Novel:Legend of the Dragon King
Author:Tang Jia San Shao
နဂါးဘုရင်ရဲ့ဒဏ္ဍာရီ
အခန်း(၄၃) ဒုတိယအဆင့်သဟဇာတဖြစ်ခြင်းမှာ ပန်းပဲပညာရှင်သည် သတ္တုအပိုင်းအစနှင့် ပုံသွင်းရင်း ဆက်သွယ်မှုကို တည်ဆောက်သည့်အခါ သူတို့နှစ်ဦးကြားပေါင်းစပ်ခြင်း အခြေအနေသို့ ရောက်ရှိသွားပြီဟု ဆိုလိုသည်။ထိုအခြေအနေမျိုးတွင် ထုလုပ်လိုက်သော သတ္တုတုံး၏အရည်အသွေးမှာ ပိုမိုမြင့်မားလာလိမ့်မည်။ပန်းပဲထုရာတွင် ပန်းပဲပညာရှင်၏ ခံစားချက်နှင့် အတွေးအခေါ်နှစ်မျိုးလုံး ပါဝင်သည်။
မူချန်သည် ပန်းပဲပညာအစည်းအရုံး၏ ဥက္ကဋ္ဌဖြစ်သော်လည်း ပန်းပဲအခန်းထဲသို့ မဝင်နိုင်ခဲ့ပေ။ပန်းပဲသမားတစ်ယောက်က စမ်းသပ်မှုကိုပြုလုပ်နေစဉ် မည်သူမှအခန်းထဲသို့ ဝင်ခွင့်မရှိပေ။အခန်းထဲသို့ဝင်လိုက်ပါက ပန်းပဲသမား၏ စိတ်အာရုံကို အနှောက်အယှက်ဖြစ်စေကာ စမ်းသပ်မှုကို ကျရှုံးသွားစေနိုင်သည်။ဒါကြောင့် မူချန်က အခန်းအပြင်ဝကနေပဲ ရပ်စောင့်နေခဲ့သည်။
ဘယ်လောက်တောင် စိတ်ဝင်စားဖို့ ကောင်းလိုက်လဲ!
မူချန်က အခန်းဝမှာရပ်စောင့်မနေတော့ဘဲ စားပွဲနားသို့ပြန်လာပြီး ဝန်ထမ်းကိုမေးလိုက်သည်။(စမ်းသပ်ခန်းနံပါတ်(၃)မှာ ဖြေဆိုနေသူက ဘယ်သူလဲ?)ဝန်ထမ်းက သူ့မေးခွန်းကိုပြန်ဖြေဖို့ စာရင်းဖိုင်ကို တစ်ချက်ပြန်စစ်ဆေးကြည့်လိုက်ပြီး အလျှင်အမြန်ပြန်ဖြေလိုက်သည်။(ဖြေဆိုသူ၏ နာမည်က ထန်ဝူလင်းပါ။ သူကအကြီးအကဲကန်ရဲ့ ထောက်ခံချက်နဲ့ ဒီကိုရောက်လာတာပါ။ သူက လောလောဆယ် စမ်းသပ်မှုကို ဖြေဆိုနေတုန်းပဲ ရှိပါသေးတယ်။)
သူက ပြောပြီးသည်နှင့် ထန်ဝူလင်း၏ဖိုင်မိတ္တူတစ်စောင်ကို မူချန်အား ပေးလိုက်သည်။အကြီးအကဲကန်၏ နာမည်ကိုကြားလိုက်သည့်အခါမှာ သူပြုံးလိုက်မိသည်။(အကြီးအကဲကန်ရဲ့ ထောက်ခံချက်ကို ရရှိထားသူကလွဲလို့ ဘယ်သူကများ စမ်းသပ်မူကို ဖြေဆိုနေစဉ်အတွင်းမှာ သဟဇာတအခြေအနေကို ဝင်ရောက်နိုင်မှာလဲ? ဒါကမထူးဆန်းတော့ပါဘူး။ အာ! သူ့ရဲ့အသက်က(၉)နှစ်လား?)
YOU ARE READING
Legend of the Dragon King (နဂါးဘုရင်ရဲ့ဒဏ္ဍာရီ)
FantasyI am only a translator of Tang Jia San Shao's Novel (Legend of the Dragon King)