Novel:Legend of the Dragon King
Author:Tang Jia San Shao
နဂါးဘုရင်ရဲ့ဒဏ္ဍာရီ
အခန်း( ၂၉ ) သန့်စင်ခြင်းကိုနားလည်ခြင်းထန်ဝူလင်းသည် အလွန်မောပန်းနေတာကြောင့် ကြမ်းပြင်ပေါ် ထိုင်ချလိုက်သည်။မန်ထင်သည် ကျွမ်းကျင်သူတစ်ယောက်လို သူ၏အိတ်ကပ်ထဲမှ ပလာစတာတစ်ခုကို ထုတ်ယူလိုက်ပြီး ထန်ဝူလင်း၏ လက်ကောက်ဝတ်မှ အနာပေါ်သို့ကပ်ပေးလိုက်သည်။
ပန်းပဲဆရာတစ်ဦးဖြစ်သူ မန်ထင်က ထန်ဝူလင်းကို ထူးဆန်းသောအကြည့်ဖြင့် ကြည့်လိုက်သည်။သူ၏ပါးစပ်မှာ အကြောင်းအရာတစ်ခုကို ဖွင့်ပြောချင်နေသလိုမျိုး အနည်းငယ်ဟနေသည်။
ပါရမီရှင်တစ်ဦးဟာ နောက်ဆုံးအချိန်ထိ ပါရမီရှင် ဖြစ်နေတုန်းပါပဲ။ထန်ဝူလင်းမှာ သူ့လိုမျိုး တူသိုင်းဝိညဉ်မရှိရင်တောင် အခြေအနေက ဘာမျှကွာခြားသွားမှာ မဟုတ်ပါဘူး။သူ၏မြင့်မားေသာ နားလည်သဘောပေါက်နိုင်စွမ်းက သူ၏အားနည်းချက်များကို ပြန်ဖာထေးပေးခဲ့သည်။
အကြိမ်တစ်ထောင်သန့်စင်ခြင်းသည် ပန်းပဲသမားအများစုအတွက် ကြီးမားသောစိန်ခေါ်မှုကြီးတစ်ခု ဖြစ်သည်။သို့သော်လည်း ၎င်းကို ကိုးနှစ်အရွယ်ကလေးတစ်ယောက်က အမှန်တကယ် အောင်မြင်အောင် ပြုလုပ်နိုင်ခဲ့သည်။ဒါက တကယ်ကို မယုံကြည်နိုင်စရာ ကိစ္စတစ်ခုပါပဲ။
ထန်ဇီရန်က အလျှင်အမြန် ပြေးလာပြီး သူ၏သားကို ကောက်ချီလိုက်သည်။
မန်ထင်က အချိန်အတော်ကြာ အတွေးလွန်နေခဲ့ပြီးနောက် သူစကားစပြောလိုက်သည်။(ပါရမီရှင်၊ မင်းဟာ တကယ့်ပါရမီရှင်တစ်ယောက်ပဲ။ ဝူလင်း၊ ဒီနေ့ခံစားချက်ကို မင်းအမြဲသတိရနေရမယ်။ မင်းအတွက် ဒါကအစပဲရှိသေးတယ်။ ဒီနေ့ မင်းဟာ ပန်းပဲပညာရှင်လောကကို ပထမဆုံး တုန်လှုပ်သွားစေခဲ့တယ်။)
ကံမကောင်းစွာနဲ့ ထန်ဝူလင်းသည် ငါးနာရီကြာအောင် ပန်းပဲထုခဲ့ရတာကြောင့် သူ၏ခွန်အား အားလုံးကို ကုန်ဆုံးသွားစေခဲ့သည်။ဒါကြောင့် သူ့ဆရာပြောလိုက်သော စကားများကို သူမကြားလိုက်ရပေ။သူ့ကိုပွေ့ဖက်ထားသည့် သူ့အဖေရဲ့ ရင်ခွင်ထဲမှာပဲ သူအိပ်ပျော်သွားခဲ့သည်။
YOU ARE READING
Legend of the Dragon King (နဂါးဘုရင်ရဲ့ဒဏ္ဍာရီ)
FantasyI am only a translator of Tang Jia San Shao's Novel (Legend of the Dragon King)