Novel:Legend of the Dragon King
Author:Tang Jia San Shao
နဂါးဘုရင်ရဲ့ဒဏ္ဍာရီ
အခန်း(၃၈) လျော်ကြေးများအခြားတစ်ဖက်က နှစ်ထပ်ကုတင်တွင် အပေါ်ထပ်မှာ ဇောင်ဇန်ရှီကြောင့် ပျက်စီးသွားပြီး အောက်ထပ်မှာတော့ အကောင်းတိုင်းကျန်ရှိနေသေးသည်။
ထန်ဝူလင်းက သူ့ရဲ့ပစ္စည်းေတွကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ဖုန်ခါလိုက်ပြီး ကြမ်းပြင်ပေါ်ကျနေသည့် ကျောပိုးအိတ်ထဲသို့ ကောက်ထည့်လိုက်သည်။ပြီးနောက် သူကလွတ်ေနသည့် အောက်ထပ်က ကုတင်ပေါ်မှာ ဝင်ထိုင်လိုက်ပြီး ဇောင်ဇန်ရှီကို အေးစက်စွာကြည့်လိုက်သည်။
(ထစမ်း!) ဇောင်ဇန်ရှီက အော်ပြောလိုက်သည်။
ထန်ဝူလင်းက အေးစက်စွာကြည့်လိုက်ပြီး ပြန်ပြောလိုက်သည်။(ထွက်သွား)
(မင်း...) ဇောင်ဇန်ရှီက ဒေါသထွက်သွားသည်။
(စိတ်လိုက်မာန်ပါမလုပ်ကြပါနဲ့! ဒါရိုက်တာလုံ ဘာပြောခဲ့လဲ မေ့နေကြပြီလား? မင်းတို့အနာဂတ်မှာ ယန္တရားပညာရှင် မဖြစ်ချင်တော့ဘူးလား?) ယွမ်ရှောင်က အပေါ်ထပ်ကနေ ဆင်းလာပြီးပြောလိုက်သည်။
ထန်ဝူလင်းက ကျိုးပဲ့နေတဲ့ အပေါ်ထပ်ကကုတင်ကို ကောက်ယူလိုက်ပြီး အပိုင်းပိုင်းဆုတ်ဖြဲလိုက်ကာ ပြတင်းပေါက်ကနေ လွှတ်ပစ်လိုက်သည်။အေပါ်ထပ်က ကုတင်တစ်ခုလုံးမှာ ယခင်ကတည်းက လုံးဝမရှိခဲ့သည့်အတိုင်း ပြောင်သလင်းခါသွားသည်။ယင်းက ဇောင်ဇန်ရှီကို ပိုပြီးဒေါသထွက်သွားစေသည်။
(ဒါက ဒီမှာထားရမှာလား?။) လူလတ်ပိုင်းအသက်အရွယ်နဲ့ အကယ်ဒမီမှ ဝန်ထမ်းတစ်ယောက်သည် သစ်သားကုတင်တစ်လုံးနဲ့အတူ အခန်းထဲဝင်လာသည်။
ကောင်လေးလေးယောက်ကြားမှာ ထွက်ပေါ်နေသည့် ထူးဆန်းသည့်လေထုကို ကြည့်လိုက်ပြီး သူကရယ်မောလိုက်သည်။(ဒါကကောင်းတယ်။ ကျောင်းရဲ့ပထမဆုံးနေ့မှာပဲ မင်းတို့ကောင်တွေက ရန်ဖြစ်နေကြတယ်ပေါ့။ မင်းတို့ကောင်တွေ တောက်ပတဲ့ အနာဂတ်ကို ပိုင်ဆိုင်မှာ သေချာတယ်။ တကယ်လို့ မင်းတို့ကောင်တွေ အနာဂတ်မှာ ဆက်ပြီးချချင်ေသးရင်လည်း စိတ်မပူနဲ့။ ဒီမှာကုတင်တစ်လုံး ရှိသေးတယ်။ ကျိုးကြေအောင်သာ အားအပြည့်နဲ့ချ။ ကုတင်တစ်လုံးမှ ငွေဒင်္ဂါးတစ်သောင်းပဲ ကုန်ကျတယ်။ မင်းတို့ကောင်တွေ ဆက်ပြီးသတ်ကြပုတ်ကြလေ ငါရမဲ့အပိုစုက ပိုများလာလေပဲ။) အဲ့လိုပြောပြီးသည့်နှင့် သူယူလာသည့်ကုတင်ကို အပေါ်ထပ်တွင် တပ်ဆင်လိုက်သည်။နှစ်ထပ်ကုတင်၏စင်နှင့် သူယူလာသည့်ကုတင်မှာ ကွက်တိကျနေသည်။
YOU ARE READING
Legend of the Dragon King (နဂါးဘုရင်ရဲ့ဒဏ္ဍာရီ)
FantasyI am only a translator of Tang Jia San Shao's Novel (Legend of the Dragon King)