Novel:Legend of the Dragon King
Author:Tang Jia San Shao
နဂါးဘုရင်ရဲ့ဒဏ္ဍာရီ
အခန်း(၃၄) နာမည်စရင်းပေးသွင်းခြင်း(မင်္ဂလာပါ မမ၊ ကျွန်တော့ နာမည်က ထန်ဝူလင်းပါ။ ဒီမှာ နာမည်စရင်း လာပေးတာပါ။) ထန်ဝူလင်းက ယဉ်ယဉ်ကျေးကျေးဖြင့် ပြန်ပြောလိုက်သည်။
လွီယုချင်း သူမရှေ့က လူငယ်လေးကိုကြည့်လိုက်ပြီး အနည်းငယ်အံ့အောသင့်သွားသည်။သူမက သူ၏ခန္ဓာကိုယ်အရွယ်အစားကိုကြည့်ပြီး အသက်(၁၁)နှစ် သို့မဟုတ် (၁၂)နှစ်လောက်ရှိမယ်လို့ သူမထင်ခဲ့သည်။သို့ပေမဲ့သူက အခုမှ နာမည်စရင်းလာပေးသည့် ကျောင်းသားသစ်တစ်ယောက်ဖြစ်နေသည်။သူ့မှာ အကယ်ဒမီရဲ့ထောက်ခံချက်ကို တကယ်ရရှိထားတာကြောင့် သူကအခုမှ အသက်ကိုးနှစ်ပဲ ရှိသေးတယ်လို့ ဆိုလိုနေသည်။
သူက အသက်ငယ်ငယ်လေးရှိသေးသော်လည်း သူ၏အသွင်ပြင်မှာ အလွန်ချောမောနေသည်။လွီယုချင်းက သူမရှေ့က လူငယ်လေး၏ အသွင်ပြင်ကိုဖော်ပြဖို့ (အလွန်ချောမောခြင်း) ဆိုသည့် စကားလုံးကိုသာ အသုံးပြုရမယ်။သူ့မှာ သူမကိုယ်တောင် မနာလိုဖြစ်စေသည့် ရှည်လျားသော မျက်တောင်များနှင့်အတူ ကြီးမားသော မျက်လုံးတစ်စုံရှိသည်။သူမက ဒီလိုချောမောသည့် ကောင်လေးရှေ့မှာ မနူးညံ့ဘဲ မနေနိုင်ပါဘူး။
(မင်္ဂလာပါ။ အမနာမည်က လွီချင်းယု။ အမက အရှေ့ပင်လယ်အဆင့်မြင့်အကယ်ဒမီရဲ့ ပထမနှစ်ကျောင်းသူ တစ်ယောက်ေလ။ အမကဒီနှစ် ကျောင်းသားအသစ်တွေကို လက်ခံဖို့ တာဝန်ယူထားတယ်။ အမက ဒီမှာ မောင်လေးရဲ့ စီနီယာမမပေါ့။ အရင်ဆုံး ဖောင်မဖြည့်ခင် မောင်လေးတတ်ခဲ့တဲ့ အခြေခံအကယ်ဒမီက ထောက်ခံစာကို အမကိုအရင်ပြ။)
လွီယုချင်းက ထန်ဝူလင်းဆီသို့ ဖောင်စာရွက်တစ်ခုကို ကမ်းပေးလိုက်သည်။
ထန်ဝူလင်းသည် သူ့ရှေ့က စီနီယာမမဆိုသူကို တိတ်တခိုး လှမ်းကြည့်လိုက်ပြီးနောက် သူ့ရင်ထဲအနည်းငယ် စိတ်သက်သာရာ ရသွားသည်။
လွီယုချင်းက ထန်ဝူလင်း ရေးဖြည့်ထားသည့် ဖောင်စာရွက်ကို လှမ်းယူလိုက်သည်။ပြီးနောက် ထန်ဝူလင်း ရေးဖြည့်ထားတာေတွကို အသံထွက်ပြီး ဖတ်လိုက်သည်။(ထန်ဝူလင်း။ အသက်(၉)နှစ်။ ကျက်သရေမြို့တော်၏ တောင်တန်းနီအကယ်ဒမီမှ ပညာသင်ယူခဲ့သည်။ အဆင့်(၁၁)အပင်အမျိုးအစား ဝိညဉ်သခင်။ ငွေပြာရောင်မြက်သိုင်းဝိညဉ်။ အာ! မင်းရဲ့သိုင်းဝိညဉ်က ငွေပြာရောင်မြက်လား?)
ထန်ဝူလင်းက ခေါင်းညိမ့်လိုက်သည်။
YOU ARE READING
Legend of the Dragon King (နဂါးဘုရင်ရဲ့ဒဏ္ဍာရီ)
FantasyI am only a translator of Tang Jia San Shao's Novel (Legend of the Dragon King)