နဂါးဘုရင်၏ဒဏ္ဍာရီ အခန်း (၅၃)

66 8 0
                                    

Novel:Legend of the Dragon King
Author:Tang Jia San Shao
နဂါးဘုရင်ရဲ့ဒဏ္ဍာရီ
အခန်း(၅၃) ကျောက်တုံးအကျဉ်းထောင်ကို ချိုးဖြတ်ခြင်း

ဟန်လန်းကို ကြည့်နေရင်းမှာပဲ ထန်ဝူလင်း၏အမူအရာမှာ အနည်းငယ်တည်ငြိမ်လာခဲ့သည်။သူက ဟန်လန်းရဲ့ အရင်ကတိုက်ပွဲနှစ်ပွဲကို လေ့လာပြီး သူမအတွက် အစီစဉ်တစ်ခုကို စဉ်းစားထားပြီးသားဖြစ်သည်။

အဖြူရောင်ဝိညဉ်ကွင်းက သူမ၏ခြေဖဝါးအောက်မှ လင်းလက်လာပြီး မြေကြီးတုံးပုံစံ နတ်ဝိညဉ်တစ်ခု ထွက်ပေါ်လာခဲ့သည်။သူမက တွန့်ဆုတ်မနေဘဲ သူမ၏လက်ဖဝါးနှစ်ခုကို ထန်ဝူလင်းဘက်သို့ ဦးတည်လိုက်ပြီး အပေါ်သို့ မြှောက်တင်လိုက်သည်။

တုံ့ပြန်မှုအနေနဲ့ ထန်ဝူလင်း၏ ခြေဖဝါးအောက်မှ မြေကြီးပုံစံ အဝါရောင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။ထိုအဝါရောင်ကွင်းထဲမှ လျှပ်တစ်ပြက်အတွင်း ကျောက်တိုင်ကြီးများ ထွက်ပေါ်လာပြီး ထန်ဝူလင်းကို အကျဉ်းထောင်ပုံစံ အထဲမှာပိတ်လှောင်ထားလိုက်သည်။

အကယ်၍ ထန်ဝူလင်း‌ေနရာမှာသာ ရှဲရှဲဆိုရင် ဟန်လန်းက သူ၏လက်ကို အပေါ်သို့ မမြှောက်တင်ခင်မှာဘဲ ကျောက်တုံးအကျဉ်းထောင်ထဲမှ ထွက်ခွာနိုင်လိမ့်မည်။ကံဆိုးစွာပဲ ထန်ဝူလင်းက ရှဲရှဲလိုအလျှင်နှုန်းကို မပိုင်ဆိုင်ထားပေ။ဒါကြောင့်သူက မလှုပ်ရှားခဲ့ခြင်းဖြစ်သည်။

ကျောက်တုံးအကျဉ်းထောင်မှာ တဖြည်းဖြည်းချင်း ကျဉ်းမြောင်းလာပြီး ထန်ဝူလင်းအတွက် လွတ်လမ်းတွေကို ပိတ်ဆို့ထားလိုက်သည်။

ဟန်လန်းသည် သူမ၏မြေကြီးထိန်းချုပ်နိုင်ခြင်းစွမ်းရည်ကို အသုံးချကာ သူမ၏ပြိုင်ဘက်တွေကို ပိတ်လှောင်ထားခဲ့ပြီး အရင်ကပြိုင်ပွဲနှစ်ပွဲကို အနိုင်ယူခဲ့သည်။သူမ၏ ဝိညဉ်ပညာရပ်က ဆယ်နှစ်သက်တမ်းသာ ရှိသော်လည်း သူမ၏ပြိုင်ဘက်တွေကို တိုက်ရိုက်ပိတ်လှောင်ဖို့အတွက် အတော်လေး အစွမ်းထက်သည်။သို့သော်လည်း သူမ၏ဝိညဉ်ပညာရပ်တွင် ကန့်သတ်ချက်အချို့ရှိသည်။ဉပမာအားဖြင့် သူမက ဤဝိညဉ်ပညာရပ်ကို တစ်ကြိမ်အသုံးပြုပြီး နောက်တစ်ကြိမ် အသုံးမပြုခင် စက္ကန့်(၂၀)အထိ စောင့်ရမည်။

Legend of the Dragon King (နဂါးဘုရင်ရဲ့ဒဏ္ဍာရီ)Where stories live. Discover now