နဂါးဘုရင်၏ဒဏ္ဍာရီ အခန်း (၉)

103 15 0
                                    

Novel:Legend of the Dragon King
Author:Tang Jia San Shao
နဂါးဘုရင်ရဲ့ဒဏ္ဍာရီ
အခန်း(၉) ပါရမီရှင်

(အထဲကို ဝင်လာခဲ့) မန်ထင်က ထန်ဝူလင်းကို ပြောလိုက်သည်။

(ဟုတ်)

ထန်ဝူလင်း ဦးလေးမန်ထင်နောက်ကနေလိုက်သွားပြီး ရှုပ်ပွနေသော အလုပ်ရုံခန်းမကျယ်ကြီးကို တွေ့လိုက်ရသည်။ခန်းမကြီးတစ်ခုလံုး သတ္တုအစိတ်အပိုင်းအမျိုးမျိုးဖြင့် ပြည့်နှက်နေသည်။ဘယ်လောက်တောင်များလဲဆိုတာ ထန်ဝူလင်း မရေတွက်နိုင်ခဲ့ပေ။သူတို့ထဲက အများစုမှာ ဝိညဉ်စက်ယန္တရားများနဲ့ သက်ဆိုင်သော အစိတ်အပိုင်းများဖြစ်ကြသည်။

မန်ထင်က မရပ်နားဘဲ အလုပ်ရုံထဲ ပိုမိုနက်ရှိုင်းစွာ လျှောက်လာခဲ့သည်။ထန်ဝူလင်းလည်း နောက်ကနေ သွက်သွက်ကလေး လျှောက်လာခဲ့သည်။

အလုပ်ရုံက ကြီးလည်းမကြီးသလို သေးလည်းမသေးပေ။ခန်းမကြီးကိုဖြတ်လျှောက်ပြီးနောက် မန်ထင်က ထန်ဝူလင်းကို အခန်းငယ်လေးတစ်ခုဆီ ခေါ်ဆောင်သွားခဲ့သည်။

အခန်းထဲတွင် ထန်ဝူလင်းထက် အနည်းငယ်ပိုမြင့်သော လက်သမားသုံး ခုံတန်းရှည်တစ်ခုရှိသည်။

မန်ထင်က အခန်းထဲတွင်ရပ်လိုက်ပြီး ထန်ဝူလင်းကို လှည့်ကြည့်လိုက်သည်။ (ပန်းပဲဘယ်လိုထုလုပ်လဲ မင်းသိလား?)

ထန်ဝူလင်းက ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်သည်။

မန်ထင်က မထူးမခြားပုံစံဖြင့် ပြန်ပြောလိုက်သည်။(အမှန်တော့ ငါအစက မင်းကိုလက်သင့်မခံချင်ခဲ့ဘူး။ မင်းက ငယ်ငယ်လေးပဲ ရှိသေးတယ်။ ပန်းပဲအလုပ်နဲ့မင်းနဲ့မအပ်စပ်ဘူး။ ဒါပေမဲ့ မင်းအဖေက မင်းကိုအခွင့်အရေးတစ်ခု ပေးကြည့်ဖို့ ငါ့ကိုတိုက်တွန်းခဲ့တယ်။ တကယ်လို့ ငါကမင်းကို သဘောမကျဘူးဆိုရင် မင်းဒီကနေထွက်သွားရမယ်။ အဲ့ဒီတော့မှ ငါ့ကို မျက်ရည်လာကျမပြနဲ့။ သဘောပေါက်လား?)

(ငါငိုမှာမဟုတ်ဘူး ဦးလေးမန်ထင်။) ထန်ဝူလင်းက အခိုင်အမာ ပြန်ငြင်းလိုက်သည်။

(ဒါက‌ ဒီနေ့မင်းလုပ်ရမဲ့ အလုပ်ပဲ) မန်ထင်က ဘေးဘက်ကိုညွှန်ပြရင်း ပြောလိုက်သည်။

ဘေးဘက်တွင် မီတာဝက်ခန့်မြင့်သော သတ္တုစားပွဲတစ်လံုးရှိသည်။စားပွဲအပေါ်ကို သတ္တုဖြင့်ပြုလုပ်ထားပြီး အောက်ဘက်တွင်ဝိညဉ်စက်ယန္တရားဖြင့် ပြုလုပ်ထားသော ဖန်သားပြင်တစ်ခုပါရှိသည်။

မန်ထင်သည် ဘေးမှသတ္တုတူနှစ်ချောင်းကို ကောက်ယူလိုက်ပြီး ထန်ဝူလင်းရှေ့ ထုတ်ပြလိုက်သည်။(ဟိုးက သတ္တုတုံးကိုမင်းမြင်လား? ဒီတူကိုသုံးပြီး အဲ့ဒါကို အကြိမ်တစ်ထောင် ပြည့်အောင်ထုရမယ်။ ဖန်သားပြင်‌ေပါ်မှာ မင်းလုံလောက်တဲ့အင်အားဖြင့် ထုလိုက်တဲ့အရေအတွက် ပေါ်လာလိမ့်မယ်။ တူကိုလွှဲယမ်းပြီး ထုရို်က်ဖို့ မင်းရဲ့အားကို အကုန်သုံးပြုရမယ်။ မင်းကဒီအလုပ်ကို ပြီးအောင်လုပ်နိုင်ရင် ငါမင်းကို ပန်းပဲပညာအကြောင်းသင်ပေးမယ်။ တကယ်လို့မင်းက ဒီတာဝန်ကို မပြီးမြောက်ရင် မနက်ဖြန်မင်းလာစရာ မလိုတော့ဘူး။)

Legend of the Dragon King (နဂါးဘုရင်ရဲ့ဒဏ္ဍာရီ)Where stories live. Discover now