နဂါးဘုရင်၏ဒဏ္ဍာရီ အခန်း (၂၂)

92 12 0
                                    

Novel:Legend of the Dragon King
Author:Tang Jia San Shao
နဂါးဘုရင်ရဲ့ဒဏ္ဍာရီ
အခန်း(၂၂) ဆရာကဝိညဉ်သခင်လား?

နောက်ဆုံးတော့ ထန်ဝူလင်း သူ့ကိုသတိထားမိသွားပြီး အလျှင်အမြန်‌‌ေပြာလိုက်သည်။

(ဆရာ)

မန်ထင်က ခေါင်းညိမ့်လိုက်ပြီး ပြောလိုက်သည်။ (ဒီနားကိုလာ)

ထန်ဝူလင်း သူ့အမေကို ကြည့်လိုက်သည်။ပြီးနောက် ကုတင်ပေါ်ကနေ မဆင်းလာခင် သူ့ဆရာကို ကြည့်လိုက်သည်။ထန်ဝူလင်း သူ၏ညာဘက်လက်ကို မြှောက်လိုက်ပြီး အတွေးတစ်ချက်နဲ့တင် မှောင်မည်း‌နေသော အခန်းလေးသည် ချက်ချင်းလင်းထိန်လာသည်။

အဖြူရောင်အလင်းကွင်းတစ်ခုသည် ထန်ဝူလင်း၏ ခြေဖဝါးမှ နှေးကွေးစွာ ထွက်ခွာလာပြီး သူ၏ခန္ဓာကိုယ်ပတ်ပတ်လည်တွင် စည်းချက်ကျကျ လှည့်ပတ်နေသည်။

ဒါက ဝိညဉ်သခင်ရဲ့ ဝိညဉ်ကွင်းပဲ။အဖြူရောင်ကွင်းက ဆက်နှစ်သက်တမ်းရှိသော ဝိညဉ်ကွင်းကို ကိုယ်စားပြုပြီး အဆင့်နိမ့်ဆုံးပဲ။

နတ်ဝိညဉ်များ မပေါ်သေးသော လွန်ခဲ့သောနှစ်ပေါင်းတစ်သောင်းက ဝိညဉ်ကွင်းများသည် ဝိညဉ်သခင်များ၏ အထင်ရှားဆုံး ဝိသေသလက္ခဏာ တစ်ခုအဖြစ်ကျော်ကြားခဲ့သည်။

ထန်ဝူလင်း သူ၏လက်ကိုဖွင့်လိုက်ပြီး တောက်ပသော အဝါရောင်အလင်းတစ်ခုကို ထုတ်ဖော်လိုက်သည်။အလင်းထဲတွင် မြက်မြွေတစ်ကောင် ထွက်ပေါ်လာသည်။တစ်ချိန်တည်းမှာပဲ လက်တစ်ချောင်းအရွယ်ခန့်ထူသော ဓားသွားပုံစံ အပြာရောင်စပျစ်နွယ် မြက်ပင်လေးသည် လေထဲတွင် လှည့်ရမ်းနေသည်။စပျစ်နွယ်များသည် အပြင်ဘက်သို့ ပျံ့နှံ့သွားပြီး သိပ်မကြာခင်မှာဘဲ အခန်းတစ်ခုလုံး စပျစ်နွယ်များဖြင့် ပြည့်နှက်သွားသည်။

သူဝိညဉ်သခင်ဖြစ်လာပြီးနောက် ပထမဆုံးအကြိမ်အဖြစ် သူ၏သိုင်းဝိညဉ်ကို ထုတ်လွှတ်ခြင်းဖြစ်သည်။အရင်တုန်းက ဝိညဉ်ကွင်းမရှိခြင်းနဲ့ အခုဝိညဉ်ကွင်းရှိခြင်း၏ ကွားခြားချက်မှာ အဖြူနဲ့အမဲလို အတော်လေး ကွာခြားသည်။ဒီမြက်ပင်လေးက သူ၏အသိစိတ်ကို တိုးချဲ့ပေးနိုင်ကြောင်း သူသိလိုက်ရသည်။၎င်းနဲ့ထိ‌ေတွ့မိသော အရာမှန်သမျှ၏ အချက်အလက်များကို သူ့ဆီသို့ ပြန်လည်ထုတ်လွှင့်ပေးလိမ့်မည်။အမှန်တော့ မြက်မြွေလေးဆီက စိတ်အားတတ်ကြွနေသော ခံစားချက်ကိုတောင် သူအာရုံခံနိုင်သည်။ဒီခံစားချက်က သူ မြက်မြွေနဲ့ ပေါင်းစပ်နေစဉ်ကထက် ပိုပြီး ရှင်းရှင်းလင်းလင်း ဖြစ်လာသည်။

Legend of the Dragon King (နဂါးဘုရင်ရဲ့ဒဏ္ဍာရီ)Where stories live. Discover now