နဂါးဘုရင်၏ဒဏ္ဍာရီ အခန်း (၆၇)

65 10 0
                                    

Novel:Legend of the Dragon King
Author:Tang Jia San Shao
နဂါးဘုရင်ရဲ့ဒဏ္ဍာရီ
အခန်း(၆၇) အထူးလေ့ကျင့်ခန်း

(မင်းကဘာလို့ ဒီလောက်တောင် နောက်ကျနေရတာလဲ?) ထန်ဝူလင်းအပေါ် ရှဲရှဲ၏ ရန်ငြိုးတွေက ခင်မင်မှုအဖြစ် ပြောင်းလဲသွားပြီး သူ၏အေးစက်တဲ့ အမူအရာက အနည်းငယ်ပြေလျော့သွားသည်။သူ့၏တစ်ကိုယ်လုံး ပြောင်းလဲသွားတာနဲ့ စစ်မှန်တဲ့ ပါရမီရှင်တစ်ယောက် ပုံစံ‌ေပါ်လာသည်။ချမ်းသာတဲ့ လူငယ်သခင်လေးရဲ့ အထက်စီးဆန်တဲ့ အမူအရာတွေက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့သည်။ဝူဇန်ခုံးရဲ့ အတန်းမှာ ထန်ဝူလင်းနှင့်အတူတူ‌ရှိနေတာက ကံကောင်းတယ်လို့ သူမြင်လာခဲ့သည်။မဟုတ်လျှင် ထန်ဝူလင်း၏ အကူအညီမပါဘဲ ဝူဇန်ခုံးရဲ့ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကို သူတောင့်ခံနိုင်မှာ မဟုတ်ပါဘူး။

(ဆရာက ငါတို့ကောင်းဖို့အတွက် လုပ်ပေးနေတာပါ။) ထန်ဝူလင်းက ရှဲရှဲကို ပြောလိုက်သည်။

ညစာမစားမီ တစ်နာရီအလိုတွင် ကျောင်းသားအများစုက သူတို၏အဆောင်သို့ ပြန်သွားကြပြီး အိပ်စက်အနားယူကြသည်။ထန်ဝူလင်းက ပင်ပန်းနေသော်လည်း တွေးတောဆင်ခြင်ပြီး တရားထိုင်ရန် ကြိုးစားလိုက်သည်။

ဒီနှစ်ရက်အတွင်းမှာ သူ၏တရားထိုင်ခြင်း နည်းလမ်းအသစ်ကို ပြောင်းလဲအသုံးပြုခဲ့ပြီး‌ေနာက် သူ၏ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ကုသနိုင်စွမ်းမှာ အရင်ကထက် တိုးတတ်လာပြီး ထိရောက်မှုရှိတာကို သူခံစားခဲ့ရသည်။ညံဖျင်းတဲ့ငှက်တစ်ကောင်က စောစောပျံမှအစာရတယ်ဆိုတဲ့အတိုင်း သူ၏သိုင်းဝိညဉ်က အခြားသူတွေထက်ပိုပြီး အားနည်းနေမှတော့ သူများတွေထက် ပိုကြိုးစားရမယ်။

ညနေခင်းမှာတောင် အတန်းချိန်ရှိတာကြောင့် ထန်ဝူလင်းမှာ ကောင်းကင်နဂါးသံမဏိကို ပန်းပဲထုဖို့ အချိန်မရှိပေ။ဒါက ပြဿနာဖြစ်သည်။သူက ပန်းပဲထုဖို့ ညနက်သန်းခေါင်မှသာ ထုလုပ်နိုင်သော်လည်း ၎င်းကအဆင်မပြေပါဘူး။သူသာ ဒီအလုပ်ကို ပြီးမြောက်သွားရင် အနည်းဆုံးတော့ အခုလိုအချိန်မှာ အခြားအလုပ်တွေလက်ခံတာကို ရပ်တန့်လို့ရလိမ့်မယ်။

Legend of the Dragon King (နဂါးဘုရင်ရဲ့ဒဏ္ဍာရီ)Where stories live. Discover now