နဂါးဘုရင်ရဲ့ဒဏ္ဍာရီ အခန်း(၃၀)

72 6 0
                                    

Novel:Legend of the Dragon King
Author:Tang Jia San Shao
နဂါးဘုရင်ရဲ့ဒဏ္ဍာရီ
အခန်း(၃၀) သွေးဖြင့်စတေးသော အကြိမ်တစ်ထောင်သန့်စင်ခြင်း

အမှန်တော့ မန်ထင်က မပြောရင်တောင် ထန်ဝူလင်းက သူ့ရဲ့လက်ရာကို စစ်ဆေးဖို့ ပန်းပဲစင်ရှေ့ ရောက်နှင့်နေပြီ။

မူလပုံစံနှင့် နှိုင်းယှဉ်လျှင် သတ္တုတုံး၏ပုံစံမှာ ပိုကျု‌ံ့ဝင်သွားပြီး အဝိုင်းပုံသဏ္ဍန် ပြောင်းလဲသွားသည်။မူလက ငွေရောင်တောက်ပြောင်နေသော်လည်း ယခုတော့ မီးခိုးမှိုင်းရောင် ပြောင်းလဲသွားသည်။သတ္တုတုံးအပေါ် ထန်ဝူလင်း၏ ပထမဆံုးအမြင်မှာ သိမ့်မွေ့နက်နဲခြင်း၊ တမူထူခြားပြီး ရိုးရှင်းသော အရည်အသွေးကို ပိုင်ဆိုင်ထားသည်။

မီးခိုးရောင် သတ္တုတုံး၏မျက်နှာပြင်ပေါ်တွင် လှိုင်းပုံစံအလွှာ‌ေလးများက အဆုံးမဲ့စွာတည်ရှိနေပြီး အကန့်သတ်မဲ့သော အသက်စွမ်းအင်ကို ကိုယ်စားပြုသည်။ပိုပြီးအံ့အောဖွယ်ကောင်းတာက သူက သတ္တုတုံးကို ကြည့်လိုက်တဲ့အခါမှာ သူနဲ့ သတ္တုအကြားမှာ ဆက်နွယ်မှုတစ်ခုရှိနေသလိုမျိုး ခံစားနေရသည်။

ဤခံစားချက်သည် အလွန်ထူးဆန်းသည်။သူက သတ္တု၏အစိတ်အပိုင်းတစ်ခု ဖြစ်နေသလိုမျိုး ခံစားနေရသည်။

မန်ထင်၏အသံက သူ၏နောက်ကျောမှ ထွက်ပေါ်လာခဲ့သည်။(အရိုးသားဆုံးပြောရရင် ပထမဆုံးအကြိမ် ကြိုးစားကြည့်ရုံနဲ့ မင်းအောင်မြင်သွားလိမ့်မယ်လို့ ငါမထင်ထားဘူး။ မင်းရဲ့ ခန္ဓာကိုယ်နဲ့ ၎င်းရဲ့ရုပ်ပိုင်းဆိုင်ရာ ခွန်အားတွေက ‌မင်းကိုအခုလိုအောင်မြင်အောင် အကူညီပေးခဲ့တာပဲ။ အရေးကြီးဆုံးကတော့ သတ္တုတုံးကို သန့်စင်နေချိန်မှာ သတ္တုကြားက ဆက်သွယ်မှုကို မင်းနားလည်သွားတာကြောင့်ပဲ။ ငါကအရည်အချင်းမရှိတဲ့လူကို ဘယ်တော့မှ အသိအမှတ်မပြုဘူး။ ဒီတော့ မင်းကို ပါရမီရှင်လို့ ခေါ်ထိုက်တယ်။ မင်းရဲ့သိုင်းဝိညဉ်က ပန်းပဲထုဖို့မသင့်တော်ပေမဲ့ မင်းရဲ့မြင်မားတဲ့ နားလည်သဘောပေါက်နိုင်စွမ်းနဲ့ မွေးရာပါနတ်ဘုရားခွန်အားတွေက အဲ့ဒီကွာဟချက်တွေထက်တောင် ကျော်လွန်နေခဲ့တယ်။)
  
ထန်ဇီရန်က သူ့သူငယ်ချင်း မန်ထင်ကို အံ့အောသော အကြည့်များဖြင့် ကြည့်လိုက်သည်။သူက မန်ထင်အကြောင်းကို ကောင်းကောင်းကြီး နားလည်သည်။သူ၏အေးစက်သော စရိုက်လက္ခဏာနဲ့အညီ တစ်စုံတစ်ယောက်ကို ချီးကျူးသည်မှာ အင်မတန်ရှားသည်။
    
(မန်ထင်၊ ငါ့သားကို ဒီလောက်ထိလည်း မြှောက်ပြောနေစရာမလိုပါဘူး။) ထန်ဇီရန်က ရယ်‌ေမာရင်း ပြောလိုက်သည်။

Legend of the Dragon King (နဂါးဘုရင်ရဲ့ဒဏ္ဍာရီ)Where stories live. Discover now