နဂါးဘုရင်၏ဒဏ္ဍာရီ အခန်း (၅၅)

67 9 0
                                    

Novel:Legend of the Dragon King
Author:Tang Jia San Shao
နဂါးဘုရင်ရဲ့ဒဏ္ဍာရီ
အခန်း(၅၅) ဆုလာဘ်မရှိသင့်ဘူးလား?

အမှန်တကယ်ပဲ ထန်ဝူလင်းက ရှဲရှဲ၏တိုက်ခိုက်မှုတိုင်းကို ကာကွယ်ထားနိုင်ခဲ့သည်။ထန်ဝူလင်းရဲ့ စိတ်ထဲမှာတော့ ရှဲရှဲက လူသားတစ်‌ေယာက်မဟုတ်တော့ဘဲ သူပုံသွင်းနေသည့် သတ္တုအပိုင်းအစတစ်ခုလို့သာ မြင်နေသည်။သူ၏အသိစိတ်ထဲမှာ ပုံသွင်းဖို့ကလွဲပြီး အခြားအတွေးတွေကို ဖယ်ရှားလိုက်သည်။ရှဲရှဲ၏ အရင်ကမှုန်ဝါးဝါး တိုက်ခိုက်မှုတိုင်းသည် ပိုပြီးကြည်လင်ပြတ်သားလာသလို နှေးကွေးလာတယ်လို့ သူမြင်နေရသည်။

ထိုအခြေအနေမျိုးကြောင့် သူ၏အနက်ရောင်သတ္တုတူကို အသုံးပြုပြီး ရှဲရှဲ၏တိုက်ခိုက်မှုနှစ်ခုကို ကာကွယ်ထားနိုင်ခဲ့သည်။

ရှဲရှဲသည် သူ၏တတိယမြောက် တိုက်ခိုက်မှုကို မစတင်ခင်သေးမှာဘဲ သူ့ဆီသို့ ပြင်းထန်သော လေပြင်းတစ်ခု တိုက်ခိုက်လာသည်ကို ခံစားရလိုက်သည်။ထန်ဝူလင်းက ရှဲရှဲကို အရင်ဦးအောင် တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။နားကွဲလောက်အောင် စူးရှုသည့်အသံက လေထုထဲတိုးဝင်လာရာ ၎င်း၏လေးလံမှုကို တစ်ချက်ကြည့်ရုံဖြင့် ခန့်မှန်းကြည့်နိုင်သည်။

ရှဲရှဲက အလျှင်အမြန် ရှောင်တိမ်းလိုက်သည်။သို့သော်လည်း ထန်ဝူလင်း၏ စတင်ပြီးတိုက်ခိုက်လိုက်သော သတ္တုတူရိုက်ချက်များသည် မိုးကြိုးမုန်တိုင်းသဖွယ် ရှဲရှဲဆီသို့ နောက်တစ်ကြိမ် ဦးတည်လာခဲ့သည်။ထိုသတ္တုတူများမှ (ဝူ  ဝူ)ဟူသောအသံများ ထွက်ပေါ်လာပြီး မြေပြင်ပေါ်မှ ဖှုန်မှုန့်များကို လွင့်ပျံသွားစေသည်။ရှဲရှဲသည် ထန်ဝူလင်း၏ ထပ်တလဲလဲ ရိုက်ချက်များကို ရှောင်တိမ်းနေရင်း နောက်သို့ဆက်တိုက် ဆုတ်ခွာနေရသည်။

ထန်ဝူလင်း၏ တိုက်ခိုက်မှုတိုင်းကို ကာကွယ်ဖို့ ရှဲရှဲက သူ၏အလင်းရောင်နဂါးဓားမြှောင်ကို အသုံးမပြုခဲ့ပါဘူး။သူက လျှင်မြန်မှုအမျိုးအစား တိုက်ပွဲဝင်ဝိညဉ်သခင်တစ်ယောက်ဖြစ်သည်။သူ၏ ပြိုင်ဘက်က ရုပ်ခွန်အားသီးသန့်ကိုသာ အသုံးပြုနေသည်ကို သူသိသော်လည်း ထိုခွန်အားကို ယှဉ်ပြိုင်နိုင်ဖို့ သူ့မှာယုံကြည့်ချက်မရှိပါဘူး။သူတို့ကြားက ရုပ်ခွန်အားကွာခြားချက်မှာ အတော်လေးများပြားသည်။

Legend of the Dragon King (နဂါးဘုရင်ရဲ့ဒဏ္ဍာရီ)Where stories live. Discover now