Novel:Legend of the Dragon King
Author:Tang Jia San Shao
နဂါးဘုရင်ရဲ့ဒဏ္ဍာရီ
အခန်း(၄၆) မာနကြီးသော ရေခဲမင်းသားလေးဝူဇန်ခုံးရဲ့ အေးစက်သောအသံက တစ်ခန်းလုံးကို ကြောက်ရွံ့သွားစေပြီး တိတ်ဆိတ်သွားစေခဲ့သည်။
(နောက်တစ်ယောက်)
(ငါ့...ငါ့နာမည်က ဇောင်ဇန်ရှီ၊ ငါ့ရဲ့သိုင်းဝိညဉ်က မျောက်ဝံကြီး၊ ဝိညဉ်ခွန်အားက အဆင့်(၁၁)၊ ငါ့ရဲ့ရည်မှန်းချက်က ခွန်အားအမျိုးအစား တိုက်ပွဲဝင်ဝိညဉ်သခင်တစ်ယောက်ဖြစ်လာဖို့။)
……(ရှဲရှဲ၊ အလင်းရောင်နဂါးဓားမြှောင်သိုင်းဝိညဉ်၊ ဝိညဉ်ခွန်အားအဆင့်(၁၈)၊ လျှင်မြန်မှုအမျိုးအစား တိုက်ပွဲဝင်ဝိညဉ်သခင်)
ဝိညဉ်ခွန်အားအဆင့်(၁၈) ဟူသောအသံထွက်ပေါ်လာသည်နှင့် တစ်ခန်းလုံးထိတ်လန့်သွားကြသည်။အသက်(၉)နှစ်တည်းနဲ့ ဝိညဉ်ခွန်အားက အဆင့်(၁၈)လား? ဒါကတကယ့်ပါရမီရှင်ပဲ! ဒါ့အပြင်သူက တိုက်ပွဲဝင်ဝိညဉ်သခင်တစ်ယောက်လည်း ဖြစ်ေနသေးသည်။သူသာနောက်နှစ်ဆင့်ကို ကျော်ဖြတ်ပြီးရင် အကြီးအကဲဝိညဉ်သခင်တစ်ယောက် ဖြစ်လာလိမ့်မည်။အသက်(၁၂)နှစ်မပြည့်ခင် အကြီးအကဲဝိညဉ်သခင်တစ်ယောက် ဖြစ်လာနိုင်သည့်သူကို ပါရမီရှင်လို့ခေါ်ကြသည်။
နောက်ဆုံး၌ အတန်းထဲတွင် အထူးခြားဆုံးကိစ္စမှာ ရှဲရှဲ၏ဝိညဉ်ခွန်အားအဆင့်သာဖြစ်သည်။အမှန်တော့ ကျောင်းသားအများစုမှာ ဝိညဉ်ခွန်အားအဆင့်(၁၁)ဖြင့် ဝင်ရောက်လာကြတာကြောင့် ယွမ်ရှောင်၏ဝိညဉ်ခွန်အားအဆင့်(၁၁)မှာ အတော်လေးမြင့်မားသည်ဟုဆိုနိုင်သည်။သိုင်းဝိညဉ်နဲ့ပတ်သက်လို့ တစ်ယောက်ချင်းစီမှာထူးခြားချက်များရှိသော်လည်း အစွမ်းမထက်ကြပေ။
သေချာတာတစ်ခုကတော့ ထန်ဝူလင်းရဲ့ငွေပြာရောင်မြက်သိုင်းဝိညဉ်က အခန်းထဲမှာ အဆိုးဆုံးဖြစ်နေတုန်းပါပဲ။ဒီအချက်က ဘယ်တော့မှ ပြောင်းလဲသွားမဲ့ပုံ မပေါ်ပါဘူး။(အတန်းတွေက မနက်ဖြန်မှ တရားဝင်စမှာ။ ပြီးတော့ ငါ့ရဲ့သင်ကြားပုံက အခြားဆရာတွေနဲ့မတူဘူး။ မင်းက နာကျင်ရမှာကိုကြောက်တယ်။ ပင်ပန်းနွမ်းနယ်မှုဒဏ်ကို မခံချင်ဘူးဆိုရင် အတန်းပြောင်းဖို့ နည်းလမ်းတစ်ခုခုကို အမြန်စဉ်းစားထား။ ဒါမှမဟုတ်လည်း ကျောင်းသာပြောင်းကြ။ ကျန်ခဲ့တဲ့သူတွေကိုတော့ သူတို့စိတ်ကိုသူတို့ ပြင်ဆင်ပြီးပြီလို့ ယူဆမယ်။ ဒီနေ့တော့ ဒါပဲ။ အတန်းဆင်းမယ်။)
YOU ARE READING
Legend of the Dragon King (နဂါးဘုရင်ရဲ့ဒဏ္ဍာရီ)
FantasiaI am only a translator of Tang Jia San Shao's Novel (Legend of the Dragon King)