Novel:Legend of the Dragon King
Author:Tang Jia San Shao
နဂါးဘုရင်ရဲ့ဒဏ္ဍာရီ
အခန်း(၅၈) အသက်ကို မွေးဖွားပေးခြင်းထန်ဝူလင်းသည် ပန်းပဲပညာအစည်းအရုံးထဲသို့ မဝင်ခင် အဆောက်အအုံထိပ်ဆံုးပေါ်က ဆိုင်းဘုတ်ကြီးပေါ်တွင် ထွင်းထုထားသော တူပုံသဏ္ဍန်ကြီးကို တစ်ချက်ကြည့်လိုက်သည်။သူက ဒီနေရာကို တစ်ခေါက်တည်းသာ ရောက်ခဲ့ဖူးသော်လည်း ဒီနေရာကို သူအတော်လေး သဘောကျနေသည်။
အရှေ့ပင်လယ်မြို့ကို သူရောက်ရှိပြီးသည့်နောက် ဒီနေရာတစ်ခုတည်းကသာ သူနဲ့ရင်းနှီးကျွမ်းဝင်သောနေရာဖြစ်သည်။ဒီနေရာက သူ့အား ယုံကြည်ချက်ပေးသော နေရာလည်းဖြစ်သည်။
ယွမ်ရှောင်လင်းသည် ကောင်တာနောက်တွင် မတ်တတ်ရပ်နေစဉ် ထန်ဝူလင်း အထဲသို့ဝင်လာတာကို သူမမြင်လိုက်သည်။အမှန်တော့ သူမ၏အထက်လူကြီးများက ထန်ဝူလင်းကို အထူးကြိုဆိုဖို့ မှာထားခြင်းဖြစ်သည်။
(ထန်ဝူလင်း၊ မင်းနောက်ဆုံးတော့ ရောက်လာပြီပဲ။) ယွမ်ရှောင်လင်းက ထန်ဝူလင်းဘေးနားသို့ အလျှင်အမြန် လျှောက်လာခဲ့ပြီး စပ်စုလိုသော အကြည့်များနှင့် သူ့ကိုပြုံးပြလိုက်သည်။
သူမက ဒီကလေးကို မစပ်စုချင်ဘဲ ဘယ်နေပါ့မလဲ?
သူက အသက်ကိုးနှစ်လေးနဲ့ ဒုတိယအဆင့်ပန်းပဲပညာရှင်တစ်ယောက် မဟုတ်လား!? သူကဘယ်လိုလုပ်ပြီး ဒီလိုစွမ်းဆောင်နိုင်ရတာလဲ?
မှတ်တမ်းတွေအရ သူက ပန်းပဲပညာအစည်းအရုံးဉက္ကဋ္ဌ၏ စံချိန်ကိုတောင် ချိုးဖြတ်နိုင်ခဲ့သည်။
ပန်းပဲပညာအစည်းအရုံးတွင် အသက်အငယ်ဆုံး ပထမအဆင့်ပန်းပဲပညာရှင်၏စံချိန်မှာ သူတို့၏လက်ရှိဉက္ကဋ္ဌက အသက်ရှစ်နှစ်ဖြင့် မှတ်တမ်းတင်နိုင်ခဲ့သည်။သို့သော်လည်း သူတို့၏ဉက္ကဋ္ဌက အသက်(၁၁)နှစ်မှ ဒုတိယအဆင့်ပန်းပဲပညာရှင်တစ်ယောက် ဖြစ်လာခဲ့သည်။ဒါကြောင့် သူတို့၏ဉက္ကဋ္ဌက ထန်ဝူလင်းထက်(၂)နှစ်တောင် နောက်ကျနေခဲ့သည်။
ပန်းပဲပညာအစည်းအရုံးက ဒီကလေးကို အတော်လေးတန်ဖိုးထားကြပြီး သူရောက်လာပြီဆိုတာနဲ့ သူတို့ဆီချက်ချင်းခေါ်လာဖို့ မှာထားသည်။
YOU ARE READING
Legend of the Dragon King (နဂါးဘုရင်ရဲ့ဒဏ္ဍာရီ)
FantasyI am only a translator of Tang Jia San Shao's Novel (Legend of the Dragon King)