နဂါးဘုရင်၏ဒဏ္ဍာရီ အခန်း (၄၇)

69 8 0
                                    

Novel:Legend of the Dragon King
Author:Tang Jia San Shao
နဂါးဘုရင်ရဲ့ဒဏ္ဍာရီ
အခန်း(၄၇) အရှ့ပင်လယ်ပန်းခြံမှတိုက်ပွဲ

အရှေ့ပင်လယ်ပန်းခြံနှင့် အကယ်ဒမီမှာ သိပ်မဝေးပေ။အကယ်ဒမီ၏ထွက်ပေါက်မှ လမ်းလျှောက်သွားလျှင် ဆယ်မိနစ်သာကြာသည်။ပန်းခြံထဲကို မည်သည့်အခကြေးငွေမှ ပေးစရာမလိုဘဲ မည်သူမဆိုဝင်ရောက်နိုင်သည်။အခုချိန်‌သည် မနက်ခင်းအချိန်ပဲရှိသေးတာကြောင့် နံနက်ခင်းလေ့ကျင့်ခန်းလုပ်နေကြသော လူအများအပြားရှိနေကြသည်။

ပန်းခြံထဲမှာလမ်းလျှောက်လျှင် သစ်ပင်ကြီးတွေရဲ့ လတ်ဆတ်‌ေသာရနံ၊ ပန်းပွင့်လေးတွေရဲ့ မွှေးကြိုင်‌ေသာရနံများက သန့်ရှင်းသောလေထုထဲ ပေါင်းစည်းသွားပြီး သူတို့၏စိတ်အာရုံကိုလန်းဆန်းသွားစေသည်။ထန်ဝူလင်းသည် သူ၏စိတ်က တဖြည်းဖြည်း ကြည်လင်လာတာကို ခံစားမိလိုက်သည်။သူ၏ငွေပြာရောင်မြက်သိုင်းဝိညဉ်သည် အပင်အမျိုးအစားဖြစ်တာကြောင့်ရယ် လက်ရှိ သူ၏ဘေးပတ်ပတ်လည်တွင် ငွေပြာရောင်မြက်များဝန်းရံထားတာကြောင့်ရယ် ဒီလိုပတ်ဝန်းကျင်မျိုးက သူအကြိုက်ဆုံးနေရာဖြစ်သည်။

အကယ်၍သူသာ ဒီနေရာမှာ တရားထိုင်ရင်အခန်းထဲမှာထက် ပိုပြီးရလဒ်ကောင်းတွေရလိမ့်မယ်ဆိုတာ သူသေချာသည်။ဒါ‌ေကြာင့်ပဲ ကျက်သရေမြို့တော်မှာတုန်းက အိမ်မှာတရားထိုင်တာထက် ကစားကွင်းမှာပိုပြီးတရားထိုင်ဖြစ်ခဲ့သည်။သို့‌ေသာ် သူတို့မြို့ကကစားကွင်းလေးနဲ့ အရှေ့ပင်လယ်ပန်းခြံတို့၏ အရွယ်အစား ကွာခြားချက်မှာ နှိုင်းယှဉ်ဖို့ရန် မဖြစ်နိုင်ပေ။

ရှဲရှဲကတော့ ဒီနေရာကို ပထမဆုံးအကြိမ်ရောက်ဖူးခြင်း မဟုတ်တာကြောင့် သိပ်ပြီးတော့ မအံ့အောခဲ့ပေ။သူက ပန်းခြံ၏အတွင်းနေရာများကိုပင် သွားလာခဲ့ဖူးသည်။

ကျောက်စရစ်ခင်းထားသော လမ်းလေးအတိုင်း ပန်းခြံအတွင်းသို့ဝင်လာရာ အထဲရှိသစ်ပင်ကြီးများ၏ အရွယ်အစားမှာ အတော်လေးကွဲပြားနေကြောင်း သတိထားမိနိုင်သည်။အတွင်းပိုင်းသို့ဝင်ရောက်လာလေ သစ်ပင်ကြီးများ၏အရွယ်အစားမှာ ပိုကြီး‌လာလေဖြစ်သည်။အရှေ့ပင်လယ်ပန်းခြံသည် နှစ်ပေါင်းတစ်ထောင်ကျော် သမိုင်းကြောင်း ရှိခဲ့သည်။၎င်း၏နှစ်ပေါင်းကြာရှည်သော သမိုင်းကြောင်းနှင့်အတူ ပန်းခြံထဲတွင် မတူညီသောအမျိုးအစားပေါင်းစုံမှ သစ်ပင်များအပြင် ရှားပါးမျိုးစိတ်ကွဲသစ်ပင်များလည်းရှိသည်။

Legend of the Dragon King (နဂါးဘုရင်ရဲ့ဒဏ္ဍာရီ)Where stories live. Discover now