Novel:Legend of the Dragon King
Author:Tang Jia San Shao
နဂါးဘုရင်ရဲ့ဒဏ္ဍာရီ
အခန်း(၄၉) ရွှေရောင်အကြေးခွံတွေကိုရှာတွေ့ဖို့မဖြစ်နိုင်ပါရှဲရှဲသည် သူ၏နှလုံးသားထဲတွင် ဝမ်းနည်းခြင်းများ၊ ဒေါသများဖြင့်ပြည့်နေသည်။
ဤတစ်ကြိမ်သည် သူ၏ပထမဆုံးအကြိမ်ရှုံးနိမ့်ခြင်းဆိုလျှင် သူ၏သတိမဲ့မှုကြောင့် ဖြစ်လိမ့်မည်။သို့သော် ဤတစ်ကြိမ်သည် သူ၏ဒုတိယမြောက် ရှုံးနိမ့်ခြင်းဖြစ်သည်။ဒါ့အပြင် သူက အစကနေအဆုံးထိ ဘာကြောင့်ရှုံးနိမ့်သွားလဲဆိုတာ အခုထိမသိသေးပါဘူး။သူက ထန်ဝူလင်း၏ပခံုးကဒဏ်ရာကိုစစ်ဆေးကြည့်ရာ မည်သည့်အရာမှကျန်ရှိမနေသည်ကို သူတွေ့လိုက်ရသည်။
(ဒီကောင်မှာ လျှို့ဝှက်ချက်တစ်ခု ရှိရမယ်!)
(ရွှေရောင်အလင်းက ဘာလဲ?) ရှဲရှဲက သူ့စိတ်ကိုတည်ငြိမ်အောင် ထားလိုက်ပြီး သေသေချာချာ မေးလိုက်သည်။
(ရွှေဝါကို ပြောတာလား? ရွှေဝါက ငါ့ရဲ့နတ်ဝိညဉ်လေ!) ထန်ဝူလင်း၏လက်ထဲတွင် အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။ထို့နောက် သူ၏လက်ဖဝါးထက်၌ အဝါရောင်မြက်မြွေလေးတစ်ကောင် ထွက်ပေါ်လာသည်။
(ငါက မင်းရဲ့ ခန္ဓာကိုယ်ထဲကထွက်ပေါ်လာတဲ့ ရွှေရောင်အလင်းတန်းကို ပြောနေတာ!) ရှဲရှဲက ဒေါသတကြီးဖြင့်ပြောလိုက်သည်။ဒီကောင်က သူ့ကိုစော်ကားရုံတင်မကဘဲ သူ၏အသိဉာဏ်ကိုပါ စော်ကားနေသည်။ဒါကို သူသည်းမခံနိုင်ဘူး။
ထန်ဝူလင်းက အနည်းငယ် ခါးသီးသောရယ်သံကို ထုတ်ဖော်လိုက်ပြီး (ငါမင်းကိုပြောပြချင်ရင်တောင် အဲ့ဒါကဘာလဲဆိုတာ ငါကိုယ်တိုင်တောင် မသိဘူး။ မင်းနားလည်ပြီလား?)
ရှဲရှဲက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ထန်ဝူလင်းအပေါ် သူ၏သဘောထားကို ထုတ်ပြလိုက်သည်။
ထန်ဝူလင်းက ရှဲရှဲကို ထမ်းပိုးလာပြီး ခုတင်ပေါ်တင်ပေးလိုက်သောအခါ ယွမ်ရှောင်နှင့် ဇောင်ဇန်ရှီတို့နှစ်ယောက်လုံး အံ့အောမှင်သက်သွားကြသည်။
ဇောင်ဇန်ရှီက ထန်ဝူလင်းကို ကြည့်ပြီးမေးလိုက်သည်။(ဒီကောင်က မင်းကိုရိုက်ချင်နေတာလေ၊ ဒါတောင်မင်းက သူ့ကိုပြန်ခေါ်လာသေးတာလား?)
ရှဲရှဲ၏ မျက်နှာပေါ်က ရောင်ကိုင်းမှုများသည် တိုက်ပွဲ၏အဖြေကို သိသာပေါ်လွင်စေသည်။
YOU ARE READING
Legend of the Dragon King (နဂါးဘုရင်ရဲ့ဒဏ္ဍာရီ)
FantezieI am only a translator of Tang Jia San Shao's Novel (Legend of the Dragon King)