Novel:Legend of the Dragon King
Author:Tang Jia San Shao
နဂါးဘုရင်ရဲ့ဒဏ္ဍာရီ
အခန်း(၆) နာအာကိုအိမ်ခေါ်သွားခြင်း(နာအာလား? ဒါအရမ်းကောင်းတဲ့ နမည်ပဲ။ ပြီးတော့ မင်းရဲ့ အသံလေးက အရမ်းသာယာတာပဲ။) တန်ဝူလင်း သူမကို မတ်တတ်ရပ်ဖို့ ကူညီပေးလိုက်သည်။
နာအာက ခေါင်းငြိမ့်လိုက်ပေမယ့် စကားတစ်ခွန်းမှ ပြန်မပြောခဲ့ပါဘူး။
(မင်းရဲ့ အမေနဲ့အဖေရော ဘယ်မှာလဲ? မင်းရဲ့အိမ်ကရော ဘယ်နားမှာလဲ?) တန်ဝူလင်းက မေးလိုက်သည်။
နာအာက ခေါင်းကိုခါလိုက်သည်။
(ဂွီ ဂွီ!) ရုတ်တရက် ကျယ်လောင်သော အသံတစ်ခုသည် သူတို့နှစ်ေယာက်ကြားက ညီညွတ်မှုကို အနှောင့်အယှက်ဖြစ်စေသည်။
တန်ဝူလင်းက သူ၏ဗိုက်ကိုကြည့်ဖို့ အလျှင်အမြန် ခေါင်းကိုနှိမ့်လိုက်သည်။
မကြာခင်မှာပဲ ဆာလောင်နေသည့်အသံက သူ့ဗိုက်ထဲကနေ ထွက်လာတာမဟုတ်ကြောင်း သူသဘောပေါက်သွားသည်။နာအာ၏ မျက်နှာပေါ်တွင် ဖုန်မှုန့်များနှင့် ပေကျံနေသော်လည်း သူမ၏မျက်နှာမှာ ရှက်စိတ်ကြောင့် အနည်းငယ်နီရဲနေသည်။(ဗိုက်ဆာနေတာလား? တကယ်လို့ မင်းအဖေနဲ့အမေကို ရှာမတွေ့ရင် ငါ့အိမ်ကိုခေါ်သွားမယ်။ ငါ့အမေရဲ့ ဟင်းချက်လက်ရာက သိပ်ကောင်းတာ!) တန်ဝူလင်း ပြောသည့်အတိုင်း နာအာ၏လက်ကိုဆွဲပြီး သူ့အိမ်ဘက်ကိုဉီးတည်ကာ နှစ်ယောက်သားအတူတူ လျှောက်လာခဲ့သည်။
နာအာက တန်ဝူလင်းကို ခေါင်းမော့ကြည့်လိုက်သည်။သူမက ဘေးချင်းကပ် လမ်းလျှောက်နေတာကြောင့် တန်ဝူလင်း၏ မျက်နှာတစ်ခြမ်းကိုသာ မြင်ရသည်။ယခင်က တန်ဝူလင်း လူဆိုးတွေနဲ့ တိုက်ခိုက်နေတုန်း သူ၏မျက်နှာမှာ ဒေါသကြောင့် နီရဲသွားခဲ့သည်။အခုေတာ့ တန်ဝူလင်း၏ မျက်နှာက နှင်းဆီရောင်သန်းနေသည်။သူ့မှာ ရှည်လျားသော မျက်တောင်များနှင့် ကြီးမားသောမျက်လုံးတစ်စုံရှိသည်။သူမက တန်ဝူလင်း၏ လေးနက်သော မျက်ဝန်းေတွကို ခိုကိုးရာမဲ့စွာ ငေးကြည့်နေခဲ့သည်။
(အမေ သားအိမ်ပြန်ရောက်ပြီ!) တန်ဝူလင်း အိမ်ထဲကိုမဝင်ခင် အပြင်မှအော်ခေါ်လိုက်သည်။
YOU ARE READING
Legend of the Dragon King (နဂါးဘုရင်ရဲ့ဒဏ္ဍာရီ)
FantasyI am only a translator of Tang Jia San Shao's Novel (Legend of the Dragon King)