နဂါးဘုရင်၏ဒဏ္ဍာရီ အခန်း (၅၄)

68 9 0
                                    

Novel:Legend of the Dragon King
Author:Tang Jia San Shao
နဂါးဘုရင်ရဲ့ဒဏ္ဍာရီ
အခန်း(၅၄) သူ့ကိုသတ္တုတုံးအဖြစ်ပြောင်းလဲမြင်ခြင်း

ဝူဇန်ခုံး၏ တိုက်ခိုက်မှုကို မြင်ပြ‌ီးတဲ့နောက် ကျောင်းသားအားလုံးက ကြောက်ရွံသွားပြီး တိတ်ဆိတ်သွားကြသည်။သူတို့က အရင်ကထက်ပိုပြီး ညီညီညာညာ စီတန်းရပ်လိုက်ကြသည်။သူတို့ရှေ့က ဆရာဆီကနေ ဖိအားတွေအများကြီးကို ခံစားနေရသည်။

ထန်ဝူလင်းက မျက်တောင်အနည်းငယ် ခတ်လိုက်သည်။စောစောကတိုက်ပွဲကို သူသေသေချာချာ မြင်လိုက်ရသည်။ဝူဇန်ခုံး၏ဓားက ရှဲရှဲဆီသို့ဝင်လာသည့်အခါမှာ သူက စပြီးရှောင်လိုက်သည်။သို့သော်လည်း သူ၏လှုပ်ရှားမှုများက အချည်းနှီးဖြစ်သွားပြီး ပင့်ကူအိမ်ထဲတွင် ပိတ်မိနေသော သားကောင်ပမာ ဘယ်လောက်ပဲ ကြိုးစားရုန်းထွက်ပါစေ ဝူဇန်ခုံး၏ ဓားလမ်း‌ေကြာင်းကနေ မလွတ်မြောက်နိုင်ခဲ့ပါဘူး။

ထိုတိုက်ခိုက်မှုက အလွန်ရိုးရှင်းပြီး မည်သည့် သိုင်းဝိညဉ်၊ သို့မဟုတ် နတ်ဝိညဉ်ကိုမှ အသုံးမပြုထားခဲ့ပါဘူး။သို့သော်လည်း ဝူဇန်ခုံးက ရှဲရှဲကို အလွယ်တကူ အနိုင်ရသွားခဲ့သည်။ထိုသို့လုပ်နိုင်ဖို့ ဝူဇန်ခုံး၏ ကျင့်ကြံမှုမှာ မည်သည့်အဆင့်ထိ ရောက်ရှိနေပြီလဲ!?

(ဆရာက တကယ့်ကို ကြောက်စရာကောင်းလွန်းတယ်!) ထန်ဝူလင်းသည် သူ၏နှလုံးသားထဲကနေ မာနကြီးသောရေခဲမင်းသားလေးကို ပိုပြီးလေးစားလာခဲ့သည်။သူသည် ဝူဇန်ခုံးကို ပိုပြီးလေးစားလာတာကြောင့် ဝိညဉ်ကင်မရာလေးကို သူ၏ငွေဖြူရောင်သိုလှောင်ကွင်းထဲသို့ တိတ်တိတ်‌ေလး ထည့်လိုက်သည်။သူ၏စီနီယာအမလွီယုချင်းက ဝူဇန်ခုံး၏ဓာတ်ပုံကို ရိုက်ခိုင်းခဲ့သည်။ဒါသည် သူ၏ပထမဆုံးအကြိမ် လုပ်ဆောင်ဖူးခြင်း ဖြစ်တာကြောင့် သူကြိုတင်ပြင်ဆင်ရဦးမည်။

ရှဲရှဲသည် သူ၏နှာဖူးပေါ်မှ ချွေးများကို သုတ်လိုက်ပြီး ထိုနေရာမှာပဲ နက်နက်နဲနဲတွေးတောနေခဲ့သည်။သူက စောစောကတိုက်ပွဲတွင် ဝူဇန်ခုံးဆီမှ ဖိအားတွေကို သူပြန်စဉ်းစားနေခဲ့သည်။

ဝူဇန်ခုံး၏ ဓားထိုးချက်သည် သာမန်တိုက်ခိုက်မှုမျိုး မဟုတ်ပေ။ထိုကဲ့သို့ဖိအားအောက်တွင် သူက ဝူဇန်ခုံး၏ထောင်‌ေချာက်ထဲတွင် ကျရောက်သွားသလိုမျိုး ခံစားခဲ့ရသည်။၎င်းကထန်ဝူလင်းနှင့် သက်ဆိုင်နေသလိုမျိုး သူခံစားနေရသည်။ဒါ့အပြင်သူက ဝူဇန်ခုံး၏ဓားအရှေ့မှာ မည်သည့်ဆုံးဖြတ်ချက်ကိုပဲချချ ရလဒ်မှာသေလိမ့်မည်လို့ သူခံစားခဲ့ရသည်။လွတ်မြောက်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပေ။ဒီလိုအခြေအနေမျိုးမှာ သူက ထွက်ပြေးချင်ရင်တောင် မလွတ်မြောက်နိုင်ပါဘူး။

Legend of the Dragon King (နဂါးဘုရင်ရဲ့ဒဏ္ဍာရီ)Where stories live. Discover now