နဂါးဘုရင်ရဲ့ဒဏ္ဍာရီ အခန်း(၃၇)

65 11 0
                                    

Novel:Legend of the Dragon King
Author:Tang Jia San Shao
နဂါးဘုရင်ရဲ့ဒဏ္ဍာရီ
အခန်း(၃၇) အပြစ်ဒဏ်

အေးစက်ပြီးမာနကြီးသော လူငယ်လေးသည် ထန်ဝူလင်း၏ ပေါက်ကွဲအားပြင်းထန်သော လက်သီးချက်ကြောင့် လျှပ်တပြက် လွင့်ထွက်သွား‌သည်။သူ၏မျက်နှာနှင့် ထန်ဝူလင်း၏လက်သီး ထိပ်တိုက်တွေ့ဆုံသွားခဲ့သလို ထန်ဝူလင်းက သူချည်နှောင်ထားသော ငွေပြာရောင်မြက်ပင်ကိုလည်း ဖြေလျော့ပေးခဲ့သည်။ဒါကြောင့် လူငယ်လေးက အမြှောက်ဆန်တစ်ခုလို အခန်းအပြင်ဘက်သို့ လွင့်စင်သွားသည်။‌(ဘုန်း!) ဆိုသည့်အသံနှင့်အတူ မာနကြီးသည့်လူငယ်လေးက ခန်းမကြီး၏နံရံမှာ ချိုင့်ဝင်သွားခဲ့သည်။

မှန်‌ေပသည်။မာနကြီးသည့် လူငယ်လေးက မည်သို့မှမခုခံနိုင်ခဲ့ပဲ ထန်ဝူလင်း၏ လက်သီးချက်ကြောင့် နံရံထဲ ချိုင့်ဝင်သွားခဲ့သည်။

မာနကြီးသည့်လူငယ်လေးက လျှင်မြန်မှုအမျိုးအစား တိုက်ပွဲဝင်ဝိညဉ်သခင်တစ်ယောက်ဖြစ်သည်။ဒါကြောင့်သူက ထန်ဝူလင်း၏တိုက်ခိုက်မှုများကို လစ်လျူရှုထားနိုင်ခြင်းဖြစ်သည်။လျှင်မြန်မှုအမျိုးအစား တိုက်ပွဲဝင်ဝိညဉ်သခင်တစ်ယောက်၏ အားနည်းချက်က ခုခံနိုင်စွမ်းကင်းမဲ့ခြင်းဖြစ်သည်။အကယ်၍သူတို့သာ အထိုးခံရရင် အထူးသဖြင့် ထန်ဝူလင်းလို ခွန်အားအမျိုးအစား တိုက်ပွဲဝင်ဝိညဉ်သခင်တစ်ယောက်ထက် သာလွန်နေသည့် မွေးရာပါနတ်ဘုရားခွန်အားကို ပိုင်ဆိုင်ထား‌ေသာလက်သီးဖြင့် အထိုးခံရလိုက်ရင် ချက်ချင်းမှောက်သွားမည် ဖြစ်သည်။

မာနကြီးသည့်လူငယ်လေးက ထန်ဝူလင်း၏ လက်သီးချက်ကြောင့် လေထဲလွင့်စင်သွားချိန်မှာပဲ သတိမေ့သွားခဲ့သည်။

ထန်ဝူလင်းက အသက်ကိုဝအောင် ရှုလိုက်ပြီး သူ၏အခန်းထဲသို့ ပြန်ဝင်သွားခဲ့သည်။

ယွမ်ရှောင်မှာ ထန်ဝူလင်းကို ကြောက်ကြောက်ရွံရွံဖြင့် ကြည့်လိုက်ပြီး ကုတင်ထောင့်မှာ ပုန်းနေခဲ့သည်။သူက ဒီအခြေအနေအားလုံးကို မျက်မြင်တွေ့လိုက်ရတာကြောင့် ထန်ဝူလင်းကို အခုချိန်မှာ သူအတော်လေး ကြောက်ရွံနေသည်။

(ဒီကောင်...ဒီကောင်က လူရောဟုတ်ရဲ့လား? မာနတစ်ခွဲသားနဲ့ကောင်တောင် ဒီကောင့်လက်သီးတစ်ချက်ကြောင့် လွင့်စင်သွားခဲ့တာလား?)

ထန်ဝူလင်းက အခန်းထဲပြန်ဝင်လာပြီး ဆောင့်ကြောင့်ထိုင်လိုက်ကာ စောင်လေးကို ညင်သာစွာကောက်ယူလိုက်သည်။သူကစောင်ပေါ်က ဖှုန်မှုန့်ေတွကို ခါထုတ်လိုက်သည်။ကံကောင်းစွာနဲ့ စောင်ကဘာမှမပျက်စီးသွားပဲ အနည်းငယ်သာ ညစ်ပတ်နေသည်။

(ဘာတွေဖြစ်နေကြတာလဲ?) အဲ့အချိန်မှာပဲ အခန်းအပြင်ဘက်မှာ ဩဇာကြီးမားသောအသံက ထွက်ပေါ်လာသည်။

Legend of the Dragon King (နဂါးဘုရင်ရဲ့ဒဏ္ဍာရီ)Where stories live. Discover now