နဂါးဘုရင်၏ဒဏ္ဍာရီ အခန်း (၄၅)

74 9 0
                                    

Novel:Legend of the Dragon King
Author:Tang Jia San Shao
နဂါးဘုရင်ရဲ့ဒဏ္ဍာရီ
အခန်း(၄၅) အဆိုးဆုံးအတန်း

ကျောင်းဖွင့်ပွဲအခမ်းအနားကို အရှေ့ပင်လယ်အကယ်ဒမီရဲ့ အခန်းအကျယ်ကြီးတစ်ခုတွင် ကျင်းပခဲ့သည်။အလယ်လတ်အကယ်ဒမီမှကျောင်းသားတွေနဲ့ အဆင့်မြင့်အကယ်ဒမီမှကျောင်းသားတွေအားလုံး ထိုပွဲအခမ်းအနားတွင် အတူတူတွေ့ဆုံခဲ့ကြသည်။

အရပ်ရှည်သည့် ထန်ဝူလင်းကတော့ အနောက်ဘက်တွင် နေရာယူထားသည်။၎င်းက ခန်းမကြီးတစ်ခုလုံးကို ကြည့်ဖို့နှင့် ကျောင်းသားအားလုံးကို လေ့လာဖို့ သူ့ကိုအခွင့်အရေးပေးခဲ့သည်။

အလယ်လတ်အကယ်ဒမီတွင် အဆင့်တစ်ခုစီ၌ ကျောင်းသားတစ်ရာကျော်ရှိပြီး စုစုပေါင်းကျောင်းသား ခုနစ်ရာ သို့မဟုတ် ရှစ်ရာလောက်ရှိသည်။အလယ်လတ်အကယ်ဒမီနှင့်နှိုင်းယှဉ်လျှင် အဆင့်မြင့်အကယ်ဒမီမှာ ကျောင်းသားနှစ်ရာနီးနီးသာရှိသည်။အဆင့်မြင့်အကယ်ဒမီကို အဆင့်သုံးဆင့်သာ ခွဲခြားထားသည်။ဒါက အလယ်လတ်အကယ်ဒမီမှ ကျောင်းသားနှစ်ရာသာ အောင်မြင်နိုင်သော အဆင့်မြင့်အကယ်ဒမီရဲ့ ကြမ်းတမ်းသော စမ်းသပ်မှုများကြောင့်ဖြစ်သည်။

(ကောင်းသောနေ့ပါ ကျောင်းသားတို့။ အခုချိန်ကစပြီး အရှေ့ပင်လယ်အကယ်ဒမီရဲ့ နှစ်စဉ်ကျင်းပနေကျဖြစ်တဲ့ ကျောင်းဖွင့်ပွဲအခမ်းအနားကို တရားဝင် စတင်ပါမယ်။ ပထမဆုံးအနေနဲ့ အရှေ့ပင်လယ်အကယ်ဒမီရဲ့ဥက္ကဋ္ဌကို ကျောင်းသူကျောင်းသားများအား မိန့်ခွန်းစကားပြောကြားပေးပါရန် လေးစားစွာဖြင့် ဖိတ်ကြားလိုက်ပါတယ်။)

အရှေ့ပင်လယ်အကယ်ဒမီရဲ့ဥက္ကဋ္ဌမှာ အသက်ခြောက်ဆယ်အရွယ် အကြီးအကဲတစ်ဦးဖြစ်သည်။သူ၏ပုံစံမှာ သာမန်ပုံစံအတိုင်းဖြစ်ပြီး မည်သည့်ထူးခြားချက်မှမရှိပေ။သူ့တစ်ခေါင်းလုံးမှာ ဆံပင်ဖြူများနှင့်ပြည့်နေပြီး မျက်မှန်တစ်လက်ကို တပ်ဆင်ထားသည်။ထိုအသွင်အပြင်များကြောင့် သူကပညာရှိ‌တစ်ယောက်ပုံစံ ပေါ်လွင်နေသည်။

(အကယ်ဒမီကြီးမှ ကြိုဆိုပါတယ် ကျောင်းသားတို့။ နှစ်တိုင်းဒီလိုအချိန်မှာ အလယ်လတ်ဌာနနဲ့ အဆင့်မြင့်ဌာနကနေ ဘွဲ့ရသွားပြီး နှုတ်ဆက်ထွက်ခွာသွားတဲ့ ကျောင်းသားတွေကိုကြည့်ပြီး ငါစိတ်မကောင်းဖြစ်မိတယ်။ သို့သော်လည်း အချို့ကျောင်းသားတွေကတော့ အဆင့်မြင့်အကယ်ဒမီကို တတ်ရောက်နိုင်ခဲ့ပြီး ကျောင်းသားသစ်တွေဖြစ်လာကြပြန်တယ်။)

(ငါ့အမြင်ကတော့ အကယ်ဒမီဆိုတာ လူ့အဖွဲ့အစည်းအတွက် အသက်သွေးကြောပဲ။ မတူ‌ကွဲပြားတဲ့နေရာပေါင်းစုံကနေ လာခဲ့ကြတဲ့ လူတစ်ယောက်ချင်းစီတိုင်းကို အကယ်ဒမီကြီးက လက်ခံခဲ့ကြတယ်။ တဖန်အကယ်ဒမီကြီးကပဲ သူတို့ကို လူအဖွဲ့အစည်းထဲသို့ ပို့လွှတ်ပေးခဲ့တယ်။ လာမဲ့အနာဂတ်မှာ ကျောင်းသူကျောင်းသားအားလုံး မင်းတို့ရဲ့ကိုယ်ပိုင်အိမ်မက်တွေကို အကောင်အထည်ဖော်နိုင်လိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်....)

Legend of the Dragon King (နဂါးဘုရင်ရဲ့ဒဏ္ဍာရီ)Where stories live. Discover now