နဂါးဘုရင်၏ဒဏ္ဍာရီ အခန်း (၄၀)

68 10 0
                                    

Novel:Legend of the Dragon King
Author:Tang Jia San Shao
နဂါးဘုရင်ရဲ့ဒဏ္ဍာရီ
အခန်း(၄၀) ကန်ယွဲ့

(ခိ ခိ!) ဘေးနားတွင် ကောင်းမွန်စွာ ဝတ်စားထားသော မိန်းမပျိုလေးက ရယ်မောလိုက်ပြီး အပြုံးလေးဖြင့်ပြောလိုက်သည်။(သူ့ကိုကြည့်ပါဦး။ သူ့မျက်နှာကနီရဲနေပြီ။ မောင်လေး မင်းမျက်လုံးတွေက အရမ်းလှတာပဲ။)

ချောမောလှပသော မိန်းမပျိုလေးက သူမ၏စကားကို အပြစ်တင်လိုက်သည်။(ယွမ်ယွမ် ဆူဆူညံညံ မလုပ်နဲ့။ မောင်လေးက ပန်းပဲပညာရှင်အဆင့် စာမေးပွဲကို ဖြေချင်တာလား?)

ထန်ဝူလင်းက ခေါင်းညိမ့်လိုက်ပြီး အလောတကြီး ပြန်ဖြေလိုက်သည်။(ဟုတ်!)

ချောမောလှပသော မိန်းမပျိုလေးက ပြောလိုက်သည်။(မင်းမိသားစုကရော ဘယ်မှာလဲ? ဒါမှမဟုတ် မင်းရဲ့ဆရာရော မပါဘူးလား?)

ထန်ဝူလင်းက ခေါင်းခါလိုက်ပြီး (ဆရာက ကျွန်တော့်ကို တစ်ယောက်တည်း သွားခိုင်းပြီး အကြီးအကဲကန်ယွဲ့ကိုရှာဖို့ မှာလိုက်တယ်။)

အကြီးအကဲကန်ယွဲ့၏ နာမည်ကိုကြားလိုက်ရတော့ မိန်းမပျိုလေးနှစ်ယောက်၏ အမူအရာမှာတည်တံ့သွားပြီး ချောမောလှပသည့် မိန်းမပျိုလေးက အလျှင်အမြန် ပြန်‌ေပြာလိုက်သည်။(ဒါဆိုခဏစောင့်ဦးနော်။ အကြီးအကဲကန်ယွဲ့အားလားဆိုတာ အမမေးကြည့်ပေးမယ်။ ဝိညဉ်ဆက်သွယ်ရေးစက်ကနေ အကြီးအကဲကန်ယွဲ့နဲ့ရော စကားပြောဖူးလား?)

ထန်ဝူလင်းက နောက်တစ်ကြိမ် ခေါင်းခါလိုက်သည်။ဘယ်လိုလုပ်ပြီး သူ့မှာ ကိုယ်ပိုင်ဝိညဉ်ဆက်သွယ်ရေးစက်တစ်ခုကို ပိုင်ဆိုင်နိုင်မှာလဲ!? ဝိညဉ်ဆက်သွယ်ရေးစက်သည် အသုံးပြုရလွယ်ကူသော်လည်း ဆက်သွယ်ခနဲ့ ဆက်သွယ်ရေးပစ္စည်းတွေမှာ အလွန်ဈေးကြီးသည်။သူ၏မြို့လေးမှာတောင် ဝိညဉ်ဆက်သွယ်ရေးစက်တစ်ခုသာရှိသည်။သူတောင်မှ အနာဂတ်မှာ သူ့မိဘတွေကို အဆင်ပြေကြောင်း လှမ်းအကြောင်းကြားဖို့ ငွေဒင်္ဂါးသုံးဝိညဉ်ဆက်သွယ်ရေးစက်တစ်ခုကို သူရှာနေခဲ့သည်။

(#ဝိညဉ်ဆက်သွယ်ရေးစက်က တယ်လီဖုန်းအမျိုးအစားပါ။ အရှေ့အပိုင်းမှာ ဆက်သွယ်ရေးသမားလို့ မှားပြန်ထားပါတယ်။ )

Legend of the Dragon King (နဂါးဘုရင်ရဲ့ဒဏ္ဍာရီ)Where stories live. Discover now