နဂါးဘုရင်၏ဒဏ္ဍာရီ အခန်း (၆၅)

62 10 0
                                    

Novel:Legend of the Dragon King
Author:Tang Jia San Shao
နဂါးဘုရင်ရဲ့ဒဏ္ဍာရီ
အခန်း(၆၅) မင်းအနိုင်ရခဲ့လား?

(ကျေးဇူးတင်ပါတယ် ဆရာ) ဂူယွဲ့က ပြုံးလိုက်ပြီး ခေါင်းညိမ့်လိုက်သည်။

ဝူဇန်ခုံး၏ မျက်နှာပေါ်က အမူအရာက အေးစက်သွားပြီး ပြောလိုက်သည်။(မင်းလည်း သူတို့နဲ့အတူတူ ပြေးသင့်တယ်။ ဒါက မလုပ်မနေရ လေ့ကျင့်ခန်းပဲ။ ရှဲရှဲ။ မင်းရောပဲ။)

ရှဲရှဲ၏ မျက်နှာပေါ်တွင် ခါးသီးသော အမူအရာအချို့ ထွက်ပေါ်လာပြီး ပြောလိုက်သည်။(ဆရာ၊ ငါစောစောလေးကမှ တိုက်ပွဲဝင်ထား‌တာလေ။ မလုပ်လို့မရဘူးလား?)

ဝူဇန်ခုံးက အေးစက်စွာ ပြန်ပြောလိုက်သည်။(မင်းအနိုင်ရခဲ့လား?)

(ငါ...) ရှဲရှဲ၏နှလုံးသားတွင် စိတ်အားငယ်မှုများ ဖြစ်ပေါ်နေပြီး ဒေါသများဖြင့် လောင်ကျွမ်းနေသည်။အကယ်၍ တစ်စုံတစ်ယောက်က သူနှင့်ထန်ဝူလင်း၏ တိုက်ပွဲတွေကို ပြန်ပြောပြရင် ထန်ဝူလင်းရဲ့အနိုင်ပွဲ‌အများစုက ကံကောင်းလို့သာ ရခဲ့တာပါ။ဒါပေမဲ့၊ ဂူယွဲ့နှင့် သူယှဉ်ပြိုင်ရာမှာ သူ၏ကြိုးစားအားထုတ်မှုနှင့် စွမ်းအင်အားလုံးကို အသုံးပြုခဲ့သော်လည်း နောက်ဆုံးတွင် သူရှုံးနိမ့်သွားခဲ့သည်။ ဒီမိန်းကလေးရဲ့သိုင်းဝိညဉ်က အရမ်းကိုမထူးဆန်းဘူးလား? သူ့ရဲ့နဂါးဓားမြှောင်တစ်စုံထက်တောင် ပိုပြီးထူးဆန်းနေသည်။

ဂူယွဲ့က ပြုံးလိုက်ပြီး ပြေး‌လမ်းကြောင်းပေါ်သို့ ပြေးသွားလိုက်သည်။သူမက ဒီလေ့ကျင့်ခန်းကို ရှောင်လွှဲဖို့ဆန္ဒမရှိပါဘူး။သူမက အခြားအတန်းဖော်တွေနဲ့အတူ လိုက်ပြေးနေခဲ့သည်။

ရှဲရှဲသည် သူ့မှာရွေးချယ်ဖို့ အခွင့်အရေးမရှိတာကြောင့် သက်ပြင်းချလိုက်ပြီး သူများနည်းတူ ဝင်ပြေးလိုက်သည်။

ပြေးလမ်းကြောင်းပေါ်တွင် ပြေးနေကြသော ကျောင်းသားတွေကိုကြည့်ပြီး ဝူဇန်ခုံး၏မျက်နှာပေါ်တွင် ရှားရှားပါးပါး အပြုံးတစ်ခုထွက်ပေါ်လာသည်။သူက အဓိကအကယ်ဒမီကြီး၏ အဆောက်အအုံဆီသို့ ဦးတည်ပြီးသွားလိုက်သည်။

ဂူယွဲ့၏ခြေလှမ်းတွေက ပေါ့ပါးပြီး လျှင်မြန်သည်။သူမ ထန်ဝူလင်းအနားသို့ ရောက်တဲ့အခါမှာ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။(နင့်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဘာကြောင့် သံကြိုးတွေကို ရစ်ပတ်ထားတာလဲ?)

Legend of the Dragon King (နဂါးဘုရင်ရဲ့ဒဏ္ဍာရီ)Where stories live. Discover now