Novel:Legend of the Dragon King
Author:Tang Jia San Shao
နဂါးဘုရင်ရဲ့ဒဏ္ဍာရီ
အခန်း(၇၆) ဝိညဉ်ကွင်းနှစ်ခုနဲ့ရန်သူ(ငါတို့ သွားကြရအောင်) ရှဲရှဲက ထန်ဝူလင်းနှင့် ငြင်းခုန်ဖို့ စိတ်မဝင်စားတော့ဘဲ အမြန်ပြေးထွက်သွားသည်။ထန်ဝူလင်းနှင့် ဂူယွဲ့က သူ့အနောက်မှ ပြေးလိုက်လာသည်။
(မင်းတို့ကောင်တွေ ဒီလိုအနိုင်ကျင့်လို့မရဘူး! ငါပေးလို့မရဘူး! ဒါဆို ငါကဘယ်လိုလုပ်ပြီး ဆိုင်ဖွင့်နိုင်တော့မှာလဲ?)သူတို့သုံးယောက် ဆိုင်အနီးနားကို ရောက်လာတဲ့အခါမှာ ဦးလေးလီရဲ့ စကားသံကို ကြားလိုက်ရသည်။
ရှဲရှဲက လူအုပ်ကြားထဲကနေ အမြန်တိုးဝင်လိုက်ပြီး ရှေ့သို့ထိုးထွက်လိုက်သည်။
ဟင်းချက်စားပွဲမှာ မြေပြင်ပေါ်တွင် လဲကျနေပြီး မြေအိုးအပိုင်းအစများအပြင် အသားတွေ၊ ဟင်းရည်များက နေရာအနှံ့ပြန့်ကျဲနေသည်။
ဦးလေးလီက ဆိုင်တံခါးဝတွင် လဲကျနေပြီး ပါးစပ်ထောင့်မှ သွေးများစီးကျနေသည်။သူ၏မျက်လုံးတစ်လုံးမှာ ရောင်ရမ်းနေတဲ့အပြင် သူ၏မျက်နှာမှ ဝမ်းနည်းပူဆွေးမှုနှင့် ဒေါသများ ထွက်ပေါ်နေသည်။
လူရိုင်းကားသုံးယောက်က ဆိုင်တံခါးဝ အရှေ့မှာ ရပ်နေကြသည်။သူတို့ထဲက ခေါင်းဆောင်က ထိပ်ပြောင်ကြီးဖြစ်ပြီး အလွန်အေးတဲ့ ရာသီဥတုမှာတောင် အင်္ကျီလက်ပြတ်ကို ဝတ်ဆင်ထားကာ သူ၏လက်မောင်းနှစ်ဖက်မှ နဂါးတတ်တူးတွေကို ထုတ်ဖော်ပြနေသည်။အခြားနှစ်ယောက်မှာလည်း အရပ်ရှည်ပြီး သူတို့၏ ကြမ်းတမ်းသောမျက်နှာထားများကြောင့် လူဆိုးများဖြစ်ကြောင်း တပ်အပ်ပြောနိုင်သည်။
(ဒီမယ် မျိုးရိုးလီ၊ ပညာရှိတဲ့လူတစ်ယောက်က သူ့အခြေအနေကို သူသိရတယ်။ ဒီလမ်းပေါ်မှာရှိတဲ့ ဆိုင်တိုင်းက အကာအကွယ်ကြေးမပေးဘဲ မနေရဲဘူး။ ဒါပေမဲ့ မင်းဆီကိုငါလာတိုင်း အကြောင်းအမျိုးမျိုးပြနေတာ ဘာသဘောလဲ? ဒါကို ငါဂူအန်လုံက ခွင့်လွှတ်ပေးမယ်လို့ မင်းထင်နေတာလား? ငါကနေ့တိုင်း မဖြစ်စလောက်ငွေလေးကိုယူဖို့ လက်အောက်ငယ်သားတစ်ယောက်ကို လွှတ်ပေးေနရဦးမှာလား? မင်းရဲ့ အမဲသားပြုတ်ဟင်းကသာ အရသာမရှိရင် မင်းကို ရှင်းပစ်လိုက်တာကြာပြီ။ ဒီတော့ ငါ့ကိုလိမ်ပြောေနတာရပ်ပြီး ငွေကိုချက်ချင်းလွှဲပေးလိုက်။ မဟုတ်ရင် ဒီနေ့ကစပြီး မင်းရဲ့ဆိုင်ကို ဆက်ဖွင့်လို့ မရတော့ဘူးဆိုတာ မြဲမြဲမှတ်ထားလိုက်။)ကတုံးပြောင်နှင့်လူက အေးစက်သောလေသံဖြင့် ဦးလေးလီကို ပြောနေခဲ့သည်။လူအုပ်ကြီးထဲက မည်သူကမှ ဝင်ကူညီပေးမဲ့ပုံမပေါ်ချေ။
YOU ARE READING
Legend of the Dragon King (နဂါးဘုရင်ရဲ့ဒဏ္ဍာရီ)
FantasiaI am only a translator of Tang Jia San Shao's Novel (Legend of the Dragon King)