နဂါးဘုရင်၏ဒဏ္ဍာရီ အခန်း (၇၀)

58 11 0
                                    

Novel:Legend of the Dragon King
Author:Tang Jia San Shao
နဂါးဘုရင်ရဲ့ဒဏ္ဍာရီ
အခန်း(၇၀) ငါ့အတွက် ပန်းပဲထုပေးနိုင်မလား?

တီ! တီ! ထန်ဝူလင်းသည် ခုတင်ပေါ်တွင် လဲလျောင်းနေစဉ်မှာပဲ ဝိညဉ်ဆက်သွယ်ရေးစက်မှ အသံမြည်လာသည်။

ထန်ဝူလင်းသည် သူ့မှာ ဝိညဉ်ဆက်သွယ်ရေးစက်တစ်ခုကို ပိုင်ဆိုင်ထားမှန်း မေ့လျော့နေခဲ့သည်။ဝိညဉ်သခင်တစ်ယောက်အနေနဲ့ သူ၏ဝိညဉ်စက်သွယ်ရေးစက်မှ ဘက်ထရီကို အားသွင်းရန် ဝိညဉ်လျှပ်စစ်စွမ်းအားကို ဝယ်ယူရန် မလိုအပ်ပါဘူး။သူ၏ ဝိညဉ်ခွန်အားကို အသုံးပြုပြီး ၎င်းကိုအားသွင်းပေးနိုင်သည်။

ဆက်သွယ်ရေးစက်ပေါ်တွင် နံပါတ်တစ်ခုက ပေါ်နေသည်။

(ဟယ်လို) ထန်ဝူလင်းက ခေါ်ဆိုမှုကို ပြန်ဖြေလိုက်သည်။

(မင်းဘာလုပ်နေလဲ?) ရင်းနှီးကျွမ်းဝင်တဲ့အသံသည် ဝိညဉ်ဆက်သွယ်ရေးစက်မှ ထွက်ပေါ်လာသည်။ထန်ဝူလင်းက ထိုအသံကိုကြားပြီးနောက် ချက်ချင်းအံ့အောသွားပြီး ခုတင်ပေါ်တွင် အလျှင်အမြန် ထထိုင်လိုက်သည်။

(ဆရာ)ထိုအသံ၏ပိုင်ရှင်မှာ မန်ထင်ဖြစ်သည်။

(မင်းဘာတွေလုပ်နေတာလဲ? မင်းကဒုတိယအဆင့်အလုပ်လေးကို တစ်ပတ်ကြာပြီးတာတောင် မပြီးသေးဘူးလား?)မန်ထင်က လေသံမာမာဖြင့် ပြောလိုက်သည်။

ထန်ဝူလင်းက အလျှင်အမြန် ‌ပြန်ဖြေလိုက်သည်။(အဲ့လိုမဟုတ်ပါဘူး ဆရာ။ ငါဒီရက်ပိုင်းတွေမှာ လေ့ကျင့်ရေးတွေမှာပဲ အချိန်ကုန်နေတာကြောင့် ဆရာ့ရဲ့အလုပ်ရုံကို မသွားနိုင်သေးလို့ပါ။ ဒါပေမဲ့ မနက်ဖြန် ငါ့ရဲ့နားရက်ဖြစ်တာကြောင့် အလုပ်ရုံကိုသွားဖို့ စီစဉ်ထားပါတယ်။)

မန်ထင်က တစ်ခဏလောက် တွေဝေသွားပြီးမေးလိုက်သည်။(မင်းက ပထမနှစ်ပဲရှိသေးတယ် ဒီလောက်တောင် အလုပ်‌ေတွများနေတာလား?)

ထန်ဝူလင်းက အဖြစ်အပျက်အားလုံးကို မန်ထင်ကို အစအဆုံး အသေချာရှင်းပြလိုက်သည်။သူမန်ထင်နှင့် စကားပြောနေစဉ်မှာပဲ ဇောင်ဇန်ရှီ၊ ယွမ်ရှောင်နှင့် ရှဲရှဲတို့သည် ထန်ဝူလင်းနှင့် စကားပြောဖို့ အခန်းထဲဝင်လာခဲ့သည်။

Legend of the Dragon King (နဂါးဘုရင်ရဲ့ဒဏ္ဍာရီ)Where stories live. Discover now