နဂါးဘုရင်ရဲ့ဒဏ္ဍာရီ အခန်း(၃၆)

70 10 0
                                    

Novel:Legend of the Dragon King
Author:Tang Jia San Shao
နဂါးဘုရင်ရဲ့ဒဏ္ဍာရီ
အခန်း(၃၆) ရန်ပွဲ

(အဲ့ဒီပန်းပွင့်ကို ငါ့ညီမ ထိုးပေးထားတာ)

စောင်ပေါ်က ပန်းပွင့်လေးများ၏ပွင့်ချပ်များကို ခရမ်းရောင်ဖြင့် ပုံဖော်ထားပြီး ကျန်သည့်အစိတ်အပိုင်းအားလုံးကို ငွေရောင်ဖြင့် ပုံဖော်ထားသည်။၎င်းမှာသိပ်ပြီးမပြည့်စံုသော်လည်း နာအာ၏အမှတ်တရပစ္စည်း ဖြစ်နေသေးသည်။

ထန်ဝူလင်းက ထိုအချိန်ကို အသေအချာမှတ်မိနေသေးသည်။သူမပန်းထိုးနေစဉ်မှာ သူကဘေးကနေ ရယ်‌ေမာနေခဲ့သေးသည်။သူက သူမကိုတောင် နောက်ပြောင်ကျီစား‌ေနခဲ့သေးသည်။(ဒီလိုပန်းပွင့်သေး‌ေသးလေးတွေက မင်းလောက် ဘယ်လှပါ့မလဲ?)

(ဟေ့ကောင် တောသား! ဒီမှာ ငါကခေါင်းဆောင်ပဲ။ အဲ့ဒါကို မင်းမြဲမြဲမှတ်ထား)? ဇောင်ဇန်ရှီက လက်မဖြင့် သူ့ကိုသူပြန်ထိုးလိုက်ပြီး ထန်ဝူလင်းကိုပြောလိုက်သည်။

တစ်ဖက်မှာ ထိုင်နေသည့် ယွမ်ရှောင်က တစ်ခုခုဖြစ်လာတော့မည်ကို သူရုတ်တရက် ခံစားမိလိုက်သည်။တစ်စံုတစ်ခုက အခန်းရဲ့လေထုကို လွှမ်းမိုးနေပုံရသည်။အခန်းမှာ အရင်ကထက် ပိုပိုပြီးအေးစက်လာသည်။

၎င်းကို သူအာရုံခံစားမိပြီးနောက်မှာ ထန်ဝူလင်းက သူ့ရဲ့ခေါင်းကို ဖြည်းဖြည်းချင်း မြှင့်တင်လိုက်သည်။

သူ၏မျက်လုံးတွေက အနီရောင်အဖြစ်ပြောင်းလဲသွားပြီး သူ၏လက်သီးတွေကို ကျစ်ကျစ်ပါ‌ေအာင် ဆုပ်ထားလိုက်သည်။သူ၏လက်သီးဆုပ်ထားရာမှ (ဖောက်! ဖောက်!) ဟူသော အသံများထွက်ပေါ်လာသည်။

ဇောင်ဇန်ရှီက ထန်ဝူလင်းကို အပေါ်စီးကနေ ငုတ်ကြည့်လိုက်ပြီး ပြောလိုက်သည်။(ဘာလဲ? မင်းကငါ့ကို ထိုးချင်လို့လား?)

ထန်ဝူလင်းသည် သူ၏ညာဘက်လက်သီးဖြင့် ဇောင်ဇန်ရှီကို ထိုးချလိုက်သည်။ထန်ဝူလင်း၏ လက်သီးမှာ အမြှောက်ဆန်ကဲ့သို့ အရှိန်အဟုန်ပြင်းပြင်းဖြင့် ဇောင်ဇန်ရှီ၏ ကိုယ်ပေါ်သို့ ကျရောက်လာခဲ့သည်။ထန်ဝူလင်း၏ လက်သီးဖြတ်သန်းသွားရာ လေထုတစ်လျှောက်မှာ ပေါက်ကွဲသံများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့သည်။

Legend of the Dragon King (နဂါးဘုရင်ရဲ့ဒဏ္ဍာရီ)Where stories live. Discover now