Novel:Legend of the Dragon King
Author:Tang Jia San Shao
နဂါးဘုရင်ရဲ့ဒဏ္ဍာရီ
အခန်း(၇၇) ငါသူ့ကိုရင်ဆိုင်လိုက်မယ်!ရှဲရှဲက အနောက်သို့ဆုတ်ခွာရင်း ဂူအန်လုံ၏ကိုယ်ထဲမှ အားကောင်းသော အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာတာကို မြင်လိုက်ရသည်။
(ဝိညဉ်ကွင်းနှစ်ခု! အကြီးအကဲဝိညဉ်သခင်! ဒီလူရဲ့ ဝိညဉ်ခွန်အားက အဆင့်(၂၀)ကို ကျော်လွန်နေပြီး ဝိညဉ်ကွင်းနှစ်ခု အကြီးအကဲဝိညဉ်သခင်ပဲ!)
နတ်ဝိညဉ်နှစ်ခုက ဂူအန်လုံ၏ပခုံးပေါ်တွင် ထွက်ပေါ်လာသည်။တစ်ခုက မြေကြီးရောင်ဖွတ်တစ်ကောင်ဖြစ်ပြီး ကျန်တစ်ခုက သူ့ထက် အနည်းငယ်ပိုကြီးသော မီးခိုးရောင်ဖွတ်တစ်ကောင်ဖြစ်သည်။
ဝိညဉ်သခင်များတွင် ဝိညဉ်ကွင်းတစ်ခု ခြားနားခြင်းက သူတို့ကြားကအင်အားကို ကွာခြားသွားစေသည်။သူတို့ရဲ့ ဝိညဉ်ခွန်အားအဆင့်ပဲဖြစ်ဖြစ်၊ ဝိညဉ်ကွင်းပဲဖြစ်ဖြစ် ကွာခြားချက်က သိသာထင်ရှားသည်။
ဝိညဉ်ကွင်းတွေရဲ့စွမ်းအင်ကြောင့် ဂူအန်လုံ၏ခန္ဓာကိုယ်တစ်ခုလုံးက ကြီးထွားလာသည်။သူရဲ့ကြွက်သားတွေက ပိုကြီးလာပြီး အားအင်များဖြင့်ပြည့်နေသည်။သတ္တုအကြေးခွံတွေကြောင့် သူ့ရဲ့အသားရေက သတ္တုမီးခိုးရောင်အဖြစ် ပြောင်းလဲသွားသည်။သူ၏အသွင်အပြင်က ပိုပြီးရက်စက်ကြမ်းကြုတ်လာသည်။
(မင်းတို့လို ကလေးတွေက ဝိညဉ်သခင်တွေဖြစ်လိမ့်မယ်လို့ ငါမထင်ထားဘူး။ မင်းတို့က ငါ့ရဲ့အလုပ်မှာ ဝင်စွက်ဖက်ရဲတာ မဆန်းပါဘူး။ ဒီလိုဆိုမှတော့ ဒီကမင်းဖေဖေက ဘယ်လောက်စွမ်းလဲဆိုတာ ပြပေးရမှာပေါ့!) သူပြောပြီးသည်နှင့် ညာခြေဖြင့် မြေပြင်ပေါ်သို့ ဆောင့်ချလိုက်ပြီး ထန်ဝူလင်းဆီသို့ တဟုန်တိုးပြေးဝင်သွားသည်။
(ဝူလင်း၊ ဂရုစိုက်!)ဂူယွဲ့က လှမ်းပြီးသတိပေးလိုက်သည်။ရောင်ခြည်တန်းတစ်ခုက သူမ၏လက်ဖဝါးပေါ်မှ ထွက်ပေါ်လာပြီး ဂူအန်လုံရဲ့အောက်က မြေပြင်ကို ထိန်းချုပ်ဖို့ ကြိုးစားလိုက်သည်။
သို့သော်လည်း ဂူအန်လုံက သူ၏သိုင်းဝိညဉ်ကို ထုတ်လွှတ်ပြီးနောက် သူ၏တစ်ကိုယ်လုံးက ပြောင်းလဲသွားပြီး ခြိမ်းခြောက်နိုင်စွမ်းပိုရှိလာသည်။သူ၏ခြေဖဝါးအောက်မှ ထွက်ပေါ်လာသော ရွှံ့ဗွက်အိုင်ကို အလွယ်တကူ ရှောင်ရှားနိုင်ခဲ့သည်။ဂူယွဲ့မီးဘောလုံးဖြင့် တိုက်ခိုက်စဉ်ကလည်း သူ၏မာကျောသော အရေပြားဖြင့် ခုခံကာကွယ်နိုင်ခဲ့သည်။
YOU ARE READING
Legend of the Dragon King (နဂါးဘုရင်ရဲ့ဒဏ္ဍာရီ)
FantasyI am only a translator of Tang Jia San Shao's Novel (Legend of the Dragon King)