နဂါးဘုရင်ရဲ့ဒဏ္ဍာရီ အခန်း(၃)

220 23 0
                                    

Novel:Legend of the Dragon King
Author:Tang Jia San Shao
နဂါးဘုရင်ရဲ့ဒဏ္ဍာရီ
အခန်း(၃) ဝူလင်းေလးရဲ့မိသားစု

တန်ဝူလင်း တောင်တန်းနီအကယ်ဒမီ၏ အပေါက်ဝကနေ ပြန်ထွက်လာပြီးတာတောင် သူ့ရဲ့ စိတ်ထဲမှာ ရှုပ်ထွေးနေမူများ ကျန်ရှိနေသေးသည်။

နှစ်စဉ်နှစ်တိုင်း ဝိညဉ်ခွန်းအားပိုင်ဆိုင်ပြီး သိုင်းဝိညဉ်နိုးထပြီးသူတွေကို လေ့ကျင့်သင်ကြားပေးဖို့ တောင်တန်းနီအကယ်ဒမီက သင်တန်းသားအသစ်များ ဖိတ်ခေါ်လေ့ရှိသည်။မည်သည့်အခြေခံသင်တန်းကျောင်းတွင်မဆို ဝိညဉ်သခင်အတန်းသည် သံသယဖြစ်စရာမလို အရေးကြီးဆုံးဖြစ်သည်။

တန်ဝူလင်း၏ စိုးရိမ်ကြောင့်ကြမူများမှာအပြီးတိုင်ပျောက်ကွယ်သွားခြင်းမရှိဘဲသူ၏ ဉီးခေါင်းက ကိုက်ခဲနေပြီး ကိုယ်ခန္ဓာမှာ ပူနွေးနေသည်။တန်ဝူလင်းသည် ယိုင်တိယိုင်တိုင်ဖြင့် ‌လမ်းကို ဆက်လျှောက်လာခဲ့သည်။

(သား....ငါ့သားကတော့ လူတစ်သန်းမှာတစ်ယောက်ပဲရှိတယ်ကွ!) တန်ဇီရန်၏ နူးညံသောစကားသံကြောင့် တန်ဝူလင်း မိန်းမောတွေဝေနေရာမှ နိုးထလာခဲ့သည်။

တန်ဝူလင်းသည် သူ့ရဲ့ခေါင်းကို မော့လိုက်ပြီး အဖေဖြစ်သူ၏ ပျော်ရွှင်နေသောမျက်နှာကို ကြည့်လိုက်သည်။(အဖေ ငွေပြာရောင်မြက်သိုင်းဝိညဉ်က အမှိုက်သိုင်းဝိညဉ်လားဟင်?)

တန်ဇီရန်က တည်ကြည်လေးနက်စွာဖြင့် ပြန်ဖြေလိုက်သည်။(ဘယ်လိုလုပ်ပြီး အမှုိက်သိုင်းဝိညဉ်ဖြစ်ရမှာလဲ? လူတစ်ထောင်မှာလူတစ်ယောက်သာ ဝိညဉ်ခွန်အားကို ပိုင်ဆိုင်နိုင်တယ်ဆိုတာ သား‌ေလးသိထားသင့်တယ်။ သားမှာအမှိုက်သိုင်းဝိညဉ်ရော
ဝိညဉ်ခွန်အားရော နှစ်မျိုးလုံးရှိတယ်။ ဒီတော့ သားက လူတစ်သန်းမှာတစ်ယောက်လို့ ဆိုလိုတာမဟုတ်ဘူးလား? ဒါ့ကြောင့် ငါ့သားက ပြိုင်ဘက်ကင်းပြီး ဘယ်သူကမှမယှဉ်ပြိုင်နိုင်ဘူး။ နောက်ပြီးတော့ တန်ဂိုဏ်းကိုတည်ထောင်ခဲ့တဲ့ တည်ထောင်သူဘိုးဘေး တန်ဆန်းရဲ့ ဒဏ္ဍာရီအကြောင်းကို အဖေ သားကို ပြောပြဖူးတယ်လေ။ သူကလည်းသားလို ငွေပြာရောင်မြက် သိုင်းဝိညဉ်ပဲလေ.........)

Legend of the Dragon King (နဂါးဘုရင်ရဲ့ဒဏ္ဍာရီ)Where stories live. Discover now