Novel:Legend of the Dragon King
Author:Tang Jia San Shao
နဂါးဘုရင်ရဲ့ဒဏ္ဍာရီ
အခန်း(၃၅) အခန်းဖော်များ(#တရုတ်နမည်တွေက အသံထွက် မှားနိုင်ပါတယ်)
သူတို့ရှေ့ကနံရံကြီးသည် အရှေ့ပင်လယ်အကယ်ဒမီ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။သူတို့နဲ့သိပ်မဝေးသောနေရာ၌ အကယ်ဒမီ၏ကြီးမားသော ကျောက်တုံးဂိတ်ကြီးများက ခံ့ညားထည်ဝါသော ခံစားချက်ကို ပေးစွမ်းနေသည်။
အရှေ့ပင်လယ်အကယ်ဒမီသည် အလယ်လတ်အကယ်ဒမီနှင့် အဆင့်မြင့်အကယ်ဒမီနှစ်ခုလုံးဖြင့် ဖွဲ့စည်းထားသော အလွန်ကြီးမားသည့် အကယ်ဒမီကြီးတစ်ခုဖြစ်သည်။လွီယုချင်းသည် အဆင့်မြင့်အကယ်ဒမီမှ ကျောင်းသူတစ်ဦးဖြစ်သည်။
အလယ်လတ်အကယ်ဒမီနှင့် အဆင့်မြင့်အကယ်ဒမီမှာ စကားလုံးတစ်လုံးသာ ကွာခြားသည်ဟု ရိုးရိုးရှင်းရှင်း ယူဆလို့မရနိုင်ပါဘူး။တကယ့်လက်တွေ့မှာတော့ ၎င်းတို့နှစ်ခုကြားက ကွာခြားချက်မှာ အလွန်ကြီးမားသည်။
အလယ်လတ်အကယ်ဒမီသည် မသင်မနေရပညာရေးစနစ်အောက်တွင် ရှိနေဆဲဖြစ်တာကြောင့် သင်တန်းကြေးမှာ ပေးစရာမလိုပေ။အရှေ့ပင်လယ် အကယ်ဒမီသည် ဝိညဉ်သခင်များအတွက် သီးသန့်အကယ်ဒမီတစ်ခုဖြစ်ပြီး အလယ်လတ်အကယ်ဒမီသည် စုစုပေါင်းဧရိယာ၏ သုံးပုံနှစ်ပုံကိုယူထားသည်။အခြားတစ်ဖက်တွင်မူ ဧရိယာ၏သုံးပုံတစ်ပုံသာ ယူထားသော အဆင့်မြင့်အကယ်ဒမီသည် အကယ်ဒမီ၏အရေးအပါဆုံးအစိတ်အပိုင်းတစ်ခု ဖြစ်နေသေးသည်။ဝိညဉ်သခင်တစ်ယောက်ဖြစ်ပြီး အရှေ့ပင်လယ်မြို့၏ ကြီးမားသောဧရိယာအတွင်း နေထိုင်သူတစ်ဦးဖြစ်လျှင် သို့မဟုတ် အခြေခံအကယ်ဒမီမှ ဝိညဉ်သခင်တစ်ေယာက်ဖြစ်ကြောင်း ထောက်ခံစာရရှိထားသူတစ်ဦးဖြစ်လျှင် အလယ်လတ်အကယ်ဒမီကို တတ်ရောက်နိုင်ပြီး ပညာသင်ကြားနိုင်သည်။သူတို့က အလယ်လတ်အကယ်ဒမီတွင် ခြောက်နှစ်ပညာသင်ကြားရမည်။ဘွဲ့ရပြီးသည့်ကျောင်းသူကျောင်းသားတွေက အဆင့်မြင့်အကယ်ဒမီတွင် တတ်ရောက်ဖို့ ဝင်ခွင့်စာမေးပွဲကို ဖြေဆိုရမည်။သို့ပေမဲ့ ဖြေဆိုသူ ဆယ်ပုံတစ်ပုံပင် ဝင်ခွင့်စာမေးပွဲကို မကျော်ဖြတ်နိုင်ကြပါဘူး။
အဆင့်မြင့်အကယ်ဒမီသည် မသင်မနေရပညာရေးစနစ်အောက်တွင် မရှိသောကြောင့် ဖြေဆိုသူတွေက တင်းကျပ်သောစာမေးပွဲပေါင်းများစွာကို ရင်ဆိုင်တွေ့ကြုံရလိမ့်မည်။အဆင့်မြင့်အကယ်ဒမီကို တတ်ရောက်နိုင်သည့် မည်သူမဆို အထက်တန်းလွှာလို့ သတ်မှတ်ခံရလိမ့်မည်။
YOU ARE READING
Legend of the Dragon King (နဂါးဘုရင်ရဲ့ဒဏ္ဍာရီ)
FantasyI am only a translator of Tang Jia San Shao's Novel (Legend of the Dragon King)