နဂါးဘုရင်ရဲ့ဒဏ္ဍာရီ အခန်း (၇)

118 21 0
                                    

Novel:Legend of the Dragon King
Author:Tang Jia San Shao
နဂါးဘုရင်ရဲ့ဒဏ္ဍာရီ
အခန်း(၇) ငါ့ညီမလေးအဖြစ် ဒီမှာပဲနေပါ

တန်ဝူလင်း၏ အသိစိတ်သည် ငွေပြာရောင်မြက်ပင်ကမ္ဘာ၌ နစ်မြုပ်နေစဉ် သူ အသံ‌ေပါင်းများစွာကို ကြားခဲ့သည်လို့ ထင်ခဲ့သည်။၎င်းက တိုးညှင်းပြီး အပိုင်းအစ‌‌လေးများ ဖြစ်နေသော်လည်း နေရာတိုင်းမှ ကြားနေရသည်။

ငွေပြာရောင်မြက်သည် နူးညံ့သိမ်မွေ့သော်လည်း သန်စွမ်းတတ်ကြွမူရှိသည်။၎င်းက တိုက်ကြီးပေါ်တွင် အများဆုံး ပေါက်ရောက်သော အပင်ဖြစ်သည်။သူတို့က လွန်ခဲ့တဲ့နှစ်ပေါင်းများစွာ ကတည်းက အစဉ်အမြဲ တည်ရှိခဲ့သည်။

ရှေးခတ်က ခွန်အားကြီးမားသော ဝိညဉ်သားရဲတွေအားလုံး မျိုးတုန်းလုနီးပါး ဖြစ်ခဲ့သော်လည်း ငွေပြာရောင်မြက်ကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ကမ္ဘာကြီးတစ်ခုလုံးကို ဖုံးလွှမ်းထားခဲ့သည်။

တန်ဝူလင်း၏ အသိစိတ်မျှင်မျှင်လေးက လေထုထဲရှိ သေးငယ်သော စွမ်းအင်အချို့ကို အာရုံခံနိုင်ခဲ့ပြီး ၎င်းကို သူ၏ ခန္ဓာကိုယ်ထဲ စုပ်ယူနိုင်‌ခဲ့သည်။ထိုစွမ်းအင်က သူ့ကိုယ်ထဲမှာရှိတဲ့ အားနည်းသော ဝိညဉ်ခွန်အားနှင့် အပြည့်အဝ ပေါင်းစည်းသွားခဲ့သည်။ထိုသို့ပေါင်းစည်းမှုသည် မြန်မြန်ဆန်ဆန်နှင့် သိသာထင်ရှားမှု မရှိသော်လည်း ‌၎င်းက သူ၏ဝိညဉ်ခွန်အားကို တဖြည်းဖြည်းခြင်း များပြားလာ‌ေစတာကို သူခံစားမိသည်။ဝိညဉ်ခွန်အားက အနည်းငယ်သာ များပြားလာသော်လည်း ၎င်းက တည်တည်ငြိမ်ငြိမ်နဲ့ ဆက်လက်တိုးပွားလာနေသည်။

အချိန်မည်မျှကုန်ဆုံးသွားမှန်းမသိတဲ့နောက် တန်ဝူလင်း ပုံမှန်အတိုင်း တရားထိုင်ခြင်းမှ နိုးထလာခဲ့သည်။တန်ဝူလင်း သူ့ခန္ဓာကိုယ်ထဲမှ အေးချမ်းမူနဲ့ သက်တောင့်သက်သာရှိမူကို ခံစားရလိုက်သည်။၎င်းက သူ့တစ်ကိုယ်လုံး မရေမတွက်နိုင်တဲ့ ငွေပြာရောင်မြက်ပင်အမျှင်လေးများ လွှမ်းခြုံထားသလိုမျိုး ထပ်တူခံစားရသည်။

ဒါပေမဲ့ သူ့အဖေ သူ့ရှေ့မှာ ထိုင်နေတာကို မြင်လိုက်ရတော့ တန်ဝူလင်း အလန့်တကြားဖြစ်သွားခဲ့သည်။

Legend of the Dragon King (နဂါးဘုရင်ရဲ့ဒဏ္ဍာရီ)Where stories live. Discover now