Novel:Legend of the Dragon King
Author:Tang Jia San Shao
နဂါးဘုရင်ရဲ့ဒဏ္ဍာရီ
အခန်း(၆၉) စိတ်ဝိညဉ်ဖွင့်လှစ်ခြင်းနယ်ပယ်ထန်ဝူလင်း၏ အာရုံစူးစိုက်မှုက နယ်ပယ်တစ်ခုသို့ ဝင်ရောက်သွားပြီးနောက် သူကအရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်လာသည်။အကယ်၍ သူသာအနောက်သို့ ဆုတ်သွားလျှင် သူ၏ဘယ်ဘက်လက်က သတ္တုတူသည် သူ၏ဆရာထံသို့ မရောက်နိုင်ကြောင်း သူသိသည်။
ဒါကြောင့် သူ၏ဘယ်ဘက်လက်က သတ္တုတူကို ဖြေလျော့လိုက်ပြီး ဝူဇန်ခုံးဆီသို့ အားဖြင့်ပစ်လွှတ်လိုက်သည်။
ဝူဇန်ခုံးက လျှပ်တပြက် သူ၏သစ်သားဓားကို အလျားလိုက်ထောင်ထားလိုက်ပြီး ထန်ဝူလင်း၏ ပျံသန်းလာသော သတ္တုတူကို ကာကွယ်လိုက်သည်။
အမှန်တော့ ဝူဇန်ခုံး၏ သိုင်းဝိညဉ်မှာ ဓားတစ်ချောင်းဖြစ်သည်။သူက " ဓားတစ်ချောင်းဖြင့် နည်းစနစ်အားလုံးကို ပိုင်းဖြတ်ခြင်း "နယ်ပယ်သို့ ရောက်ရှိရန် လေ့ကျင့်နေခဲ့သည်။ဒါကြောင့် ဝူဇန်ခုံးက မည်သည့်နည်းစနစ်ဖြင့် တိုက်ခိုက်ပါစေ၊ သို့မဟုတ် မည်သည့်ပြိုင်ဘက်နှင့် ရင်ဆိုင်ရပါစေ သူ၏ဓားကိုသာ အသုံးပြုရန် ရွေးချယ်ခဲ့သည်။
သို့သော်လည်း ထိုအချိန်တွင် ဝူဇန်ခုံးက အခက်တွေ့နေခဲ့သည်။
တူနှင့်ဓားထိမိသွားချိန်တွင် ပြင်းထန်သော အားလှိုင်းတစ်ခုက သူ၏သစ်သားဓားအပေါ်သို့ ကူးပြောင်းလာကြောင်း သူခံစားရလိုက်သည်။ထန်ဝူလင်း၏ ခွန်အားက သူ့ကို မယှဉ်ပြိုင်နိုင်သော်လည်း သူက သိုင်းဝိညဉ်ကို အသုံးမပြုထားသလို ဝိညဉ်ခွန်အားကိုလည်း အနည်းငယ်လေးသာ အသုံးပြုထားသည်။ဝူဇန်ခုံးသည် သူ၏သစ်သားဓားက ကျိုးပဲ့လုနီပါးဖြစ်နေသည်ကို ခံစားရလိုက်သည်။
သစ်သားဓားမှ အားလှိုင်းတစ်ခုက နောက်ထပ်တစ်ကြိမ် စီးဝင်လာတာကို သူခံစားမိလိုက်တဲ့အခါ သူ၏ဝိညဉ်ခွန်အားကို စုဆောင်းဖို့တောင် အခွင့်အရေးမရခဲ့ပေ။
ခရက်! သူ၏သစ်သားဓားက ကျိုးပဲ့သွားခဲ့ပြီး ငွေဖြူရောင် သတ္တုတူက သူ၏ဦးတည်ရာ လမ်းကြောင်းအတိုင်း ပျံသန်းလာခဲ့သည်။
YOU ARE READING
Legend of the Dragon King (နဂါးဘုရင်ရဲ့ဒဏ္ဍာရီ)
FantasyI am only a translator of Tang Jia San Shao's Novel (Legend of the Dragon King)