို ပြောလိုက်သည်။
YOU ARE READING
Legend of the Dragon King (နဂါးဘုရင်ရဲ့ဒဏ္ဍာရီ)
FantasyI am only a translator of Tang Jia San Shao's Novel (Legend of the Dragon King)