နဂါးဘုရင်၏ဒဏ္ဍာရီ အခန်း (၇၄)

61 9 0
                                    

Novel:Legend of the Dragon King
Author:Tang Jia San Shao
နဂါးဘုရင်ရဲ့ဒဏ္ဍာရီ
အခန်း(၇၄) သုံးယောက်သားအတူ

ဒီပြိုင်ပွဲမှာ သူ‌တို့တွေက အားစိုက်ထုတ်ခဲ့ပုံမပေါ်ပါဘူး။သူတို့က ပြိုင်ပွဲတစ်ခုလုံးကို တည်တည်ငြိမ်ငြိမ်ဖြင့် ယှဉ်ပြိုင်ခဲ့ပြီး ထန်ဝူလင်းနှင့် ဂူယွဲ့ဆို သူတို့ရဲ့ပြိုင်ဘက်ကို တိုက်ခိုက်ဖို့ ဝိညဉ်ခွန်အားကိုတောင် အသုံးမပြုခဲ့ပါဘူး။

ဝူဇန်ခုံးက ထန်ဝူလင်းကို တစ်ချိန်တုန်းက မှာခဲ့ဖူးသည်။(သူ့ရဲ့ခွန်အားသီးသန့်ဖြင့် ရွယ်တူအများစုကို အနိုင်ယူရန်လုံလောက်ကြောင်း ပြောခဲ့သည်။)

ဝူဇန်ခုံးက အတန်း(၄)ရဲ့ဆရာ ခုံဟန်းဝမ်ကို တစ်ချက်လေးတောင် လှည့်မကြည့်ဘဲ အေးစက်သောလေသံဖြင့် ပြောလိုက်သည်။(အတန်းဖြုတ်လို့ရပြီ။)

ရှဲရှဲနှင့်ထန်ဝူလင်းက နီးနီးကပ်ကပ်ရပ်လိုက်ပြီး ပခုံးချင်းတိုက်လိုက်သည်။(အတန်းမြှင့်တင်ရေးပြိုင်ပွဲကျင်းပနေတာကို ငါတကယ်ဝမ်းသာတယ်။ ဒီလိုဆို ညနေခင်းတိုင်း အထူးလေ့ကျင့်ခန်းကို ငါတို့လုပ်စရာ မလို‌တော့ဘူး။) ယှဉ်ပြိုင်ပွဲတွင် အားအင်အပြည့်နှင့် ယှဉ်ပြိုင်နိုင်ရန် ဝူဇန်ခုံးက အထူးလေ့ကျင့်ခန်းတွေကို ခဏအနားပေးထားသည်။ဒါကြောင့် ရှဲရှဲက အပျော်လွန်နေခြင်းဖြစ်သည်။

လုံဟန်းရှုက ပြိုင်ပွဲစင်ပေါ်မှ မဆင်းခင် စင်ပေါ်က သုံးယောက်ကို ထိတ်လန့်သောအမူအရာများဖြင့် ကြည့်လိုက်သည်။ရှဲရှဲသည် ထန်ဝူလင်းနှင့် ရန်ဖြစ်ခဲ့တာကြောင့် အတန်း(၅)သို့ ပြောင်းရွှေ့ခြင်းခံခဲ့ရသည်။အမှန်တော့ ရှဲရှဲ၏ အရည်အချင်းဖြင့်ဆိုလျှင် အတန်း(၁)မှာသာ တတ်ရောက်သင့်သည်။ဒါ့အပြင် ရှဲရှဲ၏ မိဘတွေက သူ့ကိုအကူအညီတောင်းခဲ့သည်။သူတို့က ရှဲရှဲကို ကိုယ်တိုင် ကြိုးစားအားထုတ်ပြီး သန်မာလာတာကိုပဲ လိုချင်တာကြောင့် သူ့ကိုအတန်း(၅)သို့ ပြောင်းရွှေ့လိုက်ခြင်းဖြစ်သည်။

အခုအချိန်တွင် လုံဟန်းရှု၏အသိစိတ်ထဲ၌ အတွေးများစွာ ဖြစ်ပေါ်နေသည်။အတန်း(၅)သည် ပထမနှစ်ထဲတွင် အညံ့ဆုံးြဖစ်ပြီး ဖိအားအများဆုံးကို ခံရသည်။ဒါ့အပြင် ဝူဇန်ခုံးက သူတို့ဌာနကို ပြောင်းရွှေ့လာခဲ့သည်။မာနကြီးသော ရေခဲမင်းသားလေးက အကယ်ဒမီရဲ့ သင်ကြားပုံနည်းစနစ်တွေကို မလိုက်နာပေမဲ့ သူ့ရဲ့ခွန်အားနှင့် သင်ကြားမှုစွမ်းရည်က အတော်လေး ထူးချွန်တယ်ဆိုတာကိုတော့ ငြင်းမရပေ။

Legend of the Dragon King (နဂါးဘုရင်ရဲ့ဒဏ္ဍာရီ)Where stories live. Discover now