နဂါးဘုရင်၏ဒဏ္ဍာရီ အခန်း (၁၂)

94 12 0
                                    

Novel:Legend of the Dragon King
Author:Tang Jia San Shao
နဂါးဘုရင်ရဲ့ဒဏ္ဍာရီ
အခန်း(၁၂) သုံးနှစ်ကြာပြီးနောက်

သုံးနှစ်ကြာပြီးနောက် တောင်တန်းနီအကယ်ဒမီတွင်

ဝမ်ယန်ချောင်သည် သူ၏ဝဝတုတ်တုတ် ကိုယ်လုံးလေးကို လှုပ်ခါရင်း ထန်ဝူလင်းအနားတိုးကပ်လာပြီး တိုးတိုးလေးပြောလိုက်သည်။(‌ဝူလင်း....ဇောင်‌ေရှာင်လုံက အဆင့်တစ်ဆယ် ရောက်သွားပြီတဲ့။ ပြီးတော့ ဒီညသူ နတ်ဝိညဉ် သွားဝယ်တော့မှာတဲ့။ မင်းကရော ဘယ်လိုလဲ? မင်းငါ့ကို နောက်ဆုံးတစ်ခေါက် ပြောတုန်းက အဆင့်ကိုးရောက်နေပြီဆို မဟုတ်ဘူးလား? ငါတို့ဘွဲ့ရခါနီးပြီ။ ငါတို့ဘွဲ့ရတဲ့အချိန်မှာ မင်းကအဆင့်တစ်ဆယ် မရောက်သေးရင် မင်းအိမ်ကိုပြန်တဲ့အခါ အကယ်ဒမီရဲ့ ထောက်ခံစာမပါဘဲ ကျင့်ကြံရလိမ့်မယ်။ နောက်ကျရင် အလယ်တန်းတတ်လို့ ‌ထောက်ခံစာမပါရင် မင်းဒုက္ခရောက်လိမ့်မယ်။)

သုံးနှစ်ကြာပြီးနောက် ထန်ဝူလင်းသည် အတော်လေး ပြောင်းလဲသွားခဲ့သည်။

မူလက သူ့အရပ် ၁.၂မီတာကနေ အခုတော့ ၁.၄မီတာအထိ ပိုရှည်လာခဲ့သည်။သူက အခြားရွယ်တူ‌ေကျာင်းသား‌ေတွထက် ခေါင်းတစ်လုံး ပိုမြင့်နေခဲ့သည်။သူ၏ ခန္ဓာကိုယ်သည် အတော်အသင့်ဖြစ်ပြီး ပိန်လည်းမပိန်သလို ဝလည်းမဝပေ။သူ၏အပြင်ပန်းပုံစံကိုကြည့်လျှင် သန်မာသည့်ပုံမပေါ်ချေ။အရွယ်ရောက်လာသည်နှင့်အမျှ သူ၏မျက်နှာမှာ ပိုပြီးချောမောလာသည်။အထူးသဖြင့် သလင်းကျောက်လိုမျိုး ကြည်လင်နေသော သူ၏အနက်ရောင်မျက်လုံးများက မှန်လိုမျိုး အလင်းပြန်နေသည်။သူ၏ သိုင်းဝိညဉ်သည် ငွေပြာရောင်မြက် ဖြစ်နေသော်လည်း အကယ်ဒမီတွင် အတော်လေး လူကြိုက်များ‌ေနဆဲဖြစ်သည်။

ဝမ်ယန်ချောင်ဆိုသူမှာ အကယ်ဒမီတွင် သူပထဆုံးတွေ့ခဲ့ရသော ဖက်တီးလေးဖြစ်သည်။သူသည် အရင်တုန်းက ထန်ဝူလင်းကို အ‌ပေါ်စီးကနေ ဆက်ဆံခဲ့သော်လည်း အခုတော့ ပြောင်းပြန်ဖြစ်သွားခဲ့သည်။အကြောင်းမှာ တစ်နေ့ ဝမ်ယန်ချောင်က ထန်ဝူလင်းကို အနိုင်ကျင့်ဖို့ကြိုးစားခဲ့သည်။ကံဆိုးစွာဖြင့် သူသာကြမ်းပြင်ပေါ် လဲကျသွားပြီး အချက်ပေါင်းမရေတွက်နိုင်အောင် အထိုးခံခဲ့ရသည်။အထိုးခံရပြီးချိန်မှစပြီး သူကထန်ဝူလင်းကို ကောင်းကောင်းမွန်မွန်ဆက်ဆံခဲ့သည်။

Legend of the Dragon King (နဂါးဘုရင်ရဲ့ဒဏ္ဍာရီ)Where stories live. Discover now