နဂါးဘုရင်၏ဒဏ္ဍာရီ အခန်း (၂၅)

85 10 0
                                    

Novel:Legend of the Dragon King
Author:Tang Jia San Shao
နဂါးဘုရင်ရဲ့ဒဏ္ဍာရီ
အခန်း(၂၅) အကြိမ်တစ်ထောင်သန့်စင်ခြင်း

(မင်းမြင်ပြီလား? ငါ့ရဲ့ပထမဆုံးဝိညဉ်ပညာရပ်က ဓား‌ေမြာင်အစွန်းအဖျားပဲ။ ငါနဲ့သင့်တော်တဲ့ နတ်ဝိညဉ်ကို ရွေးချယ်ဖို့ စိတ်ဝိညဉ်ဆရာသခင်ကို ငွေဒင်္ဂါးတစ်သောင်း အပိုပေးခဲ့ရတယ်။ ဒါကြောင့်ငါ့ရဲ့ နတ်ဝိညဉ်က ဓားမြောင်ဖြစ်ပြီးတော့ ငါ့ရဲ့သိုင်းဝိညဉ်နဲ့ လိုက်ဖက်မှုရှိတယ်။ ငါ့ရဲ့ဓားမြောင်အစွန်းအဖျားက အရာအားလုံးကို အနိုင်ယူလိမ့်မယ်!)

ထန်ဝူလင်း သူ၏မျက်ခုံးများကို တွန့်ကွေးလိုက်ပြီး (မင်းဘယ်အချိန်ထိ အဓိပ္ပာယ်မရှိတာတွေ ပြောနေဦးမှာလဲ?)

ဝမ်ယန်ချောင်က သူ့ကို ပြန်ကြည့်လိုက်သည်။(ဒီအချိန်ထိ ရောက်နေတာတောင် မင်းက ငါ့ကို အဓိပ္ပာယ်မရှိတာတွေ ပြောနေတယ်လို့ ထင်နေတုန်းလား? ငါကြောင့် မင်းအနာတရ ဖြစ်သွားမှာကို မလိုလားဘူး။ ဒါကြောင့် မြန်မြန်အရှုံးပေးတယ်လို့ ဝန်ခံလိုက်။ မင်းမလုပ်ရင် ငါ့ဓားက မင်းကို သနားညှာတာနေမှာ မဟုတ်ဘူး‌ေနာ်။) ဝမ်ယန်ချောင် စကားပြောပြီးသည်နှင့် သူ၏လက်ကောက်ဝတ်တွင် ကိုင်ထားသော ဓားမြောင်ကို ဆတ်ခနဲ တစ်ချက်ဝှေ့ယမ်းလိုက်ရာ အနီးနားရှိ သစ်ပင်တစ်ပင်၏ပင်စည်ကို ထိမှန်သွားသည်။ပင်စည်မှာ ပန်ကန်လုံးတစ်လုံးအရွယ်ခန့်ထူသော်လည်း ချက်ချင်းပင် ဖြတ်တောက်ခံလိုက်ရသည်။

ထန်ဝူလင်းက သူ့ကိုအထင်သေးစွာ ပြန်ကြည့်လိုက်သည်။(အပင်တွေက အသက်ရှိသတ္တဝါတစ်မျိုးပဲ။ မင်းမှာ ဘာအကြောင်းပြချက်မှ မရှိဘဲနဲ့ ဖြတ်ပစ်ရတာလဲ?)

ဝမ်ယန်ချောင်က ပြန်ပြောဖို့ ပါးစပ်အဖွင့်မှာ ထန်ဝူလင်း၏ခြေဖဝါးမှ အဖြူ‌‌ေရာင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။တစ်ချိန်တည်းမှာပဲ သူ၏လက်ဖဝါးထက်၌ အပြာရောင်စပျစ်နွယ်မြက်ပင်လေးသည် တဖြည်းဖြည်းချင်း ကြီးထွားလာသည်။

ငွေပြာရောင်မြက်ပင်၏ သေးသွယ်သော စပျစ်နွယ်များသည် ဝမ်ယန်ချောင်ဆီသို့ တိုက်ရိုက် မသွားခဲ့ပေ။အဲ့ဒီအစား နွယ်ပင်၏ အစွန်းအဖျားများက ထန်ဝူလင်း၏ ဘေးပတ်ပတ်လည်ရှိ လေထုထဲတွင် ရပ်တန့်နေခဲ့သည်။အချိန်အနည်းငယ်အကြာမှာ နားကွဲ‌မတတ် အော်သံကြီး၏ ပဲ့တင်သံများ တောအုပ်လေးထဲတွင် ပျံ့နှံ့လာခဲ့သည်။ 

Legend of the Dragon King (နဂါးဘုရင်ရဲ့ဒဏ္ဍာရီ)Where stories live. Discover now