Novel:Legend of the Dragon King
Author:Tang Jia San Shao
နဂါးဘုရင်ရဲ့ဒဏ္ဍာရီ
အခန်း(၁၀) အနာဂတ်မှာငါမင်းကိုကာကွယ်ပေးမယ်ပါရမီရှင်တစ်ဦး၏ အရည်အချင်းသည် ပုံမှန်အားဖြင့် လူတစ်ယောက်၏ အသက်အရွယ်ပေါ်မူတည်ပြီး ကွဲပြားသွားသည်။
ကီလိုဂရမ်ငါးဆယ်စီ လေးလံသည့် သတ္တုတူနှစ်ချောင်းကို အကြိမ်တစ်ထောင်ပြည့်အောင် လွှမ်းယမ်းနိုင်တဲ့ ခြောက်နှစ်အရွယ် ကလေးတစ်ယောက်ကို ပါရမီရှင်လို့ခေါ်ထိုက်သည်။
ဒါပေမဲ့ မန်ထင်ကသူ့ကို ရပ်တန့်ဖို့ မပြောခဲ့ပါဘူး။အဲဒီ့အစား သူကဘေးနားမှာရပ်ေနပြီး ထန်ဝူလင်း ဆက်လက်ထုရိုက်နေတာကို တိတ်တဆိတ် ကြည့်နေခဲ့သည်။
သူ၏လှုပ်ရှားမှုများသည် တိုက်ရိုက်ထိမှန်ပြီး အားကောင်းသည်။သို့သော်လည်း ပြန်ကန်ထွက်လာသော တွန်းကန်အားကို လျော့ချပေးသော မည်သည့်နည်းစနစ်ကိုမှ အသုံးမပြုဘဲ လက်မောင်းအားကိုသာ အဓိကထားပြီး ထုရိုက်ခဲ့သည်။
အကြိမ်ငါးဆယ်၊ ရှစ်ဆယ်၊ တစ်ရာ
ချွေးသည် တစ်ဖန် ပြန်လည်စီးကျလာပြီး သူခံစားခဲ့ရသော နာကျင်မှုသည် ယခင်ကထက် ပိုနာကျင်လာခဲ့သည်။သူ၏ လက်နှစ်ဖက်လုံး ပူနွေးလာခဲ့သည်။သူကြိုးစားပြီး ထုရိုက်လိုက်သည့်အခါတိုင်း ဦးရေပြားက စတင်ရောင်ရမ်းလာခဲ့သည်။သို့သော်လည်း ထန်ဝူလင်းသည် အရှုံးမပေးဘဲ အားတင်းပြီး ဆက်လက်ထုရိုက်နေဆဲဖြစ်သည်။
အကြိမ်တစ်ရာ့ငါးဆယ်အထိ ထုရိုက်ပြီးချိန်မှာ ထန်ဝူလင်း၏ကိုယ်သည် စတင်ပြီး ယိမ်းယိုင်လာခဲ့သည်။သူ၏ အမြင်အာရုံသည် မှုန်ဝါးဝါးဖြစ်လာခဲ့သည်။သူ၏ လက်နှစ်ဖက်လုံး ရောင်ရမ်းလာပြီး နာကျင်ခြင်းသည် သူ့အတွက်အစိမ်းသက်သက် ဖြစ်နေသည်လို့ ခံစားနေရသော်လည်း အံကိုကြိတ်ပြီး ဆက်လက်ထုရိုက်နေခဲ့သည်။
(ငါသည်းခံနိုင်တယ်။ ငါဒီစာမေးပွဲကို ကျော်ဖြတ်နိုင်တယ်။ ငါဟာ ယောက်ျားတစ်ယောက်ပါ။ ဇွဲရှိခြင်းက အောင်မြင်မူဆီ အရောက်ပို့ပေးလိမ့်မယ်။) ထန်ဝူလင်း စိတ်ထဲကြုံးဝါးလိုက်သည်။
YOU ARE READING
Legend of the Dragon King (နဂါးဘုရင်ရဲ့ဒဏ္ဍာရီ)
FantasyI am only a translator of Tang Jia San Shao's Novel (Legend of the Dragon King)