နဂါးဘုရင်၏ဒဏ္ဍာရီ အခန်း (၁၅)

94 14 0
                                    

Novel:Legend of the Dragon King
Author:Tang Jia San Shao
နဂါးဘုရင်ရဲ့ဒဏ္ဍာရီ
အခန်း(၁၅) အဆင့်တစ်ဆယ်

မရေမတွက်နိုင်သော အပြာရောင် အစက်အပြောက်လေးများသည် ထန်ဝူလင်း၏ ပတ်ပတ်လည်တွင် စုဝေးလာပြီး သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်လာကာ ပျံ့နှံ့သွားသည်။

ထန်ဝူလင်းသည် ပင်လယ်ပြာကြီး၌ ရေစိမ်နေသလိုမျိုး ခံစားမိလိုက်သည်။မရေမတွက်နိုင်တဲ့ အသံငယ်လေးတွေက သူ့ကိုဖုံးလွှမ်းသွားပြီး အော်ခေါ်နေသည်။

ငွေပြာရောင်မြက်ပင်၏ ထူးခြားသော သင်းရနံ့သည် သူ့ခန္ဓာကိုယ်ထဲရှိ ဆဲလ်တစ်ခုချင်းစီကို စိမ့်ဝင်သွားသည်။သူ၏ဒန်တျန်ထဲရှိ ဝိညဉ်ခွန်အားသည် နွေးထွေးသော ခံစားချက်ကို ယူဆောင်လာသည်။

ထန်ဝူလင်း၏ အသိစိတ်ထဲတွင် အရာအားလုံးသည် ဆန်းကြယ်သော အပြာရောင်အဖြစ် ပြောင်းလဲသွားသည်။ငွေပြာရောင်မြက်၏ သင်းရနံ့သည် သူ့ခန္ဓာကိုယ်နေရာအနှံ့တွင် ပျံ့လွင့်နေသည်။

ခပ်မှိန်မှိန် ရွှေရောင်အစင်း‌ကြောင်းပုံစံသည် ထန်ဝူလင်း၏နဖူးပေါ်တွင် အရင်ကလို ထွက်ပေါ်လာပြီး အပြင်ဘက်သို့ ဖြန့်ကျက်သွားသည်။ရွှေရောင်အစင်းကြောင်းပုံစံသည် သူ့အရေပြားတစ်ခုလုံးပေါ်ကို ပျံ့နှံ့သွားပြီး တဖန် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြန်သည်။

တရားထိုင်နေစဉ်တွင် သူ၏ကိုယ်မှ အရောင်အဝါများ တောက်ပလာသည်။ထိုအခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ်ထဲမှ အပြာရောင်ဖျော့ဖျော့ ထွက်ပေါ်လာသည်။သိပ်မကြာခင်မှာပဲ တောက်ပနေသော ရွှေရောင်အလင်းတန်းသည် တစ်စွန်းတစ်စ ထွက်ပေါ်နေသည်။

မနက်စောစောအချိန်

(လင်းလင်း၊ လင်းလင်း......) လန်ယွဲ့၏ စိုးရိမ်နေသောအသံသည် လမ်းများပေါ်၌ ပဲ့တင်ထပ်နေသည်။

ကစားကွင်းထဲ၌ ထန်ဝူလင်းသည် တင်ပျဉ်ခွေထိုင်နေရာမှ လှုပ်နှိုးလိုက်ပြီး တရားထိုင်နေရာမှ တဖြည်းဖြည်းချင်း နိုးထလာခဲ့သည်။

မနက်စောစော တဖွဲဖွဲကျနေသော နှင်းများသည် သူ့အင်္ကျီကို စိုထိုင်းသွားစေသည်။ဤအခိုက်အတန့်တွင် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ထိုးဖောက်ဝင်ရောက်လာသည့် မယုံကြည်နိုင်စရာ ခံစားချက်တစ်ခုကိုလည်း ခံစားရလိုက်သည်။

Legend of the Dragon King (နဂါးဘုရင်ရဲ့ဒဏ္ဍာရီ)Where stories live. Discover now