Novel:Legend of the Dragon King
Author:Tang Jia San Shao
နဂါးဘုရင်ရဲ့ဒဏ္ဍာရီ
အခန်း(၆၃) ဂူယွဲ့နဲ့ ရှဲရှဲ တိုက်ခိုက်ခြင်းဂူယွဲ့က သူ့ကိုတစ်ချက်လေးတောင် လှည့်မကြည့်ခဲ့ပါဘူး။အဲ့ဒီအစား သူမက ပတ်ဝန်းကျင်တစ်ခုလုံးကို စူးစမ်းလိုစိတ်အပြည့်ဖြင့် ကြည့်လိုက်သည်။
ဝူဇန်ခုံးက သူ့ကိုကြည့်လိုက်ပြီး ပြောလိုက်သည်။(ကိုယ့်ရဲ့ပြိုင်ဘက်ကို အထင်သေးတာက ကောင်းတဲ့အမူအကျင့် မဟုတ်ဘူး။)
ဂူယွဲ့က ပြန်ပြောလိုက်သည်။(ငါသူ့ကို အထင်မသေးပါဘူး!) သူမပါးစပ်က ထိုသို့ပြောသော်လည်း သူမ၏မျက်လုံးတွေမှတဆင့် ရှဲရှဲက သူ့ပြိုင်ဘက်ဖြစ်ဖို့ မထိုက်တန်ဘူးလို့ ပြောနေသည်။
ဝူဇန်ခုံးက ဘာမှထပ်မပြောတော့ပါဘူး။အဲ့ဒီအစား သူက ပြေးနေသည့် ကျောင်းသားတွေကိုသာ အာရုံထားလိုက်သည်။
ထန်ဝူလင်း၏ခြေလှမ်းတွေကို မြန်တယ်လို့ မသတ်မှတ်နိုင်ပေမဲ့ သတ္တုအင်္ကျီနှစ်ထည်ကို ဝတ်ဆင်ထားတာတောင် သူကအလွန်တည်ငြိမ်နေသည်။ထိုကဲ့သိုပုံစံဖြင့် သူကအရှေ့သို့ ဆက်ပြေးနေခဲ့သည်။သူ၏အနောက်ကသူမှာ ဇောင်ဇန်ရှီဖြစ်ပြီး သူ၏ကြံ့ခိုင်သော ခန္ဓာကိုယ်က ဒီလိုရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းမျိုးတွင် အားသာချက်ေပးေနသည်။
ပြေးနေရင်းမှာပဲ ထန်ဝူလင်း၏ စိတ်အာရုံသည် ကစားကွင်းအလယ်သို့ ရောက်ရှိသွားသည်။ဒီကောင်မလေး ဘာကြောင့် ရုတ်တရက် ပေါ်လာရတာလဲဆိုတာ သူစူးစမ်းချင်နေသည်။
သူက ထိုအသစ်ကောင်မလေးကို ကြည့်နေစဉ်မှာပဲ ဂူယွဲ့ကသူ့ကိုပြန်ကြည့်လိုက်ရာ သူတို့နှစ်ယောက်၏ အကြည်ချင်းဆုံသွားကြသည်။ဂူယွဲ့၏မျက်လုံးထဲတွင် အဓိပ္ပာယ်ရှိသော အကြည့်တစ်ခုပါဝင်နေပြီး ၎င်းက ထန်ဝူလင်းအတွက် အလွန်စူးရှသောခံစားချက်ကို ပေးစွမ်းနေသည်။
မိနစ်နှစ်ဆယ်ကုန်လွန်ပြီးနောက်...
ရှဲရှဲက ရုတ်တရက် မတ်တတ်ထရပ်လိုက်ပြီး အရှေ့သို့ထွက်ကာ သွေးပူလေ့ကျင့်ခန်းလုပ်သည့်အနေနဲ့ ကိုယ်လက်လေ့ကျင့်ခန်းအချို့ကို ပြုလုပ်လိုက်သည်။သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် စွမ်းအင်များဖြင့် တဖန်ပြည့်ဝလာသည်။
YOU ARE READING
Legend of the Dragon King (နဂါးဘုရင်ရဲ့ဒဏ္ဍာရီ)
FantasyI am only a translator of Tang Jia San Shao's Novel (Legend of the Dragon King)