နဂါးဘုရင်၏ဒဏ္ဍာရီ အခန်း (၁၄)

94 14 0
                                    

Novel:Legend of the Dragon King
Author:Tang Jia San Shao
နဂါးဘုရင်ရဲ့ဒဏ္ဍာရီ
အခန်း(၁၄) နောက်ဆုံးတော့ငွေအလုံအလောက်ရခဲ့ပြီ

ထန်ဝူလင်းသည် အိမ်ပြန်ခရီးတစ်လျှောက်လုံး ပျော်ရွှင်စွာ ခုန်ပေါက်ပြေးလွှား သွားခဲ့သည်။အခုချိန်မှာ သူအရမ်းကို‌ေပျာ်နေသည်။

သုံးနှစ်။သုံးနှစ်တောင် ရှိသွားခဲ့ပြီ။သူက အပတ်တကုတ်ကြိုးစားပြီး သတ္တုတုံးများကို သုံးနှစ်လုံးလုံး ထုရိုက်ခဲ့ရသည်။နတ်ဝိညဉ်တစ်ခုအတွက် ငွေအလုံအလောက်ရရှိဖို့ သူက သတ္တုတူကို နေ့စဉ်လွှဲယမ်းခဲ့ရသည်။

သူက ဒီလအတွက် လစာရရင် နတ်ဝိညဉ်တစ်ခုကိုဝယ်ဖို့ ငွေလုံလုံလောက်လောက် ရှိလိမ့်မယ်လို့ အရင်လကတည်းက ကြိုတွက်ထားခဲ့သည်။အခု သူ့လက်ထဲ ငွေတွေ တကယ်ရောက်လာတဲ့အခါမှာ အရမ်းစိတ်လှုပ်ရှားလာပြီး အော်ဟစ်လိုက်ချင်စိတ်များဖြင့် ပြည့်‌ေနသည်။

ငွေဒင်္ဂါးသုံးသောင်းဆိုသည်မှာ အထက်တန်း လူတန်းစားများအတွက် ဘာမှမဟုတ်ပေ။ဒါပေမဲ့ ကိုးနှစ်အရွယ်သာ ရှိသေးသည့် ကလေးတစ်ယောက်အတွက် ရက်ပေါင်းတစ်ထောင်ကျော် ချွေးတွေအပြိုင်းပြိုင်းကျအောင် ကြိုးစားခဲ့ပြီးမှ ရရှိလာခဲ့သည့် အောင်မြင်မူ၏ အသီးအပွင့်ဖြစ်သည်။သူက ဒီငွေတေွရဖို့ ချွေးတွေဘယ်လောက်တောင် ကျခဲ့သလဲဆိုတာမပြောနဲ့ သူတူကိုမြှောက်ခဲ့တဲ့ အကြိမ်အရေအတွက်ကိုတောင် မရေတွက်နိုင်ခဲ့ပါဘူး။

နောက်ဆုံးတော့ သူအောင်မြင်သွားခဲ့ပါပြီ! သူ၏ အောင်မြင်မူအကြောင်းကို သူတွေးလေလေ သူပိုပြီးပျော်လာလေ ဖြစ်သည်။သူ၏ စိတ်ခံစားချက်များကို ယခုချက်ချင်း ‌ဖွင့်ထုတ်ဖို့ အချိန်မကျသေးပါဘူး။

သူသာ အဆင့်ကိုးရဲ့ အတားအဆီးကို ကျော်ဖြတ်နိုင်ခဲ့ရင် နတ်ဝိညဉ်တစ်ခုကို ပိုင်ဆိုင်နိုင်လိမ့်မည်။အဲ့နေ့ရက်တွေက သူနဲ့ အရမ်းကို‌ နီးကပ်နေတာကြောင့် သူက နေ့တိုင်းတစ်ရက်ပြီးတစ်ရက် ရေတွက်နေခဲ့သည်။သူက ဘွဲ့မရခင် ဝိညဉ်ခွန်အားအဆင့်တစ်ဆယ်ကို ချိုးဖြတ်နိုင်လိမ့်မည်ဟု ယုံကြည်ချက်ရှိသည်။ဝိညဉ်ခွန်အားအဆင့်တစ်ဆယ်မှာ သူသည် ဝိညဉ်သခင်တစ်ယောက် ဖြစ်လာတော့မဲ့ လက္ခဏာဖြစ်သည်။

သူသည် ပန်းပဲထုခြင်းကို သဘောကျနှစ်သက်သော်လည်း ထိုအလုပ်ကို သူ၏အသက်မွေးဝမ်းကျောင်းအဖြစ် မလုပ်ချင်ပါဘူး။သူ၏ အိမ်မက်က အနာဂတ်မှာ ဝိညဉ်သခင်တစ်ယောက် ဖြစ်ချင်နေတုန်းပါပဲ။ဒါ့အပြင်သူက အနာဂတ်မှာ လက်နက်ယန္တရားပညာရှင် တစ်ယောက်ဖြစ်လာဖို့လည်း စိတ်ကူးယဉ်ထားပါသေးသည်။

ယောက်ျားလေးတိုင်းမှာ ဒီလိုအိပ်မက်မျိုးရှိခဲ့ဖူးပေမယ့် သူတို့ရဲ့ အိပ်မက်တွေကိုအကောင်အထည်ဖော်ဖို့ လိုအပ်တဲ့အားထုတ်မူတွေကို လူဘယ်နှစ်ယောက်များ အောင်မြင်အောင် ကြိုးစားနိုင်မှာလဲ?

Legend of the Dragon King (နဂါးဘုရင်ရဲ့ဒဏ္ဍာရီ)Where stories live. Discover now