Novel:Legend of the Dragon King
Author:Tang Jia San Shao
နဂါးဘုရင်ရဲ့ဒဏ္ဍာရီ
အခန်း(၅၀) ပထမဆုံးအတန်းတတ်ခြင်း(နောက်တစ်ကြိမ်ထပ်တိုက်ရအောင်!) ရှဲရှဲကထန်ဝူလင်းကြားအောင် အကြိမ်ကြိမ်ထပ်ခါထပ်ခါ ပြောနေသည်။
ထန်ဝူလင်းက ရှဲရှဲပြောတာတွေကို လျစ်လျူရှုလိုက်ပြီး ထမင်းစားဆောင်သို့ ဦးတည်သွားလိုက်သည်။
(မနေ့က ငါအစွမ်းကုန်ထုတ်ပြီး မတိုက်ခိုက်ခဲ့ဖူး! တကယ်လို့ မင်းငါနဲ့တိုက်ရင် မင်းရဲ့လျှို့ဝှက်ချက်ေတွကို ငါထုတ်မပြောဖူး!) ရှဲရှဲက ထန်ဝူလင်းကို ခြိမ်းခြောက်ပြီး ပြောလိုက်သည်။
(မင်းပြောချင်တာကို ပြော!) ထန်ဝူလင်းက သူ့ရဲ့ခြိမ်းခြောက်မှုကို ဂရုမစိုက်သလိုဖြင့် ပြန်ပြောလိုက်သည်။သူကိုယ်တိုင်တောင် ရွှေရောင်အကြေးခွံနဲ့ ပတ်သက်ပြီး ဘာမှမသိတာ သူကဘာလို့ကြောက်ရမှာလဲ?
(မင်း....)
(အစားစားချိန်မှာ ငါ့ကိုအနှောက်အယှက်လာမပေးနဲ့!) သူ့ရှေ့က ရှဲရှဲကို ယင်ကောင်မောင်းသလို မောင်းထုတ်လိုက်ပြီး တတိယပြတင်းပေါက်ဆီသို့ ဦးတည်သွားလိုက်သည်။
(ဟေး! ငါနဲ့လာတိုက်! ငါမင်းကိုပထမပြတင်းပေါက်က အစားစာဝယ်ကျွေးမယ်!) အကြံတစ်ခုက ရှဲရှဲ၏အသိစိတ်ထဲတွင် ချက်ချင်းပေါ်လာပြီးနောက် ထန်ဝူလင်းကို လှမ်းအော်ပြောလိုက်သည်။
တတိယပြတင်းပေါက်ဆီသို့သွားနေသည့် ထန်ဝူလင်းက ရုတ်တရက် အနောက်ကို ပြန်လှည့်ကြည့်လိုက်သည်။
(မင်းတကယ်ပြောေနတာလား?) သူက ပထမပြတင်းပေါက်မှ အစားစာတွေကို မနေ့ကတည်းက မြည်းစမ်းကြည့်ချင်နေသည်။ဒုတိယပြတင်းပေါက်မှ အစားစာတွေကို စားသုံးပြီးတဲ့နောက် ၎င်းကသူ၏ခန္ဓာကိုယ်အတွက် အများကြီးအကျိုးရှိစေတာကို သူသိလိုက်ရသည်။ဒီမနက်သူအိပ်ယာကနေ နိုးလာတုန်းက အရင်ကထက်ပိုပြီး သက်တောင့်သက်သာရှိနေသည်။သူ၏တစ်ကိုယ်လုံးရှိ ကြွက်သွားတိုင်းက ခွန်အားများဖြင့်ပြည့်နေတာကို သူခံစားနိုင်ခဲ့သည်။
(သေချာတာပေါ့!) ရှဲရှဲက ဂုဏ်ယူစွာဖြင့်ပြန်ဖြေလိုက်သည်။
YOU ARE READING
Legend of the Dragon King (နဂါးဘုရင်ရဲ့ဒဏ္ဍာရီ)
FantasiaI am only a translator of Tang Jia San Shao's Novel (Legend of the Dragon King)