Novel:Legend of the Dragon King
Author:Tang Jia San Shao
နဂါးဘုရင်ရဲ့ဒဏ္ဍာရီ
အခန်း(၈) ပန်းပဲပညာကိုသင်ယူခြင်း(ခဏနေဦး) ထန်ဇီရန်က ထန်ဝူလင်းကို လှမ်းခေါ်လိုက်သည်။
(ဘာဖြစ်လို့လဲ? အဖေ)
ထန်ဇီရန်က သူ့ဘေးနားရှိ ကုလားထိုင်ကို ပုတ်လိုက်ပြီး ထန်ဝူလင်းကို ထိုင်ဖို့ အချက်ပြလိုက်သည်။(သား ဒီနားမှာ ခဏလာထိုင်ပါဦး။ အဖေသားနဲ့ ဆွေးနွေးစရာ ကိစ္စေလးရှိလို့။)
(အို) ထန်ဝူလင်း လမ်းလျှောက်လာပြီး သံသယဖြစ်စရာ အကြည့်တွေနဲ့ ကြည့်ေနတဲ့ သူ့အဖေဘေးနားမှာ ဝင်ထိုင်လိုက်သည်။
ထန်ဇီရန်က ပြောလိုက်သည်။(သားက ဝိညဉ်သခင်ဖြစ်ဖို့ ရွေးချယ်ခဲ့တာကြောင့် အဖေသားကို နောက်ကနေပံ့ပိုးပေးမယ်။ ဒါပေမဲ့ သားသိထားဖို့က ဒီလမ်းကြောင်းကို ရွေးချယ်လိုက်ရင် စိန်ခေါ်မူတွေအများကြီးနဲ့ ရင်ဆိုင်ရလိမ့်မယ်။ သားကကျောင်းမှာ သင်ယူလေ့လာရုံနဲ့ မပြီးသေးဘူး။ အိမ်မှာလဲ လေ့လာဖို့လိုအပ်ေသးတယ်။)
(ဝိညဉ်သခင်တစ်ယောက်က အဆင့်တစ်ဆယ်အထိ ကျင့်ကြံပြီးရင် အဆင့်တတ်ဖို့ ဝိညဉ်ကွင်းတစ်ခု လိုအပ်တယ်။ အတိတ်တုန်းက ဝိညဉ်သားရဲတွေကို ဖမ်းဆီးခြင်းဖြင့် ဝိညဉ်ကွင်းတစ်ခုရယူနိုင်တယ်။ ဒါပေမဲ့ နှစ်ပေါင်းတစ်သောင်းကြာပြီး ယခုအချိန်မှာ သုတေသနအချက်အလက်တွေကနေ ဝိညဉ်ကွင်းတွေထက် သာလွန်တဲ့ နတ်ဝိညဉ်တွေကို ရှာဖွေတွေ့ရှိခဲ့တယ်။ အချက်လက်တွေအရ အဆင့်မြင့် နတ်ဝိညဉ်တွေမှာ အဆင့်မြှင့်နိုင်စွမ်း ပိုင်ဆိုင်ထားပြီး လူလုပ်အတုများအဖြစ် ထုတ်လုပ်နိုင်တယ်။ ဒါကြောင့် နတ်ဝိညဉ်တွေရဲ့ စွမ်းေဆာင်ရည်က ဝိညဉ်ကွင်းတွေနဲ့အတူတူပဲ။နတ်ဝိညဉ်များ၏အဆင့်အမျိုးမျိုးကို တစ်ခုထက်ပိုသောဝိညဉ်ကွင်းများနဲ့ ဝိညဉ်သခင်တစ်ယောက်ကို ပေးအပ်နိုင်တယ်။ ဒါပေမဲ့ အဖေတို့လိုသာမန်လူတန်းစားတွေက စိတ်ဝိညဉ်ဘုရားကျောင်းကနေသာ အဲ့ဒါတွေကို ဝယ်ယူနိုင်တယ်။)
(အဖေ့ရဲ့ လုပ်အားခနည်းနည်းလေးနဲ့ ဒါတွေကိုမတတ်နိုင်ဘူး။ အဖေရဲ့ လုပ်အားခက အိမ်အတွက် လုံလောက်ရုံသာ ထောက်ပံ့ပေးနိုင်တယ်။ ပြီးတော့ အခု နာအာကိုပါ အိမ်မှာခေါ်ထားတော့ ကလေးနှစ်စာ အဖေကရှာရမယ်။ ဒီတော့ ငါ့သားဝိညဉ်ခွန်အား အဆင့်တစ်ဆယ်ရောက်အောင်ကျင့်ကြံပြီးရင် မင်းအတွက် အဆင့်အနိမ့်ဆုံး နတ်ဝိညဉ်ကို ဝယ်ဖို့တောင် အဖေ့အတွက်ခက်ခဲလိမ့်မယ်။)
YOU ARE READING
Legend of the Dragon King (နဂါးဘုရင်ရဲ့ဒဏ္ဍာရီ)
FantastikI am only a translator of Tang Jia San Shao's Novel (Legend of the Dragon King)