နဂါးဘုရင်၏ဒဏ္ဍာရီ အခန်း (၇၉)

67 8 0
                                    

Novel:Legend of the Dragon King
Author:Tang Jia San Shao
နဂါးဘုရင်ရဲ့ဒဏ္ဍာရီ
အခန်း(၇၉) အလင်းရောင်နဂါးဓားမြှောင်နှင့် ရွှေရောင်အကြေးခွံများ

အပြန်လမ်းတွင် ထန်ဝူလင်းသည် တစ်စုံတစ်ခုကို လေးလေးနက်နက် တွေးနေခဲ့သည်။ဂူယွဲ့ကလည်း အတွေးနယ်ချဲ့နေသလို ရှဲရှဲက သူ၏မျက်ခုံးများကို ကျုံ့ထားသည်။သူတို့သုံးယောက်လုံးက အတွေးကိုယ်စီဖြင့် အကယ်ဒမီသို့ ပြန်လာခဲ့ကြသည်။

(ငါပြန်တော့မယ်။) သူတို့ အကယ်ဒမီသို့ ပြန်ရောက်ရောက်ချင်း ဂူယွဲ့က သူတို့နှစ်ယောက်ကို နှုတ်ဆက်လိုက်ပြီး မိန်းကလေး အဆောင်သို့ ပြန်သွားခဲ့သည်။ထန်ဝူလင်းနှင့် ရှဲရှဲကတော့ သူတို့ရဲ့ကိုယ်ပိုင်အခန်းဆီသို့ ပြန်လာခဲ့သည်။

(ရှဲရှဲ၊ ခဏနေဦး။)သူတို့အခန်းဝရှေ့ ရောက်ရောက်ချင်း ထန်ဝူလင်းက ရှဲရှဲကိုလှမ်းပြောလိုက်သည်။

(ဘာလဲ?)ရှဲရှဲက သူ့ကိုသံသယဖြစ်စွာ ကြည့်လိုက်ပြီး မေးလိုက်သည်။

ထန်ဝူလင်းက သူ့ကိုစိုက်ကြည့်လိုက်ပြီး ပြောလိုက်သည်။(ငါ့ရဲ့ရွှေရောင်အကြေးခွံတွေ ထွက်ပေါ်လာအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ငါသိပြီ။)

ရှဲရှဲက အလန့်တကြားဖြစ်သွားသည်။(မင်းသိပြီလား? ဒါဆိုလည်း မြန်မြန်ပြောလေ။)

ထန်ဝူလင်းက ပြောလိုက်သည်။(ပထမဆုံးအကြိမ် ရွှေရောင်အကြေးခွံတွေ ထွက်ပေါ်လာပြီးနောက်မှာ နောက်တစ်ကြိမ်ထွက်ပေါ်လာဖို့ နည်းမျိုးစုံနဲ့ ငါကြိုးစားခဲ့တယ်။ ငါ့ရဲ့ဝိညဉ်ခွန်အားကို နည်းမျိုးစုံနဲ့ လှည့်ပတ်ကြည့်တယ်၊ နာကျင်အောင်ပြုလုပ်တယ်၊ ဝိညဉ်ခွန်အားကုန်ဆုံးအောင်လည်း ငါလုပ်ခဲ့တယ်။ ဒါပေမဲ့ ရွှေရောင်အကြေးခွံတွေက ထွက်ပေါ်မလာခဲ့ဘူး။ ဒီနေ့ နောက်တစ်ကြိမ် ထွက်ပေါ်လာတဲ့အခါမှာ အရင်တစ်ခေါက်ကနဲ့ တူညီတဲ့အရာတစ်ခု ဖြစ်ခဲ့တယ်။)

(အဲ့ဒါကဘာလဲ?)ရှဲရှဲက သိချင်စိတ် ပြင်းပြစွာဖြင့် မေးလိုက်သည်။

ထန်ဝူလင်း ပြောလိုက်သည်။(အဲ့ဒါက အလင်းရောင်နဂါးဓားမြှောင်ပဲ။ ပထမဆုံး ရွှေရောင်အကြေးခွံတွေ ထွက်ပေါ်လာတုန်းက မင်းက ငါ့ကို အလင်းရောင်နဂါးဓားမြှောင်နဲ့ ထိုးခဲ့တယ်။ ဒီနေ့လည်း ရွှေရောင်အကြေးခွံတွေ ထွက်ပေါ်မလာခင်မှာပဲ မင်းရဲ့အလင်းရောင်နဂါးဓားမြှောင်နဲ့ ထိုးမိသွားခဲ့တယ်။)

Legend of the Dragon King (နဂါးဘုရင်ရဲ့ဒဏ္ဍာရီ)Where stories live. Discover now