Novel:Legend of the Dragon King
Author:Tang Jia San Shao
နဂါးဘုရင်ရဲ့ဒဏ္ဍာရီ
အခန်း(၃၉) အစားနဲ့ပတ်သက်ပြီးလည်း ငါ့ကိုအနိုင်ယူလို့မရဘူးထန်ဝူလင်းက ပြဿနာတစ်ခုကို ရှာတွေ့သွားသည်။၎င်းက ထိုင်နေတာထက် မတ်တတ်ရပ်ပြီးစားတာက သူပိုပြီးစားနိုင်တယ်ဆိုတာပဲ။
သူ့ဘေးနားမှာ လူတွေအများကြီး ဝိုင်းအုံလာကြသည်။
(ဒီကောင်ရဲ့ဗိုက်က အဲ့လောက်လည်း မကြီးပါဘူး။ ဒါကို ဘာလို့ဒီလောက်တောင် စားနိုင်ရတာလဲ? သူကစံချိန်ကိုတောင် ချိုးနိုင်တော့မယ်။ ငါတို့အလယ်လတ်အကယ်ဒမီရဲ့ ဘန်းကိတ်စံချိန်က(၄၃)ခုမလား? ဒီကောင် အခုဘယ်လောက်တောင်စားပြီးပြီလဲ?)
(သူက ဘန်းကိတ်(၄၅)ခုကို စားပြီးလို့ စံချိန်တောင် ချိုးပြီးပြီ။ ဘယ်လောက်တောင် ကြီးလိုက်တဲ့ အစာအိမ်လဲ! သူ့ပုံစံကြည့်ရတာ ဒီလောက်စားနိုင်မဲ့ပုံလည်း မပေါ်ပါဘူး။ ဘန်းကိတ်တစ်ခုကို လက်ဝါးအရွယ်အစားလောက်ရှိတယ်။ အကယ်ဒမီရဲ့ ဘန်းကိတ်တွေက အမြဲတမ်းဒီအရွယ်အစားတွေပါပဲ။)
ဇောင်ဇန်ရှီကတော့ ထန်ဝူလင်းကို မျက်လုံးပြူးပြီး ကြည့်နေသည်။သူဒီလောက်စားနိုင်မယ်လို့ သူဘယ်တုန်းကမှ မထင်ထားပါဘူး။သူကဗိုက်ပြည့်သည်အထိ ဗန်းကိတ်အခု(၂၀)ကိုသာ စားနိုင်သည်။
ဗန်းကိတ်ထဲကို ရိုးရိုးအသားနဲ့သာ အစာသွပ်ထည့်ထားပြီး အသီးရွက်ဟင်းချိုလည်း အဆစ်ပေးထားေသးသည်။ထန်ဝူလင်းက ဗန်းကိတ်ကိုစားရုံသာမကပဲ ဟင်းချိုကိုလည်း သောက်သေးသည်။သူက ဗန်းကိတ်ငါးလုံးစားပြီးတိုင်း ဟင်းချိုကို ပါးစပ်အပြည့်ဖြင့် မော့သောက်သေးသည်။သူ့ကိုကြည့်ရတာ တကယ်ကို ပျော်ရွှင်နေပုံရသည်။
လက်ဝါးအရွယ် ဗန်းကိတ်များမှာ တကယ်အရသာရှိသည်။ဗန်းကိတ်ထဲကို ကြီးမားသည့်အသားလုံးကြီးများ ပြွတ်သိပ်ထည့်ထားသည်။ဗန်းကိတ်တစ်လုံးကို ပါးစပ်ထဲထည့်လိုက်ပြီး တစ်ချက်ကိုက်လိုက်ရုံဖြင့် အသားလုံးထဲမှ အဆီများဟာ ဗန်းကိတ်ထဲစိမ့်ဝင်သွားပြီး ဝါးလိုက်ရုံနဲ့ ဗန်းကိတ်နှင့်အသားရဲ့အဆီအနှစ်တွေက အချိုးကျပေါင်းစပ်သွားသည်။ဒါက တကယ့်ကို အရသာရှိလွန်းသည်။
YOU ARE READING
Legend of the Dragon King (နဂါးဘုရင်ရဲ့ဒဏ္ဍာရီ)
FantasíaI am only a translator of Tang Jia San Shao's Novel (Legend of the Dragon King)