နဂါးဘုရင်ရဲ့ဒဏ္ဍာရီ အခန်း(၄)

155 17 0
                                    

Novel:Legend of the Dragon King
Author:Tang Jia San Shao
နဂါးဘုရင်ရဲ့ဒဏ္ဍာရီ
အခန်း(၄) အကယ်ဒမီတွင်တတ်ရောက်ခြင်း

ထမင်းစားပွဲပေါ်က အစားစာအားလုံး လေဆင်နှာ‌ေမာင်းသဖွယ် သူတို့သားလေး၏ ဗိုက်ထဲရောက်သွား‌‌ေသာကြောင့် တန်ဇီရန်နဲ့ လန်ယွဲ့တို့ ဗိုက်ပြည့်အောင် မစားရတော့‌ေပ။ဒါတောင် တန်ဝူလင်းက ဗိုက်ဝအောင် မစားရသေးပါဘူး။

(သားလေး မင်းကဒဏ္ဍာရီထဲက အစားသောင်းကျန်းသူများလား?)တန်ဇီရန် အကူအညီမဲ့စွာ ပြောလိုက်သည်။နောက်ဆုံးတော့ စားပွဲပေါ်က အစားအစာအားလုံးမှာ တန်ဝူလင်း၏ဗိုက်ထဲ ရောက်သွားပြီ ဖြစ်သည်။လန်ယွဲ့မှာ သူမ၏သားကို ဘေးမဖြစ်စေရန် နောက်ထပ် မစားဖို့ တားမြစ်လိုက်သည်။

တန်ဝူလင်း သူ၏အဖေကို ပဟေဠိဆန်စွာ ကြည့်လိုက်သည်။(အဖေ သားကဘာကြောင့် အစားသောင်းကျန်းသူ ဖြစ်ရမှာလဲ?)

တန်ဇီရန်က ပြန်ပြောလိုက်သည်။(တကယ်တော့ အဖေသားကို မေးစရာတစ်ခုရှိတယ်။ သားက ဝိညဉ်သခင်အတန်းကို တတ်ချင်တာလား? ဒါမှမဟုတ် သာမန်အတန်းကိုတတ်ဖို့ အဖေကူညီပေးရမလား?)

တန်ဝူလင်းက ပြန်ဖြေလိုက်သည်။(အဖေ သားက ဝိညဉ်သခင်အတန်းကိုပဲ တတ်ချင်တာ! သားက ကျော်ကြားတဲ့ ဝိညဉ်သခင်ပဲဖြစ်ချင်တာ!)

တန်ဇီရန်က အသေအချာ ပြန်မေးလိုက်သည်။(သားရဲ့ သိုင်းဝိညဉ်က ငွေပြာရောင်မြက် သိုင်းဝိညဉ်နော်။ တန်ဂိုဏ်းတည်ထောင်သူဘိုးဘေးရဲ့ ဒဏ္ဍာရီတွေရှိရင်တောင် ငွေပြာရောင်မြက်သိုင်းဝိညဉ်က အရမ်းကို သာမန်ဆန်လွန်းတယ်။ ကျင့်ကြံခြင်းက သူများတွေထက်ပိုပြီး ခက်ခဲလိမ့်မယ်။ ပြီးတော့ စိန်ခေါ်မူတွေလဲ အများကြီးကြုံရလိမ့်မယ်။ ဒီလိုဆိုရင်ရော သားက ဒီလမ်းကို ဆက်လျှောက်အုံးမှာလား?)

(ဟုတ်တယ်...သားက ဝိညဉ်သခင်တစ်ယောက် ဖြစ်ချင်တယ်။ ဝိညဉ်သခင်ဖြစ်လာရင် ပိုက်ဆံတွေအများကြီးနဲ့ အရသာရှိတဲ့ အစားအစာတွေကို အဖေနဲ့အမေကို သားဝယ်ပေးမယ်။) တန်ဝူလင်းသည် ကလေးဆန်သော အိမ်မက်များဖြင့် ပြည့်နေသည်။လန်ယွဲ့ သူမ၏သားကို နီမြန်းနေသော မျက်လုံးများဖြင့်ကြည့်လိုက်ပြီး ဝူလင်းငယ်ငယ်တုန်းက လိမ္မာ‌ေရးခြားရှိပံုတွေကို ပြန်လည်သတိရသွားသည်။

Legend of the Dragon King (နဂါးဘုရင်ရဲ့ဒဏ္ဍာရီ)Where stories live. Discover now